عَنْ عَبْدِ اللهِ بنِ عُمَر رضي الله عنهما قال: قال رسولُ الله صلى الله عليه وسلم:
«بُنِيَ الْإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَحَجِّ الْبَيْتِ، وَصَوْمِ رَمَضَانَ».

အဗ်ဒုလ္လာဟ်ဗင်န်အုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အစ္စလာမ်သာသနာသည် မဏ္ဍိုင်ကြီးငါးခုပေါ်တွင် တည်ဆောက်ထားသည်။ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ဗန္ဒဟ်အစေတော်နှင့်ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်း၊ (၂) ဆွလာသ် ဆောက်တည်ခြင်း၊ (၃) ဇကာသ်ပေးဆောင်ခြင်း၊ (၄) ကအ်ဗဟ်ကျောင်းတော်အား ဟဂ်ျပြုလုပ်ခြင်း၊ (၅) ရမဿွာန်လ၏ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းတို့ဖြစ်သည်။

صحيح متفق عليه صحيح مسلم - 16

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာကို ပင်မတိုင်ကြီး ငါးခုက ထောက်မကာ ဆောက်တည်ထားသော ခိုင်မာသည့်အဆောက်အအုံဖြင့် ပမာနှိုင်းပြတော်မူသည်။ အစ္စလာမ်၏ ကျန်ဝိသေသလက္ခဏာများသည် ထိုအဆောက်အအုံကို ပြည့်ပြီးစုံစေသော လက္ခဏာများဖြစ်သည်။ ဤမဏ္ဍိုင်ကြီးငါးခုအနက် ပထမဆုံးတစ်ခုမှာ ရှဟာဒသ် သက်သေခံခြင်း နှစ်မျိုးဖြစ်သည့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သောအရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြစ်သည်။ ထိုသက်သေခံခြင်းနှစ်ခုသည် မဏ္ဍိုင်တစ်ခုသာဖြစ်ပြီး တစ်ခုနှင့်တစ်ခု ခွဲထုတ်၍မရပေ။ ကျေးကျွန်သည် ၎င်းရှဟာဒသ်နှစ်ခုကို မြွက်ဟပြောဆိုရာတွင် အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်း တည်ရှိ‌တော်မူသောအရှင်ဖြစ်ကြောင်း၊ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းသာ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူပြီး အရှင်မြတ်အပြင်မည်သူမျှ ခဝပ်ကိုးကွယ်ခြင်းကို မခံထိုက်ကြောင်းကို ဝန်ခံကာ ရှဟာဒသ်နှစ်ခု၏ တောင်းဆိုမှုအတိုင်း ကျင့်ကြံအားထုတ်ရမည်။ ထို့ပြင် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ရိစာလသ် နောက်ဆုံးရစူလ်တမန်တော်ဖြစ်ခြင်းအား ယုံကြည်လျှက် နောက်လိုက်မှုပြုရမည်။ ဒုတိယတစ်ခုမှာ ဆွလာသ်ဆောက်တည်ခြင်းဖြစ်သည်။ ဤသည် တစ်ရက်တာတွင်ရှိသည့် ဖရ်ဿ်ွဆွလာသ် ငါးကြိမ်ဖြစ်သော ဖဂ်ျရ်ဆွလာသ်၊ ဇုဟုရ်ဆွလာသ်၊ အဆွရ်ဆွလာသ်၊ မဂ်ရိဗ်ဆွလာသ်၊ အိရှာဆွလာသ်စသည်တို့ကို ၎င်းတို့၏စည်ကမ်းချက်များ၊ ဖရ်ဿ်ွတာဝန်များ၊ ဝါဂျိဗ်တာဝန်များနှင့်တကွ ဆောက်တည်ခြင်းဖြစ်သည်။ တတိယတစ်ခုမှာ ဖရ်ဿွ်တာဝန်အဖြစ် သတ်မှတ်ပြဌာန်းထားသော ဇကာသ်ကို ပေးဆောင်ခြင်းဖြစ်သည်။ ဇကာသ်ဟူသည် ရှရိအဟ်တရားတော်က သတ်မှတ်ထားသော ပမာဏသို့ ရောက်ရှိသွားသည့်ဥစ္စာပစ္စည်းတိုင်းအတွက် သတ်မှတ်ထားသော ဖရ်ဿ်ွအိဗာဒသ်တစ်ခုဖြစ်သည်။ ဇကာသ်အား စားထိုက်သူများကို ပေးရသည်။ စတုတ္ထတစ်ခုမှာ ဟဂ်ျပြုလုပ်ခြင်းဖြစ်သည်။ ၎င်းသည် ဟဂ်ျကျင့်စဉ်များကို ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် မက္ကဟ်မြို့သို့ သွားရောက်ကာ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်းဖြစ်သည်။ ပဉ္စမတစ်ခုမှာ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်းဖြစ်သည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သည့် ရည်ရွယ်ချက်ဖြင့် နံနက်မိုးသောက်ချိန်မှစ၍ နေဝင်သည်အထိ စားခြင်း၊ သောက်ခြင်းနှင့် ဆွိယာမ်ဥပုသ်ကို ပျက်စေသော အခြားကိစ္စရပ်များကို ရှောင်ကြဉ်ခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သက်သေခံချက်နှစ်ခုသည် ခွဲခြား၍မရပေ။ ၎င်းတို့အနက်မှ တစ်ခုကိုချန်လှပ်ထားပါက အခြားတစ်ခုသည် မှန်ကန်မည်မဟုတ်ပါ။ ထို့ကြောင့် နှစ်ခုစလုံးကို မဏ္ဍိုင်တစ်ခုအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
  2. သက်သေခံချက်နှစ်ခုသည် သာသနာ၏အုတ်မြစ်ဖြစ်သည်။ မည်သည့်အပြောအဆို၊ လုပ်ရပ်မဆို ထိုသက်သေခံချက်နှစ်ခု ရှိမှသာ လက်ခံခြင်းခံရမည်ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

64 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو
အမျိုးအစားများ