1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။

عن بعض أزواج النبي صلى الله عليه وسلم عن النبي صلى الله عليه وسلم قال:
«مَنْ أَتَى عَرَّافًا فَسَأَلَهُ عَنْ شَيْءٍ لَمْ تُقْبَلْ لَهُ صَلَاةٌ أَرْبَعِينَ لَيْلَةً».

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကြင်ရာတော်အချို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံသွား၍ တစ်စုံတစ်ရာ မေးမြန်းပါက ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းခံရမည် မဟုတ်ပေ။

صحيح رواه مسلم صحيح مسلم - 2230

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အရ်ရာဖ်ဟုခေါ်သည့် အကွယ်ရှိအကြောင်းအရာများကို ဟောကြားသူထံ သွားရောက်ခြင်းကို တားမြစ်တော်မူခဲ့သည်။ အရ်ရာဖ်ဟူသည့် စကားလုံးတွင် အကွယ်ဆိုင်ရာအသိပညာအတွက် ကြိုတင်ခန့်မှန်းချက် နိမိတ်လက္ခာများကို အသုံးပြုကာ ဟောကြားသည့် အကြားအမြင်ဆရာ၊ ဗေဒင်လက္ခဏာဆရာ၊ နက္ခတ်ဗေဒဆရာ၊ သဲပေါ်တွင် အရုပ်ရေးခြစ်ဟောသည့်ဆရာများ အားလုံးပါဝင်သည်။ ၎င်းတို့အား အကွယ်ဆိုင်ရာ ကိစ္စတစ်စုံတစ်ရာကို မေးမြန်းရုံဖြင့် အလ္လာဟ်အရှင်မြတ်သည် မေးမြန်းသူအား ၎င်းသူရက်ပေါင်းလေးဆယ် ဝတ်ပြုခဲ့သောဆွလာသ်၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်စေတော်မူမည်ဖြစ်သည်။ ဤသည် သူကျူးလွန်ခဲ့သည့် ကြီးလေးသော အပြစ်အကုသိုလ်အတွက် ပြစ်ဒဏ်ပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဗေဒင်ဟောခြင်း၊ ဗေဒင်လက္ခဏာဆရာများထံ သွားခြင်း၊ ၎င်းတို့အား အကွယ်အကြောင်းအရာများကို မေးခြင်း ဟရာမ်ဖြစ်သည်။
  2. လူသားသည် မိမိကျူးလွန်လိုက်သည့် အကုသိုလ်ကြောင့် တစ်ခါတစ်ရံ ကောင်းမှုများ၏ အကျိုးကုသိုလ်မှ လက်မဲ့ဖြစ်သွားသည်။
  3. ရာသီခွင်ကို ကြည့်ကာ ဗေဒင်တွက်ခြင်း ဟောခြင်း၊ လက်ဝါးပြင်ကိုကြည့်၍ ဟောခြင်း၊ ဖန်ခွက်ဖြင့် ဟောခြင်း စသည့်ကိစ္စရပ်များကို ယုံကြည်မှုမရှိဘဲ လေ့လာရန်သဘောမျိုးဖြင့် သွားရောက်မေးမြန်းခြင်းသည်လည်း ဤဟဒီးဆ်တော်၏ အမိန့်တွင် အကျုံးဝင်သည်။ အဘယ်ကြောင့်ဆိုသော် ဖော်ပြပါ ကိစ္စများအားလုံးသည် ဗေဒင်လက္ခဏာပညာဖြစ်ပြီး အကွယ်ကိုသိကြောင်း ကြွေးကြော်ခြင်း၌ပါဝင်သည်။
  4. ဗေဒင်၊ နက္ခတ်၊ အကြားအမြင်ဆရာများထံ သွားသူ၏အပြစ်သည် ဤသို့ဖြစ်လျှင် မိမိကိုယ်တိုင် ဟောကြားသူသည် မည်မျှအပြစ်ကြီးမည်နည်း။
  5. ရက်ပေါင်း လေးဆယ်တိုင် ထိုသူ၏ ဆွလာသ် လက်ခံခြင်းမခံရသည့် အလိုသဘောမှာ ဆွလာသ်အထမြောက်သွားပြီး ကဿွာဖြည့်ရန်မလိုသော်လည်း ဆွလာသ်အတွက်မည်သည့် အကျိုးကုသိုလ်မျှ ရရှိမည်မဟုတ်‌ပေ။

ဘာသာပြန်များကို ကြည့်ရှုရန်

64 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
YAO Yao الياو
KMR Kurmancî الكرمنجية