1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အကြင်သူသည် သာသနာ့ပညာရှာဖွေဆည်းပူးရန် ထွက်ခွါခဲ့လျှင် ပြန်မရောက်မခြင်း ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှိနေသူဖြစ်သည်။

عن أنس رضي الله عنه مرفوعاً: «من خَرج في طلب العلم فهو في سَبِيلِ الله حتى يرجع».

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ အကြင်သူသည် သာသနာ့ပညာရှာဖွေဆည်းပူးရန် ထွက်ခွါခဲ့လျှင် ပြန်မရောက်မခြင်း ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ရှိနေသူဖြစ်သည်။

ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။ သိရ်မိဇီကျမ်း။

ရှင်းလင်းချက်

ဟဒီးဆ်သြဝါဒတော်၏အဓိပ္ပါယ်မှာ- အကြင်သူသည် သာသနာ့ပညာရှာဖွေရန်အတွက် မိမိနေအိမ် သို့မဟုတ် မိမိမြို့ရွာမှ ထွက်ခွာခဲ့လျှင် ထိုသူသည် မိမိ၏မိသားစုထံ ပြန်မလာမချင်း အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ဂျိဟာဒ်လုပ်ရန် ထွက်ခွာသွားသူနှင့် ပညတ်သဘောချင်း အတူတူဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သာသနာ့ပညာရှာဖွေသူသည် သာသနာတော်ကို ရှင်သန်စေခြင်း၊ ရှိုင်တွာန်မိစ္ဆာအား သေးသိမ်နိမ့်ကျစေခြင်း၊ စိတ်ပင်ပမ်းခြင်းတို့တွင် ဂျိဟာဒ်လုပ်သူကဲ့သို့ပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမှန်စင်စစ် သာသနာ့ပညာရှာဖွေ ဆည်းပူးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုသကဲ့သို့ပင် ဖြစ်သည်။
  2. သာသနာ့ပညာ ရှာဖွေဆည်းပူးသူသည် စစ်မြေပြင်၌ စစ်တိုက်သူ မူဂျာဟိစ်ဒ်၏ အကျိုးကုသိုလ်ကို ရရှိမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှစ်ဦးစလုံးသည် အလ္လာဟ်အရှင်မြတ်၏ (ရှရီအဟ်)တရားလမ်းစဥ်အား ခိုင်မာတောင့်တင်းစေရန်နှင့် သာသနာမဟုတ်သောအရာများကို သာသနာတော်မှ ဖယ်ရှားရန် အတွက် ဆောင်ရွက်နေသူများပင် ဖြစ်သည်။
  3. သာသနာ့ပညာ ရှာဖွေဆည်းပူးရန် ထွက်ခွါသွားသူသည် မိမိ မိသားစုထံသို့ ပြန်ရောက်သည်အထိ ၎င်းသူလျှောက်လှမ်းခဲ့သော အသွားအပြန် ခြေလမ်းတိုင်းတွင် အကျိုးကုသိုလ် ရရှိမည်ဖြစ်ကြောင်း ဟဒီးဆ်တော်တွင်လာရှိသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

28 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်