1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။

عن ابن عباس رضي الله عنهما:
كان النبي صلى الله عليه وسلم يقول بين السجدتين: «اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي».

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။

حسن بشواهده رواه أبو داود والترمذي وابن ماجه وأحمد سنن أبي داود - 850

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်၌ စဂ်ျဒဟ်နှစ်ခုကြားတွင် ဤတောင်းဆုတော်ငါးခုကို အမြဲတမ်းတောင်းခံလေ့ရှိသည်။ ထိုတောင်းဆုတော်များသည် မွတ်စ်လင်မ်များအတွက် အလွန်လိုအပ်သော တောင်းဆုများဖြစ်သည်။ ထိုတောင်းဆုတော်များတွင် လောကီ၊ လောကုတ္တရာ နှစ်ဌာန၏ ကောင်းခြင်းများဖြစ်သည့် ခွင့်လွှတ်မှုချီးမြှင့်ပေးတော်မူရန်၊ အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးကာ လွတ် ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူရန်၊ ကရုဏာတော်များ အပြည့်အဝချီးမြှင့်ပေးသနားရန်၊ သံသယဖြစ်ဖွယ်ကိစ္စရပ်များ၊ ပျက်စီးဒုက္ခရောက်စေသည့် အလိုရမ္မက်များ၊ ရောဂါများမှကင်းစင်ကာ အေးချမ်းသာယာမှုကို ချီးမြှင့်တော်မူရန်တို့ပါရှိသည်။ ထို့အတူ ဟိဒါယသ် လမ်းမှန်တရား ချီးမြှင့်တော်မူပြီး ယင်းအပေါ် စွဲမြဲစွာရပ်တည်နိုင်ရန်နှင့် အီမာန်ယုံကြည်မှု၊ အသိပညာ၊ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများ၊ သန့်ပြန့်သည့် ဟလာလ်ပစ္စည်းများကို ချီးမြှင့်ပေးသနားရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းများ ပါရှိသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စဂ်ျဒဟ် နှစ်ခုကြား၌ ထိုင်သည့်အခါ ဤဒုအာကို တောင်းခံရန် တရားတော်က ပြဌာန်းထားသည်။
  2. လောကီ၊ လောကုတ္တရာ နှစ်ဌာန၏ ကောင်းခြင်းများပါရှိသော ဤတောင်းဆုတော်၏ မွန်မြတ်မှုကို ဖော်ပြထားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

63 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية