1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။

عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنِ النَّبِيِّ صلى الله عليه وسلم قَالَ:
«لَا يَقْبَلُ اللهُ صَلَاةَ أَحَدِكُمْ إِذَا أَحْدَثَ حَتَّى يَتَوَضَّأَ».

အဗူဟူရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဟဒတ်စ် (ဝူဿွူပျက်ခြင်း) ဖြစ်သွားလျှင် ဝူဿွူပြန်မလုပ်မချင်း အသင်တို့အနက် မည်သူ၏ဆွလာသ်ကိုမျှ အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူမည် မဟုတ်ပေ။

صحيح متفق عليه صحيح البخاري - 6954

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) က ရှင်းပြတော်မူသည်မှာ ‘သွဟာရသ်’ သန့်ရှင်းစင်ကြယ်မှုသည် ဆွလာသ်အထမြာက်ရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များတွင် ပါဝင်သည်။ ထို့ကြောင့် ဆွလာသ်ဝတ်ပြုလိုသူသည် ကျင်ကြီး၊ ကျင်ငယ်သွားခြင်း၊ အိပ်စက်ခြင်း အစရှိသော ဝူဿွူပျက်စေသည့် ကိစ္စများပြုလုပ်ခဲ့ပါက ဝူဿွူပြုရန် တာဝန်ရှိသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မသန့်ဖြစ်နေသူသည် ‘ဟဒဆ်အက္ကဗရ်’ (ရေချိုးရန်တာဝန်ထိုက်သည့် မသန့်ရှင်းမှု) ဖြစ်နေပါက ရေမချိုးသ၍ ‘ဟဒဆ်အဆ်ွဂရ်’ (ဝူဿွူပြုရန် တာဝန်ထိုက်သည့် မသန့်ရှင်းမှု) ဖြစ်နေပါက ဝူဿွူမပြုသ၍ ၎င်း၏ဆွလာသ်သည် လက်ခံခြင်းခံရမည် မဟုတ်ပါ။
  2. ဝူဿွူပြုခြင်းဆိုသည်မှာ ရေယူကာ ပါးစပ်ထဲသို့ထည့်၍ ဆေးကြောကာ ထွေးထုတ်ရမည်။ ထို့နောက်နှာခါင်းထဲသို့ ရေရှူသွင်းကာ ပြန်လည်ညှစ်ထုတ်ရမည်။ ထို့နောက် မျက်နှာကို သုံးကြိမ်ဆေးကြောရမည်။ ထို့နောက် လက်နှစ်ဖက်ကို တံတောင်ဆစ်အပါအဝင် သုံးကြိမ်ဆေးကြောရမည်။ ထို့နောက် ဦးခေါင်းတစ်ခုလုံးအား တစ်ကြိမ် မစဟ်ပြု ပွတ်သပ်ရမည်။ ထို့နောက် ခြေနှစ်ဖက်ကို ခြေမျက်စိအပါအဝင် သုံးကြိမ် ဆေးကြောရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

59 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية