1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။

عَنْ أَبِي أُمَامَةَ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَنْ قَرَأَ آيَةَ الْكُرْسِيِّ فِي دُبُرِ كُلِّ صَلَاةٍ مَكْتُوبَةٍ لَمْ يَمْنَعْهُ مِنْ دُخُولِ الْجَنَّةِ إِلَّا أَنْ يَمُوتَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူအုမာမဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။

صحيح رواه النسائي في الكبرى السنن الكبرى للنسائي - 9848

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် အာယသုလ်ကုရ်စီ ဖတ်မည်ဆိုလျှင် သေခြင်းတရားမှအပ အခြားဘယ်အရာမျှ ၎င်းအား ဂျန္နသ်သို့ ဝင်ရောက်ခြင်းမှ မဟန့်တားနိုင်ပေ။ ထိုအာယသ်တော်သည် စူရဟ်ဘကရဟ်တွင် ပါရှိသည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်။ (اَللَّهُ لَا إِلَهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ لَا تَأْخُذُهُ سِنَةٌ وَّلَا نَوْمٌ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ وَلَا يُحِيْطُوْنَ بِشَيْءٍ مِّنْ عِلْمِهِ إِلَّا بِمَا شَاءَ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ وَلَا يَئُوْدُهُ حِفْظُهُمَا وَهُوَ الْعَلِيُّ الْعَظِيمُ) အလ္လာဟ်အရှင်မြတ်သည် (သာလျှင် ခဝပ် ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်း ခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲရှင်နေတော်မူသောအရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်း စောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်းကောင်း မဖိစီးနိုင်ပေ။ ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့် မြေ၌ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာ ဝတ္ထုဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံ တောင်းပန်ပေးနိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်းကိစ္စ အလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ် သိရှိတော်မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်းကိစ္စမှအပ တစ်စုံတစ်ရာကိုမျှဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင်မြတ်၏ ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွ ကမ္ဘာမြေပြင်တခွင်လုံးကို ဝန်းခြုံလျက်ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိစေသည် မဟုတ်ပေ။ စင်စစ်ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသောအရှင်၊ ကြီးကဲထွတ်မြတ်တော်မူသော အရှင်တည်း။ (စူရဟ် ဗကရဟ်၊ အာယသ် : ၂၅၅ )

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤကြီး ကျယ်မြင့်မြတ်သော အာယသ်တော်၏ မွန်မြတ်မှုသည် ၎င်းတွင်ပါဝင်သည့် အလ္လာဟ်အရှင်မြတ်၏ လှပတင့်တယ်သော နာမတော်များနှင့် အလွန်မြင့်မြတ်သော ဂုဏ်တော်များကြောင့် ဖြစ်သည်။
  2. ဖရဿ်ွဆွလာသ်တိုင်းရဲ့နောက်တွင် ဤကြီးကျယ်မြင့်မြတ်သော အာယသ်တော်ကို ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  3. အအ်မာလေစွာလိဟဟ်(ကောင်းမွန်သောအမလ်ကျင့်‌ဆောင်မှုများ)သည် ဂျန္နတ်သုခဘုံသို့ ဝင်ရောက်ခွင့်ရရန် အကြောင်းခံတစ်ခု ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

56 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية