1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။

عَن أَبِي أُمَامَةَ رضي الله عنه قَالَ: سَمِعْتَ رَسُولَ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَخْطُبُ فِي حَجَّةِ الوَدَاعِ فَقَالَ:
«اتَّقُوا اللَّهَ رَبَّكُمْ، وَصَلُّوا خَمْسَكُمْ، وَصُومُوا شَهْرَكُمْ، وَأَدُّوا زَكَاةَ أَمْوَالِكُمْ، وَأَطِيعُوا ذَا أَمْرِكُمْ تَدْخُلُوا جَنَّةَ رَبِّكُمْ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူအုမာမဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ဟဂ်ျဂျသုလ်ဝဒါအ် နောက်ဆုံးဟဂ်ျတွင် ခွသ်ဗဟ်တရား မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ
အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် သက္ကဝါတရားထားကြပါ၊ အသင်တို့၏ ဆွလာသ်ငါးကြိမ်ကို ဆောက်တည်ကြပါ၊ အသင်တို့(ရမဿွာန်)လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြပါ၊ အသင်တို့ ဥစ္စာပစ္စည်းများမှ ဇကာသ် ပေးဆောင်ကြပါ၊ အသင်တို့အား အုပ်ချုပ်သူများကို နာခံကြပါ၊ အသင်တို့အား ဖန်ဆင်းမွးမြူတော်မူသော အရှင်မြတ်၏ ဂျနသ်သုခဘုံသို့ ဝင်ရောက်ကြပါ။

صحيح رواه الترمذي وأحمد سنن الترمذي - 616

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဟစ်ဂျရီ ဆယ်ခုနှစ် ဟဂ်ျဂျသုလ် ဝဒါအ်တွင် အရဖဟ်နေ့၌ ခွသ်ဗဟ်တရား မိန့်ကြားတော်မူခဲ့သည်။ ဟဂ်ျဂျသုလ် ဝဒါအ်ဟု ခေါ်ဆိုရခြင်းမှာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုဟဂ်ျတွင် လူတို့ကို နောက်ဆုံးနှုတ်ဆက်ခဲ့သောကြောင့်ဖြစ်သည်။ ကိုယ်တော်က လူတို့အား အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို နာခံပြီး တားမြစ်ချက်များကိုရှောင်ကြဉ်ကာ အရှင်မြတ်အပေါ် သက္ကဝါတရားထားကြရန် မိန့်ကြားတော်မူခဲ့သည်။ ထို့အတူ နေ့နှင့်ညတွင် အလ္လာဟ်အရှင်မြတ်က ဖရ်ဿ်ွတာဝန်အဖြစ် သတ်မှတ်ထားသော ငါးကြိမ်ဆွလာသ်ကို ဆောက်တည်ကြရန်၊ ရမဿွာန်လ၏ ဆွိယာမ်ဥပုသ်ကို စောင့်ထိန်းကြရန်၊ ဥစ္စာပစ္စည်းများအတွက် သတ်မှတ်ထားသည့် ဇကာသ်အား စားထိုက်သူများကို ပေးကြရန်၊ ယင်းနှင့်ပတ်သက်၍ စေးနှဲခြင်းမပြုကြရန်၊ အလ္လာဟ်အရှင်မြတ်အမိန့်ကို ဖီဆန်သည့်ကိစ္စမျိုးမှလွဲ၍ အရှင်မြတ်က မိမိတို့အပေါ် အုပ်ချုပ်သူအဖြစ် ပြုလုပ်ပေးထားသူများ၏အမိန့်ကို နာခံကြရန်လည်း မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မည်သူမဆို အထက်ပါကိစ္စများကို လိုက်နာဆောင်ရွက်ပါက အကျိုးကုသိုလ်အဖြစ် ဂျန္နသ်သုခဘုံးကို ရရှိမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤအမလ်ကောင်းမှုများသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရမည့် အကြောင်းခံများတွင် ပါဝင်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

57 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية