عَنْ أَبِي سَعِيدٍ الخُدْرِيِّ رَضيَ اللهُ عنهُ:
أَنَّ رَجُلًا سَمِعَ رَجُلًا يَقْرَأُ: {قُلْ هُوَ اللَّهُ أَحَدٌ} يُرَدِّدُهَا، فَلَمَّا أَصْبَحَ جَاءَ إِلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَذَكَرَ ذَلِكَ لَهُ، وَكَأَنَّ الرَّجُلَ يَتَقَالُّهَا، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «وَالَّذِي نَفْسِي بِيَدِهِ إِنَّهَا لَتَعْدِلُ ثُلُثَ القُرْآنِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူစအီးဒ်ခုဒ်ရီ ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
“လူတစ်ဦးသည် အခြားလူတစ်ဦး အား ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ အား ထပ်ခါထပ်ခါ ရွတ်ဖတ်နေသည်ကို ကြားလေ၏။ နံနက်ရောက်သော် ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်လာပြီး ထိုအကြောင်းကို လျှောက်ထားလေ၏။ ထိုလူသည် ယင်းစူရဟ်(၏ အကျိုးကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ‘‘ငါကိုယ်‌တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။

صحيح رواه البخاري صحيح البخاري - 5013

ရှင်းလင်းချက်

အဘူစအီးဒ်အလ်ခုဒ်ရီ (ရဿိယလ္လာဟုအန်ဟု) က ဆင့်ပြန်တင်ပြခဲ့သည်- လူတစ်ဦးသည် အခြားလူတစ်ဦး အား စူရဟ် ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ အား တစ်ညလုံး ထပ်ခါထပ်ခါ ရွတ်ဖတ်နေသည်ကို ကြားလေ၏။ နံနက်ရောက်သော် ရစူလ်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ရောက်လာပြီး ထိုအကြောင်းကို လျှောက်ထားလေ၏။ လျှောက်ထားမေးမြန်းသူအနေဖြင့် ယင်း (စူရဟ်၏ အကျိုး ကျေးဇူး) ကို အနည်းငယ်မျှသာဟု ထင်မှတ်နေပုံရ၏။ ထိုအခါ တမန်တော်မြတ်က အလေးအနက် ကျိန်ဆိုခြင်းဖြင့် “ငါကိုယ်‌တော်၏ အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်ကို တိုင်တည်ကျိန်ဆို၍ ပြောမည်။ ဧကန်စင်စစ် ဤစူရဟ်သည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှသည်’’ ဟု မိန့်ကြားတော်မူခဲ့၏။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ စူရဟ်အိခ်လားစ်ွ၏ ထွတ်မြတ်မှုနှင့် ၎င်းသည် ကုရ်အာန်၏ သုံးပုံတစ်ပုံနှင့် ညီမျှကြောင်း (ဖော်ပြထားသည်။)
  2. ၂။ ညဉ့်ဦးယံဆွလာသ် (ကိယာမွလ်လိုင်လ်) တွင် အနည်း ငယ်သော အာယသ်များကို ရွတ်ဖတ်ပြီး ၎င်းတို့ကို ထပ်ခါတလဲလဲ ရွတ်ဖတ်ခွင့်ရှိသည်။ ၎င်းအား အနည်းငယ်မျှဟု မမှတ်ယူသင့်ပေ။
  3. ၃။ အိမာမ်မာဇိရီက မိန့်ဆိုသည်- သုံးပုံတစ်ပုံနှင့်ညီမျှသည်ဟု ဆိုလိုခြင်းမှာ- ကုရ်အာန်သည် အပိုင်းကြီးသုံးပိုင်း ပါဝင်သည်။ ၎င်းတို့မှာ အထ္ထုပတ္တိများ (ရှေးလူမျိုးများနှင့် ၎င်းတို့၏ဖြစ်ရပ်များ)၊ အမိန့်ပညတ်ချက်များနှင့် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များဖြစ်သည်။ ‘ကွလ် ဟုဝလ္လာဟု အဟဒ်’ (အို နဗီတမန်တော် အသင်ပြောလိုက်ပါ။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူ၏။) သည် ဂုဏ်တော်များအကြောင်း သက်သက်ဖြစ်သောကြောင့် ၎င်းသည် ကုရ်အာန်၏ သုံးပုံတစ်ပုံ (အပိုင်းသုံးပိုင်းအနက်မှ တစ်ပိုင်း) ဖြစ်သည်။ အချို့ကလည်း ဤသို့ဆိုသည်- အဆိုပါအကြောင်းကို ဆိုလိုသည်မှာ စူရဟ်အိခ်လားစ်ွကို ရွတ်ဖတ်ခြင်း၏ ကောင်းမှုအကျိုးသည် ဆတိုးမပါဘဲ ကုရ်အာန်၏ သုံးပုံတစ်ပုံကို ရွတ်ဖတ်ခြင်း၏ ကောင်းမှုအကျိုးနှင့် ညီမျှအောင် တိုးမြှင့်ပေးအပ်ခြင်းခံရခြင်း ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

35 ဘာသာစကား
EN English အင်္ဂလိပ်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ কন্নড়
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية