1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။

عَن ابنِ عباسٍ رضي الله عنهما أنَّ رسولَ اللهِ صلي الله عليه وسلم قال:
«لَو يُعطَى النّاسُ بدَعواهُم لادَّعَى رِجالٌ أموالَ قَومٍ ودِماءَهُم، لَكِنَّ البَيِّنَةَ على المُدَّعِى، واليَمينَ على مَن أنكَرَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"လူတို့အား ၎င်းတို့တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားစွဲသူသည် ခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ စွဲချက်ကို ငြင်းပယ်သူသည် ကျိန်၍ငြင်းရမည်။

حسن رواه البيهقي وغيره هكذا وبعضه في الصحيحين الأربعون النووية - 33

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းစွာမိန့်ကြားတော်မူသည်မှာ မည်သူ့ကိုမဆို သက်သေအ‌ထောက်အထားမရှိဘဲ တရားစွဲသည့်အတိုင်းပေးကမ်းရမည်ဆိုပါက အချို့သောသူများသည် သူတစ်ပါး၏ ပစ္စည်းဥစ္စာနှင့် အသက်‌သွေးများကိုပါ ရရှိနိုင်ရန်တရားစွဲလာကြလိမ့်မည်။ သို့သော် တရားလိုသည် မိမိတင်လိုက်သည့်စွဲချက်အားခိုင်လုံသည့် သက်သေအထောက်အထားပြရန်အရေးကြီးသည်။ အကယ်၍တရားလိုသည် အထောက်အထားမပြနိုင်ပါက စွပ်စွဲခံရသူအား စွပ်စွဲချက်နှင့်စပ်လျဉ်း၍မေးမြန်းရမည်။ ထိုသို့မေးမြန်းသောအခါ စွပ်စွဲခံရသူက ငြင်းပယ်လျှင်စွပ်စွဲခံရသူသည် ကျိန်ဆိုပြီးနောက် ပြစ်မှုမှလွတ်မြောက်မည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိဗ်ုဒကီးကုလ်အီးဒ် ကဆိုသည်မှာ ဤ‌ဟဒီးဆ်တော်သည် အမိန့်ပညတ်ချက်များ၏အခြေခံများအနက်မှ အခြေခံတစ်ရပ်ဖြစ်သည်။ အငြင်းပွါးခြင်း၊ အခြေအတင်ဖြစ်ခြင်းများဖြစ်ပေါ်လာသောအခါ ကိုးကားရမည့် အကြီးမားဆုံးသော ကိုးကားချက်ပင်ဖြစ်သည်။
  2. အစ္စလာမ့်တရားဥပဒေသည် လူသားများ၏ ဥစ္စာပစ္စည်း၊ အသက်နှင့်သွေးတို့ကို လိမ်လည်လှည့်ဖြားမှု မှ ကာကွယ်ရန် လာရှိခဲ့သည်။
  3. တရားသူကြီးသည် မိမိ၏အသိပညာဖြင့် စီရင်ခြင်းမပြုဘဲ သက်သေအထောက်အထားများကိုသာ ကိုးကားရမည်။
  4. အခွင့်အရေးများနှင့်စီးပွားရေးလုပ်ငန်းများ၌ဖြစ်စေ၊ အီမာန်ယုံကြည်မှုနှင့် သာသနာ့ပညာ၌ဖြစ်စေ မည်သည့်သက်သေအထောက်အထားမှမရှိ‌သောတရားစွဲဆိုသူတို့၏တရားစွဲမှုတိုင်းသည် ပယ်ချခြင်းခံရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

57 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو