1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။

عن ابن عباس رضي الله عنهما قال: قال رسول الله صلى الله عليه وسلم:
«من اقتبَسَ علْمًا مِنَ النُّجُومِ اقْتبَسَ شُعبَة مِن السِّحرِ، زادَ ما زادَ».

အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။

صحيح رواه أبو داود وابن ماجه وأحمد سنن أبي داود - 3905

ရှင်းလင်းချက်

ဟဒီးဆ်တော်၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကြင်သူသည် နက္ခတ်ဗေဒ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်ကို သင်ယူဆည်းပူးခဲ့ပြီး မည်သူသည် သေဆုံးမည်၊ မည်သူသည် အသက်ရှင်မည်၊ မည်သူသည် နာမကျန်းဖြစ်မည် စသည်ဖြင့် မြေပထဝီ၌ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို ကြယ်တာရာများနှင့် ဂြိုလ်များ၏ လှုပ်ရှားသွားလာခြင်း၊ ဝင်ခြင်း၊ ထွက်ခြင်းတို့ဖြင့် ကောက်ချက်ချခြင်းသည် ဂျာဒူပယောဂပညာ၏ ပညာရပ်အချို့ကို သင်ယူလိုက်ခြင်းပင်ဖြစ်သည်။ လူသားတွင် ထိုပညာရပ်တိုးလာသည့်နှင့်အမျှ ဂျာဒူပယောဂအတတ်လည်း တိုးလာမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကြယ်တာရာတို့၏ အခြေအနေများ‌ပေါ်မူတည်၍ အနာဂတ် ကိစ္စရပ်များကို ဟောကြားသည့် နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်ကို သင်ယူခြင်း ဟရာမ်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းပညာရပ်သည် အကွယ်ကိုသိကြောင်း ကြွေးကြော်ခြင်းပင်ဖြစ်သည်။
  2. ဟရာမ် တားမြစ်‌ထား‌သော နက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်သည် သောင်ဝ်ဟီးဒ်နှင့်ဆန့်ကျင်သည့် ဂျာဒူပယောဂ အမျိုးအစားများထဲတွင်ပါဝင်သည်။ သို့သော် အရပ်မျက်နှာများ၊ ဆွလာသ်တွင် မျက်နှာမူရမည့် ကိဗ်လဟ်ဘက်၊ ရာသီအချိန်အခါများ၊ လများဝင်ရောက်ခြင်းကို သိရှိရန်အတွက် ကြယ်တာရာများကို ကြည့်ရှုခွင့်ရှိသည်။
  3. အကြင်သူသည် ထိုနက္ခတ်တာရာ ဂြိုလ်စီး၊ဂြိုလ်နင်း ပညာရပ်ကို တိုး၍သင်ယူသည်နှင့်အမျှ ဂျာဒူပယောဂအတတ်ကို တိုး၍သင်ယူလာခြင်းပင် ဖြစ်သည်။
  4. အလ္လာဟ်အရှင်မြတ်သည် ကြယ်တာရာများနှင့် ပတ်သက်သည့် အကျိုး(၃)ခုကို ကျမ်းမြတ်ကုရ်အာန်၌ ဖော်ပြထားပေသည်။ ၎င်းတို့မှာ- (၁) မိုးကောင်းကင်၏ အလှတန်ဆာဖြစ်ခြင်း။ (၂) လမ်းများကို ရှာတွေ့ကြရန် အမှတ်သညာဖြစ်ခြင်း။ (၃) ရှိုင်သွာန် မိစ္ဆာကောင်များအား ပစ်ခတ်ရန် လက်နက်ကိရိယာဖြစ်ခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

64 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
YAO Yao الياو
KMR Kurmancî الكرمنجية