1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး ယင်းကျောက်တုံးသည် ငရဲမီး၌ကျလျက်ရှိရာ ယခုချိန်မှသာ ဂျဟန္နမ်ငရဲမီး၏အောက်ချေသို့ ရောက်ရှိသွားပေသည်။

عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
كُنَّا مَعَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، إِذْ سَمِعَ وَجْبَةً، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «تَدْرُونَ مَا هَذَا؟» قَالَ: قُلْنَا: اللهُ وَرَسُولُهُ أَعْلَمُ، قَالَ: «هَذَا حَجَرٌ رُمِيَ بِهِ فِي النَّارِ مُنْذُ سَبْعِينَ خَرِيفًا، فَهُوَ يَهْوِي فِي النَّارِ الْآنَ حَتَّى انْتَهَى إِلَى قَعْرِهَا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်အတူရှိနေစဉ်၊ ရုတ်တရက် ပြင်းထန်သောအသံတစ်ခုကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကြားလိုက်ရသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ဤအသံသည် အဘယ်နည်းဆိုသည်ကို သင်တို့သိပါသလား ဟု မေးမြန်းတော်မူခဲ့သည်။ ကျွန်ုပ်တို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ပင် အသိဆုံးဖြစ်ပါသည် ဟု ဖြေကြားခဲ့ကြသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ကမိန့်တော်မူသည်။ဤအသံသည် ငရဲမီးထဲသို့ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံထားရသော ကျောက်တုံးတစ်ခု၏ အသံဖြစ်ပြီး ယင်းကျောက်တုံးသည် ငရဲမီး၌ကျလျက်ရှိရာ ယခုချိန်မှသာ ဂျဟန္နမ်ငရဲမီး၏အောက်ချေသို့ ရောက်ရှိသွားပေသည်။

صحيح رواه مسلم صحيح مسلم - 2844

ရှင်းလင်းချက်

နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် ကိုယ်ခန္ဓာတစ်ခုကျသကဲ့သို့ ကြောက်မက်ဖွယ်အသံတစ်ခုကို ကြားတော်မူခဲ့သည်။ ထို့နောက် ဤအသံနှင့်ပတ်သက်၍မိမိအနားရှိ ဆွဟာဘဟ်သာဝကကြီးများအား မေးမြန်းတော်မူခဲ့ရာ၊ ဆွဟာဘဟ်တို့က အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ပင် အသိဆုံးဖြစ်ပါသည် ဟု ဖြေကြားခဲ့ကြသည်။
ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အမိန့်ရှိသည်မှာ "ဤအသံသည် ငရဲမီးအစပ်မှလွန်ခဲ့သော နှစ်ပေါင်း (၇၀) ကတည်းက ပစ်ချခံခဲ့ရသည့် ကျောက်တုံးတစ်ခု၏ အသံဖြစ်သည်။ ကျောက်တုံးကျသည့်အသံကို ကြားရသည့်အချိန်သည် ယင်းကျောက်တုံး ငရဲမီး၏‌အောက်ဆုံးသို့ ကျရောက်သွားသောအချိန်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကောင်းမှုများပြုလုပ်ခြင်းဖြင့် နောင်တမလွန်ဘဝအတွက် ပြင်ဆင်ရန်တိုက်တွန်းထားပြီးငရဲမီး၏အန္တရာယ်မှ သတိပေးခြိမ်းခြောက်ထားသည်။
  2. လူသားမသိသည့်အရာကို အလ္လာဟ်အရှင်မြတ်သာ သိကြောင်းပြောဆိုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  3. ဆရာတစ်ဦးသည် ကျောင်သားအား မိမိရှင်းပြမည့်အရာကို ပို၍နားလည်သဘောပေါက်စေရန်အတွက် စိတ်ဝင်စားမှုနှင့် အာရုံစူးစိုက်မှုကို ဖြစ်‌ပေါ်လာစေရန်‌ လုပ်ဆောင်ပေးရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية