1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။

عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِذَا تَوَضَّأَ أَحَدُكُمْ فَلْيَجْعَلْ فِي أَنْفِهِ ثُمَّ لِيَنْثُرْ، وَمَنِ اسْتَجْمَرَ فَلْيُوتِرْ، وَإِذَا اسْتَيْقَظَ أَحَدُكُمْ مِنْ نَوْمِهِ فَلْيَغْسِلْ يَدَهُ قَبْلَ أَنْ يُدْخِلَهَا فِي وَضُوئِهِ، فَإِنَّ أَحَدَكُمْ لاَ يَدْرِي أَيْنَ بَاتَتْ يَدُهُ». ولفظ مسلم: «إِذَا اسْتَيْقَظَ أَحَدُكُمْ مِنْ نَوْمِهِ فَلَا يَغْمِسْ يَدَهُ فِي الْإِنَاءِ حَتَّى يَغْسِلَهَا ثَلَاثًا، فَإِنَّهُ لَا يَدْرِي أَيْنَ بَاتَتْ يَدُهُ».

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ဝုဿွူပြုလုပ်သည့်အခါ မိမိနှာခေါင်းထဲသို့ ရေထည့်ပြီး ညှစ်ထုတ်ကာသန့်စင်မှုပြုပါ။ အပေါ့၊ အလေး သွားပြီး ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုပါ။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ ဝုဿွူရေထဲသို့ လက်နှစ်ဖက်ကို မထည့်မီအလျင် သုံးကြိမ်ဆေး ကြောပါ။ အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို အသင်တို့အနက် မည်သူမျှပင် မသိနိုင်ကြချေ။ မွတ်စ်လင်မ်ကျမ်းလာ စာသားတွင် အသင်တိုအနက်တစ်ဦးတစ်ယောက်သည် အိပ်ရာမှနိုးလာသည့်အခါ မိမိ၏လက်ကို သုံးကြိမ်သုံးခါ မ‌ဆေးကြောဘဲ အိုး၊ ခွက်ထဲသို မထည့်ပါနှင့်။ ၎င်းအနေဖြင့် အိပ်နေချိန်၌ မိမိလက်သည် မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သည့်အတွက်ဖြစ်သည်။

صحيح متفق عليه صحيح البخاري - 162

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သန့်ရှင်းစင်ကြယ်မှုဆိုင်ရာ အမိန့်ပညတ်ချက်အချို့ကို ရှင်းပြတော်မူခဲ့သည်။ ၎င်းတို့မှာ- (၁) မည်သူမဆို ဝုဿွူပြုသည့်အခါ မိမိ၏နှာခေါင်းအတွင်းသို့ ရေရှူသွင်းရမည်။ ၎င်းနောက် အသက်ရှူထုတ်ကာ ပြန်လည်ညှစ်ထုတ်ရမည်။ (၂) မည်သူမဆို အပေါ့၊ အလေး သွားသည့် လမ်းကြောင်းမှ ထွက်လာသည့် အညစ်အကြေးကို ရေမဟုတ်ဘဲ ကျောက်ခဲ သို့မဟုတ် အလားတူအရာဖြင့် ဖယ်ရှားသန့်စင်လိုလျှင် သန့်ရှင်းမှုအတွက် အနိမ့်ဆုံးအသုံးပြုရမည့် အရေအတွက်မှာ ကျောက်ခဲသုံးလုံးဖြစ်ပြီး အများဆုံးအရေအတွက်မှာ အညစ်အကြေး ကုန်စင်ပြီး အညစ်အကြေး ထွက်သည့်နေရာကို သန့်စင်အောင် လုပ်ပေးနိုင်သည့် အရေအတွက်ပင်ဖြစ်သည်။ (၃) ညအိပ်ရာမှ နိုးလာသူသည် ဝုဿွူပြုရန် အိုး၊ ခွက်ထဲသို့ လက်မနှိုက်မီအလျင် မိမိလက်ကို အိုး၊ ခွက်၏ပြင်ပ၌ သုံးကြိမ် ဆေးကြောရမည်။ အဘယ်ကြောင့်ဆိုသော် သူ၏လက်သည် ညတွင်မည်သည့်နေရာတွင် ရှိခဲ့သည်ကို မသိနိုင်သဖြင့် အညစ်အကြေးမှ စိတ်မချရပေ။ တစ်ခါတစ်ရံ ရှိုင်သွာန်မိစ္ဆာသည် ယင်းဖြင့်ကစားတတ်ပြီး လူအား အန္တရာယ်ဖြစ်စေသောအရာ သို့မဟုတ် ရေကိုညစ်ညမ်းစေသောအရာကို သယ်ဆောင်လာတတ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဝုဿွူပြုရာတွင် ‘အိစ်သင်န်ရှာက်’ ပြုလုပ်ခြင်း ဝါဂျိဗ်ဖြစ်သည်။ ၎င်းမှာ နှာခေါင်းထဲသို့ ရေရှူသွင်းခြင်းဖြစ်သည်။ ထို့အတူ ‘အိစ်သင်န်ဆာရ်’ ပြုလုပ်ခြင်း ဝါဂျိဗ် ဖြစ်သည်။ ၎င်းမှာ နှာခေါင်းအတွင်းမှရေကို ရှူထုတ်ခြင်းဖြစ်သည်။
  2. ကျောက်ခဲဖြင့် သန့်စင်မှုပြုသည့်အခါ မဂဏန်း အရေအတွက်ကို အသုံးပြုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  3. ညအိပ်ရာမှ နိုးလာပြီးနောက် လက်နှစ်ဖက်ကို သုံးကြိမ် ဆေးကြောရန် တရားတော်က ပြဌာန်းထားသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

58 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية