1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် - “ဧကန်စင်စစ် ဤအရာနှစ်ခုသည် ကျွန်ုပ် ၏အမျိုးသားတို့အပေါ်၌ ဟရာမ် (တားမြစ်ထားသည့်အရာ) ဖြစ်ပြီး၊ ၎င်းတို့၏ အမျိုးသမီးများအတွက်မူ ဟလာလ် (ခွင့်ပြုထားသည့်အရာ) ဖြစ်၏။

عَن عَلِيٍّ بْنِ أَبِي طَالِبٍ رَضيَ اللهُ عنه قَالَ:
أَخَذَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ حَرِيرًا بِشِمَالِهِ، وَذَهَبًا بِيَمِينِهِ، ثُمَّ رَفَعَ بِهِمَا يَدَيْهِ، فَقَالَ: «إِنَّ هَذَيْنِ حَرَامٌ عَلَى ذُكُورِ أُمَّتِي، حِلٌّ لِإِنَاثِهِمْ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အလီ ဗင်န် အဗူသွာလိဗ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ပိုးထည်ကို မိမိ၏ဘယ်လက်တွင်လည်းကောင်း၊ ရွှေကို ညာလက်တွင်လည်းကောင်း ကိုင်တွယ်ကာ၊ ထိုနှစ်အရာနှစ်ခုကို မိမိ၏ လက်နှစ်ဖက်ဖြင့် မြှောက်ပြလျက် မိန့်ကြားတော်မူသည်မှာ - “ဧကန်စင်စစ် ဤအရာနှစ်ခုသည် ကျွန်ုပ် ၏အမျိုးသားတို့အပေါ်၌ ဟရာမ် (တားမြစ်ထားသည့်အရာ) ဖြစ်ပြီး၊ ၎င်းတို့၏ အမျိုးသမီးများအတွက်မူ ဟလာလ် (ခွင့်ပြုထားသည့်အရာ) ဖြစ်၏။

صحيح رواه أبو داود والنسائي وابن ماجه سنن ابن ماجه - 3595

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ပိုးထည် သို့မဟုတ် ပိုးထည်အစတစ်စကို ဘယ်ဘက်လက်ဖြင့်လည်းကောင်း၊ လက်ဝတ်တန်ဆာ သို့မဟုတ် အလားတူသည့်အရာထဲမှ ရွှေကို ညာဘက်လက်ဖြင့်လည်းကောင်း ကိုင်တွယ်ကာ ဤပိုးထည်နှင့်‌ရွှေသည် အမျိုးသားများအတွက် ဝတ်ဆင်ခြင်း ဟရာမ်ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက်မူ ဝတ်ဆင်ခြင်း ဟလာလ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ပညာရှင်ကြီး စင်ဒီက မိန့်ဆိုသည်မှာ (ဟရာမ်) ဟုဆိုရာတွင် ဤပစ္စည်းနှစ်မျိုးကို ဝတ်ဆင်ရာတွင် အသုံးပြုခြင်းကို ဆိုလိုသည်။ သို့သော် ယင်းပစ္စည်းများကို လဲလှယ်ခြင်း၊ သုံးစွဲခြင်း၊ အရောင်း အဝယ်လုပ်ခြင်းသည် အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ခွင့်ပြုထားသည်။ ရွှေကို ခွက်၊ ပန်းကန်ပြုလုပ်၍ အသုံးပြုခြင်းမှာမူ အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် ဟရာမ်ဖြစ်သည်။
  2. အလှဆင်ခြင်းနှင့် အလားတူ လိုအပ်ချက်များအတွက် အမျိုးသမီးများအ‌ပေါ် အစ္စလာမ့်တရားတော် ၏ (ခွင့်ပြုချက်များအား) ကျယ်ဝန်းစေခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

53 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية