1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။

عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«كان رجلٌ يُدَايِنُ الناسَ، فكان يقول لفتاه: إذا أتيتَ مُعسِرًا فتجاوز عنه، لعل اللهَ يَتجاوزُ عنا، فلقي اللهَ فتجاوز عنه».

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ပုဂ္ဂိုလ်တစ်ဦးသည် လူတို့အား အကြွေးပေးလေ့ရှိသည်။ ၎င်းက မိမိ၏ အခိုင်းအစေအား သင်သည် ကျပ်တည်းသူဆီသို့ အကြွေးသွားတောင်းလျှင် စောင့်ဆိုင်းပေးပြီး နူးညံ့စွာဆက်ဆံပါ။ အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်ရန် မျှော်လင့်ရသည်ဟု အမြဲပြောလေ့ရှိသည်။ သို့ဖြစ်၍ ထိုသူသည် (ကွယ်လွန်ပြီးနောက်) အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံခဲ့ရာ အရှင်မြတ်က သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။

صحيح متفق عليه صحيح مسلم - 1562

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လူတို့အား ငွေကြေးချေးငှားသူ၊ အကြွေးဖြင့် ရောင်းချသူ ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို မိန့်ကြားတော်မူခဲ့သည်။ ထိုသူသည် လူတို့ထံမှ အကြွေးလိုက်ကောက်သည့် မိမိ၏ အခိုင်းအစေအား သင်သည် မတတ်နိုင်သဖြင့် အကြွေးပြန်မဆပ်နိုင်သူထံ ရောက်သည့်အခါ နူးညံ့စွာဆက်ဆံပါ။ သူ့ထံမှ အတင်းအကျပ်တောင်းဆိုခြင်းမပြုဘဲ နောက်ဆိုင်းပေးလိုက်ပါ သို့မဟုတ် အနည်းငယ်လျော့၍ရလျှင်လည်း သူ့တွင်ရှိသလောက်ကိုသာလက်ခံလိုက်ပါဟု အမြဲပြောလေ့ရှိသည်။ ထိုသူသည် အလ္လာဟ်အရှင်မြတ်က မိမိအားခွင့်လွှတ်ချမ်းသာပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဤသို့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ၎င်းသူ ကွယ်လွန်ပြီးနောက် အလ္လာဟ်အရှင်မြတ်သည် သူ၏အပြစ်အကုသိုလ်များကို ခွင့်လွှတ်တော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူတို့အား ကောင်းမွန်စွာ ဆက်ဆံခြင်း၊ ခွင့်လွှတ်ခြင်း၊ အခက်အခဲဖြစ်နေသူကို လျော်ပေးခြင်းတို့သည် ကိယာမသ်နေ့၌ လူတစ်ဦးလွတ်မြောက်အောင်မြင်ရန်အတွက် အကြီးမားဆုံး အကြောင်းခံတစ်ရပ်ဖြစ်သည်။
  2. အဖန်ဆင်းခံများပေါ် ကောင်းကျိုးပြုခြင်း၊ အိခ်လာဆ်ွရှိခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကို မျှော်ကိုးခြင်းတို့သည် အပြစ်များ ခွင့်လွှတ်ခြင်းခံရသည့် အကြောင်းခံများထဲတွင် ပါဝင်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

68 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan আজারী
EL Ελληνικά اليونانية
AK Akan الأكانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
LN Lingala اللينجالا
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو