1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း

عَنْ مَعْدَانَ بْنِ أَبِي طَلْحَةَ الْيَعْمَرِيُّ قَالَ:
لَقِيتُ ثَوْبَانَ مَوْلَى رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقُلْتُ: أَخْبِرْنِي بِعَمَلٍ أَعْمَلُهُ يُدْخِلُنِي اللهُ بِهِ الْجَنَّةَ؟ أَوْ قَالَ قُلْتُ: بِأَحَبِّ الْأَعْمَالِ إِلَى اللهِ، فَسَكَتَ. ثُمَّ سَأَلْتُهُ فَسَكَتَ. ثُمَّ سَأَلْتُهُ الثَّالِثَةَ فَقَالَ: سَأَلْتُ عَنْ ذَلِكَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَقَالَ: «عَلَيْكَ بِكَثْرَةِ السُّجُودِ لِلَّهِ، فَإِنَّكَ لَا تَسْجُدُ لِلَّهِ سَجْدَةً، إِلَّا رَفَعَكَ اللهُ بِهَا دَرَجَةً، وَحَطَّ عَنْكَ بِهَا خَطِيئَةً» قَالَ مَعْدَانُ: ثُمَّ لَقِيتُ أَبَا الدَّرْدَاءِ فَسَأَلْتُهُ فَقَالَ لِي: مِثْلَ مَا قَالَ لِي: ثَوْبَانُ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မအ်ဒါးန် ဗင်န် အဗူသွလ်ဟဟ် ယအ်မရီ က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ သူကောင်းပြုထားသော ကျွန် စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး ဤသို့ ပြောဆိုလျှောက်ထားခဲ့သည်- အမလ်ကျင့်စဥ်တစ်ခုကို ကျွန်ုပ်အား ပြောပြပါ။ ယင်းအမလ်ကို ကျွန်ုပ်ကျင့်ကြံခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စံမြန်းစေတော်မူမည်။ သို့မဟုတ် ဆင့်ပြန်သူက ပြောပြသည်။ အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးသော အမလ်ကျင့်စဥ်ကို ကျွန်ုပ်အားပြောပြပါ။ထိုအခါ ၎င်း (စောင်ဝ်ဗားန် (ရဿွိယလ္လာဟုအန်ဟု)) က ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်က ထပ်မံမေးမြန်းပြန်သော် ၎င်းသည် ထပ်မံ၍ ဆိတ်ဆိတ်နေခဲ့သည်။ ကျွန်ုပ်သည် တတိယအကြိမ် မေးမြန်းပြန်သော်အခါ ၎င်းက ဤသို့ပြောဆိုသည်။ ကျွန်ုပ်သည် ထိုအကြောင်းအရာနှင့်စပ်လျဉ်း၍ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံလျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ဤသို့ မိန့်ကြားတော်မူခဲ့သည်- “အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်ဦးချမှုများစွာပြုလုပ်ပါလေ။အကြောင်းမှာ အသင်သည် အလ္လာဟ်အရှင်မြတ်အား စဂ်ျဒဟ်တစ်ကြိမ်ဦးချလျှင် အလ္လာဟ်အရှင်မြတ်က ထိုစဂ်ျဒဟ်တစ်ကြိမ်ဦးချမှုကြောင့် အသင့်အား အဆင့်အ တန်းတစ်ခု မြှင့်တင်ပေးတော်မူပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ဖယ်ရှား(ခွင့်လွှတ်) ပေးတော်မူမည် ဖြစ်သောကြောင့်တည်း။” မအ်ဒါးန်က ဆက်လက်ပြောကြားသည်- ထို့နောက် ကျွန်ုပ်သည် အဘူဒဒ်ရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု) နှင့် တွေ့ဆုံခဲ့ပြီး သူ့အား (ထိုနည်းတူ)မေးမြန်းခဲ့ရာ ၎င်းသည်ကျွန်ုပ်အား စောင်ဝ်ဗါးန် (ရဿွိယလ္လာဟုအန်ဟု) ကကျွန်ုပ်အား ပြောခဲ့သည့်အတိုင်းပင် ပြောပြခဲ့သည်။

صحيح رواه مسلم صحيح مسلم - 488

ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်စေနိုင်သော သို့မဟုတ် အလ္လာဟ်အရှင်မြတ် အနှစ်သက်ဆုံးဖြစ်သော အမလ်တစ်ခုအကြောင်း မေးမြန်းခြင်းခံရတော်မူသည်။
ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က “အသင်သည် ဆွလားသ်ဝတ်ပြုရာတွင် များမြောင်စွာ စဂျ်ဒဟ်ပြုလုပ်ပါလေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် အသင်ပြုလုပ်ခဲ့သည် စဂ်ျဒဟ်တစ်ကြိမ်တိုင်းအတွက် အလ္လာဟ်အရှင်မြတ်သည် အသင့်အား အဆင့်တစ်ဆင့်မြှင့်တင်ပေးတော်မူမည် ဖြစ်ပြီး အသင့်ထံမှ ပြစ်မှုတစ်ခုကို ခွင့်လွှတ်တော်မူမည် ဖြစ်သောကြောင့်တည်း” ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တစ်ဦးအား ဖရဿ်ဆွလာသ်ဖြစ်စေ၊ နဖိလ် ဆွလာသ်ဖြစ်စေ၊ ဝတ်ပြုခြင်းကို အလေးထားရန် တိုက်တွန်းနှိုးဆော်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ဆွလားသ်များတွင် စဂ်ျဒဟ်ဦးချမှုများ ပါဝင်သောကြောင့် ဖြစ်သည်။
  2. စွဟာဗဟ်များသည် ဂျန္နသ်သုခဘုံကို (အလ္လာဟ်အရှင်မြတ်၏ ကရုဏာ တော်ပြီးနောက်) အမလ်ကောင်းမှုကုသိုလ်မပြုလုပ်ဘဲ ရရှိနိုင်မည် မဟုတ်ကြောင်းကို ကောင်းစွာသိနားလည်ကြောင်း ဖော်ပြထားခြင်း။
  3. ဆွလာသ်အတွင်း စဂ်ျဒဟ်ဦးချခြင်းသည် (ဂျန္နသ်သုခဘုံတွင်) အဆင့်အတန်း မြင့်မားခြင်းနှင့် အပြစ်အကုသိုလ်များကို ခွင့်လွှတ်ခြင်း၏ အကြီးမားဆုံး အကြောင်းတရားများအနက် ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

57 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية