1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။

عَنْ حُذَيْفَةَ رضي الله عنه قَالَ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا قَامَ مِنَ اللَّيْلِ يَشُوصُ فَاهُ بِالسِّوَاكِ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဟုဇိုင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ညအချိန် (သဟဒ်ဂျုဒ်ဆွလာသ်ဝတ်ပြုရန်အတွက်) နိုးထတော်မူသောအခါတိုင်း တံပူဖြင့် မိမိပါးစပ်(သွား)ကို တိုက်တော်မူလေ့ရှိသည်။

صحيح متفق عليه صحيح البخاري - 245

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် တံပူ ( မိစ်ဝါးက်) ဖြင့်သွားတိုက်ခြင်းကို မကြာခဏ ပြုလုပ်တတ်ပြီး ထိုသို့ပြုလုပ်ရန်လည်းအမိန့်ပေးတော်မူသည်။ ထိုအလေ့အထသည် အချို့အချိန်များတွင် အထူးပင် အားပေးထားသည်ကို တွေ့ရသည်။ ယင်းအချိန်များအနက်တစ်ခုမှာ ညအချိန် နိုးထသောအခါ မိစ်ဝါက်တံပူစားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ထိုအချိန်တွင် မိစ်ဝါးက်တံပူဖြင့် မိမိပါးစပ်ကို ကောင်းစွာ ပွတ်တိုက်၍ သန့်ရှင်းစေတတ်သောကြောင့် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ညအိပ်ပြီးနောက် (နိုးထလာချိန်တွင်) မိစ်ဝါးက်တံပူစားခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်း အတည်ပြုထားခြင်း။ အဘယ် ကြောင့်ဆိုသော် အိပ်ပျော်ခြင်းသည် ပါးစပ်ရဲ့အနံ့ကို ပြောင်းလွဲ‌စေသည့် (အနံဆိုးထွက်စေသည့်) အကြောင်းရင်းတစ်ခု ဖြစ်သောကြောင့်ဖြစ်ပြီး၊ မိစ်ဝါးက်တံပူသည် သန့်ရှင်းရေးကိရိယာတစ်မျိုး ဖြစ်သောကြောင့် ဖြစ်သည်။
  2. ပါးစပ်တွင် အနံ့ဆိုးထွက်စေသည့် အပြောင်းအလဲတစ်ခုခုဖြစ်သည့်အခါတိုင်း မိစ်ဝါးက်တံပူစားခြင်းသည် မွတ်စ်သဟဗ်ဖြစ်ကြောင်း အတည်ပြုထားပြီး ယင်းအား အထက်တွင်ဖော်ပြခဲ့သည့် အဓိပ္ပါယ်အလိုသဘောမှ ယူထားခြင်း ဖြစ်သည်။
  3. ယေဘုယျအားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းသည် တရားတော်၏ပြဌာန်းချက်ဖြစ်ကြောင်း အတည်ပြုထားခြင်း။ ထိုသန့်ရှင်းစင်ကြယ်မှုသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ စွန္နသ်လမ်းစဉ်မှ ဖြစ်ပြီး၊ မြင့်မြတ်သော လောကီကျင့်ဝတ်များအနက်မှလည်း ဖြစ်သည်။
  4. ပါးစပ်တစ်ခုလုံးအား မိစ်ဝါးက်ဖြင့်တံပူစားခြင်းတွင် သွားများ၊ သွားဖုံးများနှင့် လျှာတို့ ပါဝင်သည်။
  5. စိဝါးက်(တံပူ) ဆိုသည်မှာ 'အရာက်' ဟုခေါ်သည့် သစ်ပင်တစ်မျိုး (သို့) အခြားသစ်ပင်များမှ ဖြတ်ယူထားသော တုတ်ချောင်းတစ်မျိုး ဖြစ်ပြီး ခံတွင်းနှင့် သွားများကို သန့်ရှင်းရန် အသုံးပြုသည်။ ထို့အပြင် ခံတွင်းကို မွှေးကြိုင်စေပြီး ဆိုးရွားသော အနံ့များကို ဖယ်ရှားပေးသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

53 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية