1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။

عَنْ أَبِي هُرَيْرَةَ رضي الله عنه عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَمَّا خَلَقَ اللَّهُ الْجَنَّةَ وَالنَّارَ أَرْسَلَ جِبْرِيلَ عَلَيْهِ السَّلَامُ إِلَى الْجَنَّةِ، فَقَالَ: انْظُرْ إِلَيْهَا وَإِلَى مَا أَعْدَدْتُ لِأَهْلِهَا فِيهَا. فَنَظَرَ إِلَيْهَا فَرَجَعَ، فَقَالَ: وَعِزَّتِكَ لَا يَسْمَعُ بِهَا أَحَدٌ إِلَّا دَخَلَهَا. فَأَمَرَ بِهَا فَحُفَّتْ بِالْمَكَارِهِ، فَقَالَ: اذْهَبْ إِلَيْهَا فَانْظُرْ إِلَيْهَا وَإِلَى مَا أَعْدَدْتُ لِأَهْلِهَا فِيهَا. فَنَظَرَ إِلَيْهَا، فَإِذَا هِيَ قَدْ حُفَّتْ بِالْمَكَارِهِ، فَقَالَ: وَعِزَّتِكَ لَقَدْ خَشِيتُ أَنْ لَا يَدْخُلَهَا أَحَدٌ. قَالَ: اذْهَبْ فَانْظُرْ إِلَى النَّارِ وَإِلَى مَا أَعْدَدْتُ لِأَهْلِهَا فِيهَا. فَنَظَرَ إِلَيْهَا فَإِذَا هِيَ يَرْكَبُ بَعْضُهَا بَعْضًا، فَرَجَعَ فَقَالَ: وَعِزَّتِكَ لَا يَدْخُلُهَا أَحَدٌ. فَأَمَرَ بِهَا فَحُفَّتْ بِالشَّهَوَاتِ، فَقَالَ: ارْجِعْ فَانْظُرْ إِلَيْهَا. فَنَظَرَ إِلَيْهَا فَإِذَا هِيَ قَدْ حُفَّتْ بِالشَّهَوَاتِ، فَرَجَعَ وَقَالَ: وَعِزَّتِكَ لَقَدْ خَشِيتُ أَنْ لَا يَنْجُوَ مِنْهَا أَحَدٌ إِلَّا دَخَلَهَا».

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့်ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား ဂျန္နသ်သို့စေလွှတ်တော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က မိန့်တော်မူသည်မှာ အသင်သည် ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ၎င်းတို့အားကြည့်ရှုပြီး ပြန်လာခဲ့သည်။ ထို့နောက် ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ မည်သူမဆို ထိုဂျန္နသ်သုခဘုံအကြောင်း ကြားသိခဲ့ပါက မုချဝင်ရောက်မည်ပင်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများနှင့် ဝန်းရံထားရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်က အသင်ဂျန္နသ်သို့သွားရောက်၍ ဂျန္နသ်သုခဘုံနှင့် ၎င်းထဲ၌ သုခဘုံသားတို့အတွက် ပြင်ဆင်ထားသောအရာများကို ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျန္နသ်သုခဘုံကို ကြည့်ရှုရာ မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံခြင်းခံထားရသည်ကို မြင်တွေ့ခဲ့သည်။ ထိုအခါ ၎င်းက လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ထိုဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ထို့နောက် အရှင်မြတ်ကမိန့်တော်မူသည်မှာ အသင်သည် ဂျဟန္နမ် ငရဲဘုံနှင့် ၎င်းထဲ၌ ငရဲသားတို့အဖို့ ပြင်ဆင်ထားသောအရာများကို သွားရောက်ကြည့်ရှုလော့။ ထိုအခါ ဂျိဗ်ရီလ် (عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်ငရဲဘုံကို ကြည့်ရှု့ခဲ့ရာ ၎င်းမှမီးတောက်မီးလျှံများ လွင့်ဖြာထွက်နေသည်ကို မြင်တွေ့ခဲ့သည်။ ထို့နောက်ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)ကပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ပြောဆိုပါသည်။ ထိုဂျဟန္နမ်ငရဲဘုံအား မည်သူမျှ ဝင်ရောက်လိမ့်မည်မဟုတ်ပါ။ ထိုအခါအလ္လာဟ်အရှင်မြတ်က ၎င်းဂျဟန္နမ်အား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားရန်အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက်အလ္လာဟ်အရှင်မြတ်က အသင်ဂျဟန္နမ်အား ပြန်သွားကြည့်လော့ဟုမိန့်တော်မူသည်။ထိုအခါ ဂျိဗ်ရီလ်(عَلَيْهِ السَّلَامُ)က ဂျဟန္နမ်ကိုကြည့်ရှုခဲ့ရာ ၎င်းသည် စိတ်အလိုရမ္မက်များဖြင့် ဝန်းရံခြင်းခံထားရသည်ကို တွေ့ရှိခဲ့သည်။ ထို့နောက်ပြန်လာ၍ လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ဝင်ရောက်ကြမည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။

حسن رواه أبو داود والترمذي والنسائي سنن أبي داود - 4744

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် ဂျန္နသ်နှင့် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)အား သင်သည် ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျန္နသ်၌ရှိသော စည်းစိမ်များ၊ မွန်မြတ်မှုများနှင့် ကောင်းခြင်းများကို ကြားသိခဲ့ပါက မုချဝင်ရောက်လိုမည်ဖြစ်ပြီး ဂျန္နသ်ရရှိရန် ကျင့်ကြံအားထုတ်မည်ဖြစ်သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က ၎င်းဂျန္နသ်အား စိတ်မနှစ်မြို့ဖွယ်ရာများ၊ အမိန့်နာခံခြင်းနှင့် တားမြစ်ချက်များမှ ရှောင်ကြဉ်ခြင်းကဲ့သို့ ခက်ခဲသည့် ကျင့်ဆောင်မှုများဖြင့် ဝန်းရံတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျန္နသ်သို့ ဝင်ရောက်လိုသူတိုင်းသည် ထိုစိတ်မနှစ်မြို့ဖွယ်ရာများကို ဖြတ်ကျော်ရမည်သာဖြစ်သည်။ အရှင်မြတ်က ဂျန္နသ်အား မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျန္နသ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျန္နသ်အားသွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည် ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျန္နသ်သွားမည့် လမ်းတွင်ရှိသော ခက်ခဲပင်ပန်းမှုများကြောင့် ဂျန္နသ်အားမည်သူမျှပင် မဝင်ရောက်နိုင်တော့မည်ကို ကျွန်တော်မျိုး စိုးရိမ်မိပါသည်။ ၎င်းနောက် အရှင်မြတ်သည် ဂျဟန္နမ်ကို ဖန်ဆင်းတော်မူပြီးနောက် အို- ဂျစ်ဗ်ရီလ် သင်သည် ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဖြစ်၍ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင်မြတ်၏ ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ တစ်စုံတစ်ယောက်သည် ဂျဟန္နမ်ငရဲဘုံ၌ရှိသော အဇာဗ်ပြစ်ဒဏ်များ၊ ဆင်းရဲဒုက္ခများကို ကြားသိခဲ့ပါက လုံးဝဝင်ရောက်လိုမည် မဟုတ်ဘဲ ဂျဟန္နမ်သို့ ကျရောက်စေမည့် အကြောင်းခံများနှင့် ဝေးဝေးနေမည်ပင်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကို ဂျဟန္နမ်သို့ရောက်ရှိမည့် လမ်းအဖြစ် ပြုလုပ်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထို့နောက် အို- ဂျစ်ဗ်ရီလ် အသင်ဂျဟန္နမ်သို့သွားရောက် ကြည့်ရှုလော့ဟု မိန့်ကြားတော်မူသည်။ ထိုအခါ ဂျစ်ဗ်ရီလ်(عَلَيْهِ السَّلَامُ)သည် ဂျဟန္နမ်အား သွားရောက်ကြည့်ရှုကာ ပြန်လာခဲ့သည်။ ၎င်းနောက် အရှင်မြတ်အား လျှောက်ထားသည်မှာ အရှင့်ဂုဏ်သိက္ခာတော်ကိုကျိန်ဆို၍ ပြောဆိုပါသည်။ ဂျဟန္နမ်၏ ပတ်လည်တွင်ရှိသော စိတ်အလိုရမ္မက်များ၊ အရသာခံစားမှုများကြောင့် ဂျဟန္နမ်မှ မည်သူမျှ မလွတ်မြောက်မည်ကို ကျွန်တော်မျိုးစိုးရိမ်မိပါသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဂျန္နသ်နှင့် ဂျဟန္နမ်သည် ယခုတည်ရှိနေကြောင်း အီမာန်သက်ဝင်ယုံကြည်ရမည်။
  2. အကွယ်ကို အီမာန်သက်ဝင်ယုံကြည်ရန်နှင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားထားသည့် အရာတိုင်းကို အီမာန်သက်ဝင်ယုံကြည်ရန် တာဝန်ရှိသည်။
  3. မနှစ်မြို့ဖွယ်ရာများကို သည်းခံရမည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျန္နသ်သို့ပို့ဆောင်ပေးမည့် လမ်းပင်ဖြစ်သည်။
  4. တားမြစ်ထားသည့်အရာများမှ ရှောင်ကြဉ်ရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဂျဟန္နမ်သို့ ပို့ဆောင်ပေးမည့်လမ်းပင်ဖြစ်သည်။
  5. ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဝန်းရံထားပြီး၊ ဂျဟန္နမ်ငရဲဘုံအား စိတ်အလိုရမ္မက်များဖြင့် ဝန်းရံထားသည်။ ဤသည် လောကီဘဝသက်တမ်းတွင် စမ်းသပ်မှုပင်ဖြစ်သည်။
  6. ဂျန္နသ်သို့သွားရာလမ်းသည် ခက်ခဲကြမ်းတမ်းပြီး အီမာန်ယုံကြည်မှုနှင့်အတူ သည်းခံခြင်းတရားလက်ကိုင်းထားရန် လိုအပ်သည်။ ဂျဟန္နမ်သို့သွားရာလမ်းသည် စိတ်အလိုရမ္မက်များ၊ လောကီစည်းစိမ်ချမ်းသားများဖြင့် ပြည့်နှက်နေသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

69 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan আজারী
EL Ελληνικά اليونانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
LN Lingala اللينجالا
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
DA Dansk الدنماركية
RN Kirundi الكيروندي
YAO Yao الياو
KMR Kurmancî الكرمنجية
MS Bahasa Melayu الملايو