1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

ဟဒီးဆ် အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။

عن أبي هريرة رضي الله عنه: أن رسول الله صلى الله عليه وسلم قال:
«لَا تَجْعَلُوا بُيُوتَكُمْ مَقَابِرَ، إِنَّ الشَّيْطَانَ يَنْفِرُ مِنَ الْبَيْتِ الَّذِي تُقْرَأُ فِيهِ سُورَةُ الْبَقَرَةِ».

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် မိမိတို့၏အိမ်များကို ကဗရ်သင်္ချိုင်းများအဖြစ် မပြုလုပ်ကြလေနှင့်။ ဧကန်မုချ ရှိုင်သွာန်သည် စူရဟ်ဗကရဟ်ရွတ်ဖတ်သော အိမ်မှထွက်ပြေးသည်။

صحيح رواه مسلم صحيح مسلم - 780

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အိမ်များကို ဆွလာသ်ဆောက်တည်ခွင့်မရှိသော ကဗရ်သင်္ချိုင်းများသဖွယ် ဆွလာသ်ဝတ်မပြုဘဲနေခြင်းမှ တားမြစ်တော်မူခဲ့သည်။
ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှိုင်သွာန်သည် စူရဟ်ဗကရဟ် ရွတ်ဖတ်သည့်အိမ်မှ ထွက်ပြေးကြောင်း မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိမ်များတွင် အိဗာဒသ် မြားမြောင်စွာပြုလုပ်ခြင်း၊ နဖ်လ်ဆွလာသ်များဆောက်တည်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။
  2. ကဗရ်သင်္ချိုင်းများတွင် ဆွလာသ် ဆောက်တည်ခြင်း မပိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤသည် ရှိရ်က် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းနှင့် ကဗရ်ထဲတွင်ရှိနေသူများနှင့် ပတ်သက်၍ အစွန်းရောက်ခြင်းဆီသို့ ပို့ဆောင်ပေးသည့် အကြောင်းခံတစ်ခုဖြစ်သည်။ သို့သော် ဂျနာဇဟ်ဆွလာသ် ဝတ်ပြုခွင့်ရှိသည်။
  3. ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းကို တားမြစ်ထားကြောင်း ဆွဟာဗဟ်များ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အိမ်များတွင် ဆွလာသ် မဆောက်တည်ဘဲ ကဗရ်သင်္ချိုင်းများကဲ့သို့ ပြုလုပ်ထားခြင်းကို တားမြစ်တော်မူခြင်းဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

63 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية