1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။

عن جَرِيْر بنِ عبدِ الله رضي الله عنه قال:
كُنَّا عِنْدَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَنَظَرَ إِلَى الْقَمَرِ لَيْلَةً -يَعْنِي الْبَدْرَ- فَقَالَ: «إِنَّكُمْ سَتَرَوْنَ رَبَّكُمْ كَمَا تَرَوْنَ هَذَا الْقَمَرَ، لَا تُضَامُونَ فِي رُؤْيَتِهِ، فَإِنِ اسْتَطَعْتُمْ أَنْ لَا تُغْلَبُوا عَلَى صَلَاةٍ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ غُرُوبِهَا فَافْعَلُوا» ثُمَّ قَرَأَ: «{وَسَبِّحْ بِحَمْدِ رَبِّكَ قَبْلَ طُلُوعِ الشَّمْسِ وَقَبْلَ الْغُرُوبِ}»

ဂျရီးရ်ဗင်န် အဗ်ဒုလ္လာဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်တို့သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရှိနေစဉ် ကိုယ်တော်မြတ်က လပြည့်ည၏ လပြည့်ဝန်းကို ကြည့်ရှုပြီး မိန့်ကြားတော်မူသည်မှာ- ဧကန်မုချ အသင်တို့သည် ဤလပြည့်ဝန်းကို တွေ့မြင်ကြရသကဲ့သို့ အသင်တို့၏အရှင်မြတ်အား ဖူးမြင်ကြရမည်ဖြစ်သည်။ ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် အသင်တို့သည် တိုးဝှေ့ကြရမည် မဟုတ်ပေ။ ထို့ကြောင့် အသင်တို့သည် နေမထွက်မီ (ဖဂျ်ရ်) ဆွလာသ် နှင့် နေမဝင်မီ(အဆွ်ရ်) ဆွလာသ်ကို (လက်လွတ်သည်အထိ မည်သည့်အရာ၏) လွှမ်းမိုးမှုမျှမခံရလေအောင် တတ်စွမ်းနိုင်သမျှ ပြုလုပ်ကြပါ။ ထို့နောက် ကိုယ်တော်က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူသည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။)

صحيح متفق عليه صحيح البخاري - 554

ရှင်းလင်းချက်

တစ်ညတွင် ဆွဟာဗဟ်သာဝကများသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူရှိနေစဉ်ကိုယ်တော်သည် ဆယ့်လေးရက်ည လပြည့်ဝန်းကို ကြည့်ရှုတော်မူပြီး မိန့်ကြားသည်မှာ- အမှန်တကယ်ပင် မုအ်မင်န်သက်ဝင်ယုံကြည်သူများသည် မိမိတို့၏အရှင်မြတ်အား မိမိတို့၏မျက်လုံးများဖြင့် သံသယမရှိ မုချဖူးမြင်ကြရမည်ဖြစ်သည်။ ၎င်းတို့သည် ထိုအရှင်မြတ်ကို ဖူးမြင်ရာတွင် တိုးဝှေ့ကြခြင်းလည်းမရှိ၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အခက်အခဲဖြစ်ခြင်းလည်း ရှိကြမည်မဟုတ်ပေ။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဖဂျ်ရ် ဆွလာသ်နှင့် အဆွ်ရ် ဆွလာသ်ကို အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာမှန်သမျှကို တတ်နိုင်သမျှ ဖြတ်တောက်ပစ်ရန် မိန့်ကြားတော်မူခဲ့သည်။ ထိုဆွလာသ်နှစ်ကြိမ်အား သူ့အချိန်နှင့်သူ ဂျမာအသ်နှင့်တကွ ဆောက်တည်ရန် လာရောက်ရမည်ဖြစ်ပြီး ထိုသို့ဆောက်တည်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ မျက်နှာတော်ကို ဖူးမြင်ရမည့် အကြာင်းခံများတွင်ပါဝင်သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဤအာယသ်တော်ကို ဖတ်ရွတ်တော်မူခဲ့သည် (ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။) ကုရ်အာန် (၅၀:၃၉)

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အီမာန်ရှင်များသည် ဂျန္နသ်သုခဘုံတွင် အလ္လာဟ်အရှင်မြတ်ကို ဖူးမြင်ရမည်ဖြစ်ကြောင်း သတင်းကောင်းပါးထားသည်။
  2. လေးနက်စွာတင်ပြခြင်းနှင့် အားပေးတိုက်တွန်းခြင်း၊ ဥပမာပေးခြင်းတို့သည် ဒအ်ဝဟ် ဖိတ်ခေါ်မှု နည်းလမ်းများတွင်ပါဝင်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

60 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية