1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

ဟဒီးဆ် မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။" အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။

عن أبي الدرداء رضي الله عنه أن النبي صلى الله عليه وسلم قال:
«مَنْ حَفِظَ عَشْرَ آيَاتٍ مِنْ أَوَّلِ سُورَةِ الكَهْفِ، عُصِمَ مِنَ الدَّجَّالِ». وفي رواية: «مِنْ آخِرِ سُورَةِ الكَهْف».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဒရ်ဒါအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် ဒဂျ်ဂျာလ်၏ အန္တရာယ်မှ ကာကွယ်ခြင်းခံရမည်။" အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။

صحيح رواه مسلم صحيح مسلم - 809

ရှင်းလင်းချက်

နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားသည်မှာ- မည်သူမဆို စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားပါက၊ ထိုသူသည် မစီဟ်ဒဂျ်ဂျာလ်၏ ဖိသ်နဟ် (ဖျားယောင်းသွေးဆောင်မှု) မှ ကာကွယ်ခြင်းခံရမည်။ ၎င်းသည် နောက်ဆုံးခောတ်ကာလတွင် ပေါ်ထွက်လာမည်ဖြစ်ပြီး ကိုးကွယ်ရာအရှင်ဖြစ်ကြောင်း ကြွေးကြော်လိမ့်မည်။ ၎င်း၏ ဖိသ်နဟ်သည် လူသားမျိုးနွယ် ဖန်ဆင်းခြင်းခံရသည့်အချိန်မှစ၍ ကိယာမသ်ဖြစ်မည့်အချိန်အထိ ကမ္ဘာပေါ်တွင် ကြုံတွေ့ရမည့် အကြီးမားဆုံးသော ဖိသ်နဟ်စမ်းသပ်မှုဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သာမန်လူတို့၏ နားလည်မှုကို ကျော်လွန်သည့် တန်ခိုးများ ပေးသနားတော်မူမည်၊ ထိုတန်ခိုးများဖြင့် သူသည် လူတို့အား လမ်းမှားသို့ ဦးတည်စေမည်။ စူရဟ်ကဟဖ်၏ ပထမဆယ်အာယတ်ကို ကျက်မှတ်ထားခြင်းဖြင့် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုမှ ကာကွယ်မှုရရှိခြင်းမှာ၊ ထိုအာယတ်တော်များတွင် ဒဂျ်ဂျာလ်၏ တန်ခိုးများထက် ပိုမိုကြီးမြတ်သည့် အံ့ဖွယ်ရာများနှင့် သက်သေလက္ခဏာ တော်များ ပါရှိသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ထိုအာယတ်တော်များ၏ အနက်အဓိပ္ပာယ်ကို သေချာစဉ်းစားဆင်ခြင်ပါက၊ သူသည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို လက်ခံလိမ့်မည် မဟုတ်ပေ။ အခြားဆင့်ပြန်ချက်တစ်ခုတွင် "စူရဟ်ကဟဖ်၏ နောက်ဆုံးဆယ်အာယတ်" ဟု ဖော်ပြထားသည်။ ၎င်းမှာ "{أفحسب الذين كفروا أن يتخذوا…} " ဟူသောအာယသ်မှစ၍ စူရဟ်အဆုံးထိဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ စူရဟ်ကဟဖ်၏ ထူးမြတ်မှုကို ဖော်ပြထားပြီး ၎င်း၏အစပိုင်း သို့မဟုတ် အဆုံးပိုင်းများသည် ဒဂျ်ဂျာလ်၏ဖျားယောင်းမှုမှ ကာကွယ်ပေးကြောင်း ဖော်ပြထားခြင်း။
  2. ၂။ ဒဂျ်ဂျာလ် ထွက်ပေါ်မည့်အကြောင်းနှင့် ၎င်းမှကာကွယ်နည်းကို အသိပေးတင်ပြထားခြင်း။
  3. ၃။ စူရဟ်ကဟဖ်တစ်ပုဒ်လုံးကို ကျက်မှတ်ထားရန် တိုက်တွန်းခြင်းနှင့် တစ်ပုဒ်လုံးကျက်မှတ်ရန် မတတ်စွမ်းနိုင်ပါက အနည်းဆုံး အစ ဆယ်အာယသ်နှင့်‌ နောက်ဆုံး အာယသ်စီကို ကျက်မှတ်ထားရန် တိုက်တွန်းခြင်း။
  4. ၄။ အိမာမ်ကုရ်သုဗီက ဆိုသည်မှာ - ၎င်း၏ အကြောင်း ရင်းနှင့်ပတ်သတ်၍ အချို့က "ကဟဖ် ဂူတွင်းသားများ၏ ဖြစ်ရပ်တွင် အံ့ဖွယ်ရာများနှင့် သက်သေလက္ခဏာများ များစွာပါရှိသည့်အတွက် ဖြစ်သည်ဟုဆိုကြသည်။ မည်သူမဆို ဤဖြစ်ရပ်ကို ကောင်းစွာနားလည်ပါက၊ ဒဂျ်ဂျာလ်‌၏ ဖိသ်နဟ်အား အံ့အားသင့်မည်မဟုတ်သလို ယင်းဖိသ်နဟ်သည် ၎င်းအား ထိတ်လန့်ကြောက်ရွံ့စေမည်လည်းမဟုတ်ပေ။ ထို့ပြင် ဒဂျ်ဂျာလ်၏ စမ်းသပ်မှုကို ခံရလိမ့်မည်မဟုတ်ပေ။" အချို့က ဤသို့ဆိုသည် - "အကြောင်း ရင်းမှာ အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်: {لينذر بأسًا شديدًا من لدنه} (အရှင်မြတ်ထံမှ ပြင်းထန်သော ပြစ်ဒဏ်အကြောင်း သတိပေးရန်) ကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် ပြစ်ဒဏ်သည် အလွန်ပြင်းထန်ပြီး အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းသည် ဒဂျ်ဂျာလ်၏ ကိုးကွယ်အရှင်ဖြစ်ကြောင်း ကြွေးကြော်ခြင်း၊ သူ၏ လွှမ်းမိုးမှုနှင့် ကြီးမားသော ဖျားယောင်းသွေးဆောင်မှုနှင့် လျော်ညီပေသည်။ ထို့ကြောင့် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို ကြီးမားသော စမ်းသပ်မှုအဖြစ် ဖော်ပြခဲ့ပြီး၊ ၎င်းနှင့်ပတ်သတ်၍ သတိပေးခဲ့ပြီး၊ အရှင်မြတ်ထံ ကိုယ်တိုင် ခိုလှုံမှုတောင်းခံခဲ့ပြီး၊ ထိုမှ ခိုလှုံခွင့်တောင်းရန် ညွှန်ကြားခဲ့သည်။ ဤဟဒီးစ်၏ အဓိပ္ပာယ်မှာ: "မည်သူမဆို ဤအာယတ်တော်များကို ဖတ်ရှု့ဆင်ခြင်၍ ၎င်းအာယသ်တော်များ၏ အဓိပ္ပာယ်ကို ကောင်းစွာနားလည်ပါက၊ သူသည် ဒဂျ်ဂျာလ်၏ ဖျားယောင်းသွေးဆောင်မှုကို သတိထားနိုင်ပြီး၊ ၎င်း၏ ရန်မှ လွတ်ကင်းချမ်းသာနိုင်မည်ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

46 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية