1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- လူတို့သည် ဗလီများ(ဆောက်လုပ်ခြင်း)နှင့်ပတ်သက်၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြိုင်အ ဆိုင် ဂုဏ်ယူဝင့်ကြွားမှုမပြုသမျှ ကာလပတ်လုံး ကိယာမသ် ဆိုက်ရောက်လာမည်မဟုတ်ပေ။

عَنْ أَنَسٍ رَضيَ اللهُ عنه أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا تَقُومُ السَّاعَةُ حَتَّى يَتَبَاهَى النَّاسُ فِي الْمَسَاجِدِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ- လူတို့သည် ဗလီများ(ဆောက်လုပ်ခြင်း)နှင့်ပတ်သက်၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြိုင်အ ဆိုင် ဂုဏ်ယူဝင့်ကြွားမှုမပြုသမျှ ကာလပတ်လုံး ကိယာမသ် ဆိုက်ရောက်လာမည်မဟုတ်ပေ။

صحيح رواه أبو داود والنسائي وابن ماجه سنن أبي داود - 449

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိယာမသ်နေ့နှင့် ဒွန်ယာလောကကုန်ဆုံးချိန် နီးကပ်လာသည့် လက္ခဏာများအနက်တစ်ခုမှာ- လူတို့သည် ၎င်းတို့၏ ဗလီများကို အလှဆင်ခြင်း (သို့မဟုတ်) အလ္လာဟ်အရှင်မြတ်ကိုသာ သတိရတသ ရန်အတွက် တည်ဆောက်ထားသော ဗလီများအတွင်း လောကီကိစ္စရပ်များဖြင့် အချင်းချင်းဝင့်ကြွားဂုဏ်ယူကြမည်ဟု မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဗလီများနှင့်ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားခြင်းအား တားမြစ်ထားပြီး၊ ယင်းသည် လက်မခံထိုက်သော လုပ်ရပ်ဖြစ်သည်။ အကြောင်းမှာ ယင်းလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်အတွက် (ရည်စူး၍ ) လုပ်ခြင်းမဟုတ်သောကြောင့်ဖြစ်သည်။
  2. အရောင်စုံဆေးများ၊ အလှဆင်ရေးခြယ်မှုများနှင့် စာသားများဖြင့် ဗလီများကို အလွန်အကျွံ အလှဆင်ခြင်းမှ တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် ဝတ်ပြုသူများအား ၎င်းတို့ကိုကြည့်ရှုရာမှ အာရုံထွေပြားစေသောကြောင့်ဖြစ်သည်။
  3. အိမာမ်စင်န်ဒီက ဤဟဒီးစ်တော်သည် လက်ရှိဖြစ်ပျက်နေသည့် အခြေအနေက ၎င်း၏မှန်ကန်မှုကို သက်သေထူလျက်ရှိသည်။ ထို့ကြောင့် ဤဟဒီးစ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ကြီးကျယ်ထင်ရှားသော မုအ်ဂျိဇဟ်များအနက် တစ်ခုဖြစ်သည် ဟု မိန့်ဆိုခဲ့သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

36 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية