1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေ‌ပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွား‌ရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။

عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«حَقُّ الْمُسْلِمِ عَلَى الْمُسْلِمِ سِتٌّ» قِيلَ: مَا هُنَّ يَا رَسُولَ اللهِ؟، قَالَ: «إِذَا لَقِيتَهُ فَسَلِّمْ عَلَيْهِ، وَإِذَا دَعَاكَ فَأَجِبْهُ، وَإِذَا اسْتَنْصَحَكَ فَانْصَحْ لَهُ، وَإِذَا عَطَسَ فَحَمِدَ اللهَ فَسَمِّتْهُ، وَإِذَا مَرِضَ فَعُدْهُ وَإِذَا مَاتَ فَاتَّبِعْهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရားခြောက်ရပ်ရှိသည်။" ထိုအခါ ဆွဟာဗဟ်တို့က လျှောက်ထားမေးမြန်းကြသည်မှာ - "အို - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ယင်းဝတ္တရားများကား အဘယ်နည်း" တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- " အသင် သူနှင့်တွေ့ဆုံသောအခါ သူ့အား စလာမ်ဆိုပါ၊ သူသည် အသင့်အား ဖိတ်ကြားသောအခါ ထိုဖိတ်ကြားချက်ကို လက်ခံပါ၊ အသင့်ထံ အကြံဉာဏ်တောင်းခံလျှင် သူ့အား အကြံဉာဏ်ပေးပါ၊ သူ နှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား အဖြေ‌ပေးပါ၊ (ဆိုလိုသည်မှာ 'ယရ်ဟမုကလ္လာဟ်' ဟု ဆိုပါ)၊ သူဖျားနာသောအခါ အသင် သူ့အား လူမမာသွား‌ရောက်မေးမြန်းကြည့်ရှုပါ၊ သူကွယ်လွန်သွားသောအခါ သူ၏ဂျနာဇာအား လိုက်ပါပို့ဆောင်ပါ။"

صحيح رواه مسلم صحيح مسلم - 2162

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် အခြား မိမိညီ‌နောင်မွတ်စ်လင်မ်တစ်ဦးအပေါ်၌ ဝတ္တရား ခြောက်ချက် ရှိသည်။ ၁။ သူနှင့် တွေ့ဆုံသည့်အခါ "အတ်စ်လာမုအလိုင်ကွမ်" ဟု စလာမ်ပြုရမည်။ တစ်ဖက်လူကလည်း "ဝအလိုင်ကုမွတ်စ်လာမ်" ဟု ပြန်လည်ဖြေကြားရမည်။ ၂။ ဝလီမဟ် စသည့်ဖိတ်ကြားချက်များကို လက်ခံခြင်း။ ၃။ သူသည် သင့်ထံမှ အကြံဉာဏ်တောင်းခံလာပါက လိမ်လည်လှည့်ဖျားခြင်းမှ ရှောင်ကြဉ်ကာ စစ်မှန်သော အကြံဉာဏ်ပေးခြင်း။ ၄။ သူနှာချေပြီး 'အလ်ဟမ်ဒုလိလ္လာဟ်' ဟု ရွတ်ဆိုလျှင် အသင် သူ့အား 'ယရ်ဟမုကလ္လာဟ်' ဟု အဖြေ‌ပေးပါ၊ သူက "ရဟ်ဒီကုမုလ္လာဟု ဝရွတ်စ်လိဟ် ဘာလကွမ်" ဟု ပြန်အ‌ဖြေပေးရမည်။ ၅။ သူဖျားနာသောအခါ သူ့အား လူမမာသွား‌ရောက်မေးမြန်းကြည့်ရှုခြင်း။ ၆။ သူကွယ်လွန်သွားသောအခါ သူ၏ ဂျနာဇာဆွလာသ်ကို ဝတ်ပြုခြင်းနှင့် ဒဖန်မြေမြုပ်ချိန်အထိ ဂျနာဇာအား လိုက်ပါပို့ဆောင်ခြင်း။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အိမာမ်ရှောင်ကာနီက ဆိုသည်- တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ (حق المسلم) "မွတ်စ်လင်မ်တစိဦး၏ ဝတ္တရားအခွင့်အရေး" ဟူသော မိန့်ကြားချက်သည် ယင်းအချက်များကို စွန့်လွှတ်ခြင်းမပြုသင့်ကြောင်း ရည်ညွှန်းပြီး ယင်းတို့ကို လိုက်နာခြင်းသည် ဝါဂျိဗ် (မဖြစ်မနေပြုလုပ်ရမည့်တာဝန်) ဖြစ်စေ၊ သို့မဟုတ် ဝါဂျိဗ်နှင့်နီးစပ်သော စွန့်လွှတ်ခြင်းမပြုသင့်သည့် စွန္နသ်မုအက်ကဒဟ် (ပြုလုပ်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းထားသော အလုပ်) ဖြစ်သည်။
  2. ၂။ အကယ်၍ စလာမ်ပေးခံရသူသည် တစ်ဦးတည်းဖြစ်လျှင် စလာမ်၏ အဖြေပြန်‌ပေးခြင်းသည် ဖရ်ဇ်အိုင်န် (လူတိုင်းအပေါ် တစ်ဦးချင်း မဖြစ်မနေလုပ်ရမည့် တာဝန်) ဖြစ်ပြီး၊ လူအုပ်စုကို စလာမ်ပေးခြင်းဖြစ်လျှင် ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်က ပြန်အ‌ ဖြေပေးခြင်းဖြင့် လုံလောက်သည်။ သို့သော် စလာမ် စတင်ပေးခြင်းသည် မူလအခြေခံအားဖြင့် စွန္နသ် ဖြစ်သည်။
  3. ၃။ လူမမာ သွား‌ရောက်မေးမြန်းကြည့်ရှုခြင်းသည် မွတ်စ်လင်မ်ညီနောင်များအပေါ်တွင်ရှိသော သူ(လူမမာ) ၏ အခွင့်အရေးများထဲမှ တစ်ခုဖြစ်သည်။ အကြောင်းမှာ ထိုသို့ပြုလုပ်ခြင်းသည် သူ၏စိတ်နှလုံးအတွင်းသို့ ပျော်ရွှင်မှုနှင့် စိတ်အေးချမ်းမှုကို ယူဆောင်ပေးသောကြောင့်ဖြစ်ပြီး၊ ၎င်း(လူမမာ သွား‌ရောက်မေးမြန်းကြည့်ရှုခြင်း)သည်ဖရ်ဿ်ွကိဖာယဟ် (လူအချို့ ဆောင်ရွက်ခြင်းဖြင့် အခြားသူများအပေါ်မှ တာဝန်ကင်းသွားသော လုပ်ရပ်) လည်း ဖြစ်သည်။
  4. ၄။ ဖိတ်ကြားချက်ကို လက်ခံခြင်းသည် ထိုနေရာ၌ မကောင်းမှုအပြစ် အရာတစ်စုံတစ်ရာ မရှိသရွေ့ ဝါဂျိဗ် ဖြစ်သည်။ အကယ်၍ ဖိတ်ကြားချက်သည် ဝလီမာဧည့်ခံပွဲဖြစ်ပါက ပညာရှင်အများစု၏ အဆိုအရ လက်ခံရန် ဝါဂျိဗ် ဖြစ်သည်။ သို့သော် တရားဝင်အကြောင်းပြချက် ရှိလျှင်မူ ချွင်းချက်ဖြစ်သည်။ ဝလီမာမှလွဲ၍ အခြားသော ပွဲလမ်းသဘင်များအတွက် ဖိတ်ကြားလျှင်မူ ပညာရှင်အများစုက ဖိတ်ကြားချက်ကိုလက်ခံရန် မွစ်သဟဗ်ဖြစ်သည်ဟု ဆိုကြသည်။
  5. ၅။ နှာချေသူက "အလ်ဟမ်ဒုလိလ္လာဟ်" ရွတ်ဆိုလျှင် ကြားနာသူအပေါ် "ယရ်ဟမုကလ္လာဟ်" ဟု ပြန်အ‌ဖြေပေးခြင်းမှာ ဝါဂျိဗ် ဖြစ်သည်။
  6. ၆။ လူ့အဖွဲ့အ စည်း၏ ဆက်ဆံရေး ခိုင်မာစေရေး၊ အီမာန်ယုံကြည်ခြင်းနှင့် ၎င်း၏အဖွဲ့ဝင်များ(မုအ်မင်န်များ)အကြား ချစ်ခင်မှု၊ ဆက်သွယ်မှုများ ခိုင်မြဲစေရေးတွင် ရှရီအသ်တရား‌တော်၏ စုံလင်ပြည့်စုံမှုနှင့် အလေးထားမှုကို ဖော်ပြထားခြင်း။
  7. ၇။ "ဖဆမ်မစ်သ်ဟု" (فَسَمِّتْهُ) ဟူသော စကားလုံးကို အချို့ကျမ်းမူကွဲများတွင် "ဖရှမ်မစ်သုဟူ" (فشمّته) ဟု (ရှီးန်) ဖြင့် ရေးသားထားသည်။ နှစ်ခုလုံး၏ အဓိပ္ပါယ်မှာ ကောင်းကျိုးနှင့် ဗရကသ်မင်္ဂလာရရှိရန် ဒုအာဆုတောင်းခြင်း ဖြစ်သည်။ (التشميت) "သရှ်မီးသ်"၏ အဓိပ္ပါယ်မှာ "အလ္လာဟ်အရှင်မြတ် သင့်အား သူတစ်ပါး၏ ဘေးဒုက္ခကို ဝမ်းမြောက်ခြင်းမှ ဝေးကွာစေတော်မူပါစေ၊ သင်၏ ရန်သူ ဝမ်းမြောက်နိုင်သော အရာမှ သင့်အား ကင်းဝေးစေတော်မူပါစေ" ဟု ဆိုလိုသည်။ (التسميت) "သတ်စ်မီးသ်" ၏ အဓိပ္ပါယ်မှာ "အလ္လာဟ်အရှင်မြတ်သည် သင့်အား ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်သို့ ပို့ဆောင်တော်မူပါစေ" ဟု ဆိုလိုသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

45 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية