1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် မည်သူမဆို ၎င်း၌ မိမိ၏ညီနောင်အား သူ၏သိက္ခာကိုဖြစ်စေ သို့မဟုတ် အခြားတစ်ခုခုကိုဖြစ်စေ မတရားပြုလုပ်ထားသည်ရှိသော် ရွှေဒင်္ဂါး‌နှင့် ငွေဒင်္ဂါးနှစ်ခုစလုံး အသုံးမဝင်မည့်နေ့ကို မရောက်ခင်အလျင် ယနေ့ပင် ထိုမတရားမှုကို ခွင့်လွှတ်ဖို့ရာအတွက် တောင်းပန်လော့

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ كَانَتْ لَهُ مَظْلَمَةٌ لِأَخِيهِ مِنْ عِرْضِهِ أَوْ شَيْءٍ فَلْيَتَحَلَّلْهُ مِنْهُ اليَوْمَ، قَبْلَ أَلا يَكُونَ دِينَارٌ وَلاَ دِرْهَمٌ، إِنْ كَانَ لَهُ عَمَلٌ صَالِحٌ أُخِذَ مِنْهُ بِقَدْرِ مَظْلَمَتِهِ، وَإِلَمْ تَكُنْ لَهُ حَسَنَاتٌ أُخِذَ مِنْ سَيِّئَاتِ صَاحِبِهِ فَحُمِلَ عَلَيْهِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို ၎င်း၌ မိမိ၏ညီနောင်အား သူ၏သိက္ခာကိုဖြစ်စေ သို့မဟုတ် အခြားတစ်ခုခုကိုဖြစ်စေ မတရားပြုလုပ်ထားသည်ရှိသော် ရွှေဒင်္ဂါး‌နှင့် ငွေဒင်္ဂါးနှစ်ခုစလုံး အသုံးမဝင်မည့်နေ့ကို မရောက်ခင်အလျင် ယနေ့ပင် ထိုမတရားမှုကို ခွင့်လွှတ်ဖို့ရာအတွက် တောင်းပန်လော့။ (ထိုသို့မတောင်းပန်ခဲ့ပါက) အကယ်၍ ၎င်း၌ ကောင်းမြတ်သောအမလ်များ ရှိခဲ့လျင် ၎င်းမတရားလုပ်ခဲ့သည့် အတိုင်းအတာနှင့်အညီ ထိုကောင်းမှုထဲမှ နှုတ်ယူခြင်းခံရပေမည်။ အကယ်၍ ၎င်း၌ ကောင်းမှုများမရှိလျင် သူ့ရဲ့မတရားပြုလုပ်ခြင်းကိုခံရသူ၏ မကောင်းမှုများကို ယူပြီး သူ့အပေါ်၌ ထမ်းရွက်စေခြင်းခံမည်ဖြစ်သည်။

صحيح رواه البخاري صحيح البخاري - 2449

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏မွတ်စ်လင်မ်ညီနောင်တစ်ဦးအား ဂုဏ်သိက္ခာ၊ ဥစ္စာပစ္စည်း သို့မဟုတ် အသက်အား မတရားကျူးလွန်ခဲ့သူတိုင်းအား ကိယာမသ်နေ့မဆိုက်ရောက်မှီအလျင် ဤဒွန်ယာလောက၌ ရှိနေသေးခိုက် ထိုချိုးဖောက်ခံရသူထံ ခွင့်လွှတ်ခြင်းကိုတောင်းခံရန် အမိန့်ပေးတော်မူခဲ့သည်။ အကြောင်းမှာ ကိယာမသ်နေ့တွင် မိမိကိုယ်ကို ရွေးယူရန်အတွက်ရွှေဒင်္ဂါးဖြင့်ဖြစ်စေ၊ ငွေဒင်္ဂါးဖြင့်ဖြစ်စေ မတရားပြုခံရသူအား လျော်ကြေးပေးခြင်းဖြင့် အကျိုးဖြစ်ထွန်းနိုင်မည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် ကောင်းမှုကုသိုလ်နှင့် မကောင်းမှုအကုသိုလ်များ၏ အစားပေးမှုသာ ရှိမည်ဖြစ်သောကြောင့်တည်း။ မတရားပြုလုပ်ခံရသူသည် ကျူးလွန်သူ၏ ကောင်းမှုကုသိုလ်များထဲမှ မိမိအပေါ် ကျူးလွန်ခဲ့သော အတိုင်းအတာနှင့်အညီ ရယူမည်ဖြစ်သည်။ အကယ်၍ မတရားကျူးလွန်ခဲ့သူ၌ ကောင်းမှုကုသိုလ်များမရှိလျင် မတရားကျူးလွန်ခံရသူ၏ မကောင်းမှုများကို ကျူးလွန်ခဲ့သည့် မတရားမှု၏အတိုင်းအတာနှင့်အညီ မတရားကျူးလွန်ခဲ့သူအပေါ် တင်ပေးခြင်းခံရမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ မတရားမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုမှ ရှောင်ရှားရန် ကြိုးစားအားထုတ်ခြင်း။
  2. ၂။ မိမိနှင့်သက်ဆိုင်သော ဝတ္တရားများမှ လွတ်မြောက်ရန်အတွက် အမြန်ဆုံးဆောင်ရွက်ရန် တိုက်တွန်းထားခြင်း။
  3. ၃။ ကောင်းမြတ်‌ သောအမလ်များနှင့် ယင်း၏ အကျိုး ကျေးဇူးများအား လူတို့အား မတရားကျူးလွန်ခြင်းနှင့် အနှောင့်အယှက်ပေးခြင်းက ပျက်စီးစေပါသည်။
  4. ၄။ လူသားတို့၏ အခွင့်အရေးများကို အလ္လာဟ်အရှင်မြတ်သည် ထိုအခွင့်အရေးပိုင်ရှင်များထံ ပြန်မပေးမခြင်း ခွင့်လွှတ်တော်မူမည် မဟုတ်ပေ။
  5. ၅။ ရွှေဒင်္ဂါး‌နှင့် ငွေဒင်္ဂါးတို့သည် ဤလောကီဘဝ၌ အကျိုးအမြတ်ရရှိရန် လမ်းစဖြစ်သော်လည်း၊ ကိယာမသ်နေ့တွင် ကောင်းမှုများနှင့် မကောင်းမှုများဖြင့်သာ ဆုံးဖြတ်ပေမည်။
  6. ၆။ အချို့ပညာရှင်များက ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ဤသို့ဆိုထားသည်- ကျူးလွန်ခံရသူ (သူ၏ဂုဏ်သိက္ခာပျက်စေခြင်းအကြောင်း) မသိပါက၊ သူ့အား ပြောပြရန် မလိုအပ်ပါ။ ဥပမာ၊ တစ်စုံတစ်ဦးသည် ထိုင်ဝိုင်းတစ်ခုတွင် သူ့အား ကဲ့ရဲ့ပြစ်တင်ပြောဆိုမိပြီး သောင်ဗဟ်ပြုလုပ်လိုက်ပါက၊ သူ့အား ပြောပြရန် မလိုအပ်ပါ။ သို့သော် (ကဲ့ရဲ့ပြစ်တင်သူသည်) သူ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံခြင်း၊ သူ့အတွက် ဒုအာလုပ်ပေးခြင်းနှင့် ယခင်က သူ့အားကဲ့ရဲ့ပြစ်တင်ခဲ့သောထိုင်ဝိုင်းများတွင် သူ့အား ချီးမွမ်းပြောဆိုခြင်းတို့ကို ပြုလုပ်ရမည်။ ဤနည်းဖြင့် သူသည် ထိုအပြစ်မှ လွတ်မြောက်သွားပေလိမ့်မည်။

ဘာသာပြန်များကို ကြည့်ရှုရန်

36 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية