1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် “လူတစ်ယောက်သည် လမ်းပေါ်၌ လျှောက်သွားစဉ် လမ်းပေါ်ရှိ ဆူးညှောင့်တစ်ခုကို တွေ့ရှိသဖြင့် ၎င်းကို ဖယ်ရှားလိုက်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ် သည် သူ၏ကောင်းမှုအား နှစ်သက်လက်ခံတော်မူခဲ့ပြီး သူ့အား ခွင့်လွှတ်တော်မူခဲ့လေသည်။”

عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنهُ أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«بَيْنَمَا رَجُلٌ يَمْشِي بِطَرِيقٍ وَجَدَ غُصْنَ شَوْكٍ عَلَى الطَّرِيقِ فَأَخَّرَهُ، فَشَكَرَ اللَّهُ لَهُ فَغَفَرَ لَهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“လူတစ်ယောက်သည် လမ်းပေါ်၌ လျှောက်သွားစဉ် လမ်းပေါ်ရှိ ဆူးညှောင့်တစ်ခုကို တွေ့ရှိသဖြင့် ၎င်းကို ဖယ်ရှားလိုက်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ် သည် သူ၏ကောင်းမှုအား နှစ်သက်လက်ခံတော်မူခဲ့ပြီး သူ့အား ခွင့်လွှတ်တော်မူခဲ့လေသည်။”

صحيح متفق عليه صحيح مسلم - 1914

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်- လူတစ်ဥှီးသည် လမ်း လျှောက်သွားနေစဉ် လမ်းပေါ်ရှိ ဆူးများပါသော သစ်ကိုင်းတစ်ခုကို ဖြတ်သွားမိသည်။ ထိုသစ်ကိုင်းသည် မွတ်စ်လင်မ်များကို ဒုက္ခပေးနေခဲ့သည်။ ထို့ကြောင့် သူသည် ထိုသစ်ကိုင်းကို လမ်းမှ ဖယ်ရှားလိုက်လေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဤကောင်းမှုကို လက်ခံတော်မူခဲ့ပြီး သူ့အား ခွင့်လွှတ်တော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ လမ်းပေါ်ရှိ လူတို့အားအန္တရာယ်ဖြစ်စေသော အရာများကို ဖယ်ရှားခြင်း၏ ထွတ်မြတ်မှုနှင့် ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းကို ရရှိစေသော အကြောင်း တရားဖြစ်သည်။
  2. ၂။ ကောင်းမှုကုသိုလ်များကို အနည်းငယ်မျှပင်ဖြစ်‌စေ မထီမဲ့မြင်မပြုရ။
  3. အစ္စလာမ်သည် သန့်ရှင်းမှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်မှုနှင့် လူထုဘေးကင်းလုံခြုံရေးတို့ကို အလေးထားသော သာသနာဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

39 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ কন্নড়
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية