1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်ပေ။

عَنِ ابْنِ عَبَّاسٍ رضي الله عنهما قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَا يَنْظُرُ اللهُ إِلَى رَجُلٍ أَتَى رَجُلًا أَوِ امْرَأَةً فِي دُبُرٍ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အစ်ဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
"အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်ပေ။"

صحيح رواه الترمذي والنسائي في الكبرى السنن الكبرى للنسائي - 8952

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် အလွန်ပြင်းထန်သော ခြိမ်းခြောက်မှုကို ရှင်းလင်းတင်ပြ၍ မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အမျိုးသားတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း၊ အမျိုးသမီးတစ်ဦး၏ အနောက်ဘက်မှသော် လည်းကောင်း လိင်ဆက်ဆံသူအမျိုးသားအား (ကရုဏာတော်၏အရှူဖြင့်) ကြည့်ရှုတော်မူမည်မဟုတ်။ ထို့ပြင် ထိုအပြုအမူသည် ကြီးလေးသော အပြစ်အကုသိုလ်များထဲမှ တစ်ခုဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမျိုးသားတစ်ဦးသည် အခြားအမျိုးသားတစ်ဦးနှင့် လိင်ဆက်ဆံခြင်း (လဝါသွတ်သ်) သည် ကြီးလေးသော အပြစ်အကုသိုလ်များထဲမှ တစ်ခုဖြစ်သည်။
  2. အမျိုးသမီး၏ အနောက်ဘက်(စအို) တွင် လိင်ဆက်ဆံခြင်းသည်လည်း ကြီးလေးသော အပြစ်အကုသိုလ်များထဲမှ တစ်ခုဖြစ်သည်။
  3. ဤဟဒီးဆ်တွင်ပါရှိသော "لا ينظر الله" (အလ္လာဟ်အရှင်မြတ် ကြည့်ရှုတော်မူမည်မဟုတ်) ဆိုသည့် စကားရပ်၏ အနက်အဓိပ္ပာယ်မှာ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကရုဏာတော်နှင့် ကြင်နာမှု၏အရှူဖြင့် ကြည့်ရှုတော်မူမည်မဟုတ်ဟု ဆိုလိုသည်။ ဤနေရာတွင် ယေဘုယျကြည့်ရှုမှုကို ဆိုလိုခြင်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာမျှ အလ္လာဟ်အရှင်မြတ်ထံမှ လျှို့ဝှက်ဖုံးကွယ်၍ မရနိုင်သကဲ့သို့ အရှင်မြတ်၏ အမြင်တော်မှ ကွယ်ပျောက်၍ မရနိုင်သောကြောင့်ဖြစ်သည်။
  4. ဤအပြုအမူများသည် အလွန်ပင်စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အပြုအမူများထဲမှဖြစ်၍၊ လူသားမျိုးနွယ်အပေါ် စိုးရိမ်စရာအကောင်းဆုံးသော အပြုအမူများထဲမှဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတွင် လူသား၏ မူလသဘာဝဗီဇကို ဆန့်ကျင်ခြင်း၊ မျိုးဆက် လျော့နည်းစေခြင်း၊ အိမ်ထောင်ရေးကို ဖျက်ဆီးခြင်း၊ ရန်ငြိုးထားမှုနှင့် မုန်းတီးမှုများ စိုက်ထူခြင်းနှင့် ရွံစရာနေရာများသို့ ကျရောက်စေခြင်းစသည့် ဆိုးကျိုးများပါဝင်သောကြောင့် ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

48 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية