1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော အရည်များ ထွက်လာခြင်းကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မပြုခဲ့ပါ။

عن أُمِّ عَطِيَّةَ رَضي الله عنها، وكَانَتْ بايَعَت النبيَّ صلى الله عليه وسلم، قالت:
كُنَّا لا نَعُدّ الكُدرَةَ والصُّفْرَةَ بعدَ الطُّهرِ شيئًا.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အွမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်ခဲ့သည်။ သူမသည် နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ထံ သစ္စာခံခဲ့သူဖြစ်သည်။ သူမက ပြောသည်မှာ
"ကျွန်မတို့သည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ညစ်ညမ်းသော အရောင် (အညိုရောင်) သို့မဟုတ် အဝါရောင် ရှိသော အရည်များ ထွက်လာခြင်းကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မပြုခဲ့ပါ။"

صحيح رواه أبو داود بهذا اللفظ ورواه البخاري بدون زيادة (بعد الطهر) سنن أبي داود - 307

ရှင်းလင်းချက်

ဆွဟာဗီအမျိုးသမီးသာဝကတစ်ဦးဖြစ်သော အွမ္မုအသွိယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ပြောပြသည်မှာ နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ ခေတ်က အမျိုးသမီးများသည် သွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် မိန်းမကိုယ်မှ ထွက်သော အညိုရောင် သို့မဟုတ် အဝါရောင် အရည်များကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ထိုအရည်များဆင်းခြင်းကြောင့် ဆွလာသ်ဝတ်ပြုခြင်း သို့မဟုတ် ရိုဇာထားခြင်းကို မရပ်ဆိုင်းခဲ့ကြပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဓမ္မတာသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် မိန်းမကိုယ်မှ ထွက်သော အရည်တွင် အညိုရောင် သို့မဟုတ် အဝါရောင် ပါဝင်နေလျင်လည်း ယင်းအရည်ကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မမှတ်ယူပေ။
  2. ဓမ္မတာသွေးဆင်းသည့်ကာလအတွင်းဖြစ်စေ လစဉ်ပုံမှန်သွေးဆင်းသည့်ကာလအတွင်းဖြစ်‌စေ ထွက်သော အညိုရောင် သို့မဟုတ် အဝါရောင် အရည်များကို ဓမ္မတာသွေးဆင်းခြင်းအဖြစ် မှတ်ယူသည်၊ အဘယ့်ကြောင့်ဆိုသော် လစဉ်ပုံမှန်သွေးဆင်းသည့်ကာလအတွင်း ရောနှောနေသော အရည်တစ်မျိုးဖြစ်သောကြောင့် ဖြစ်သည်။
  3. အမျိုးသမီးတစ်ဦးသည် ဓမ္မတာသွေးဆင်းခြင်းမှ သန့်စင်ပြီးနောက် ထွက်သော အညိုရောင် သို့မဟုတ် အဝါရောင် အရည်များကြောင့် ဆွလာသ်ဝတ်ပြုခြင်း သို့မဟုတ် ရိုဇာထားခြင်းကို မရပ်ဆိုင်းသင့်ပါ၊ ထိုအစား ဝူဿွူပြုလုပ်ပြီး ဆွလာသ်ဝတ်ပြုသင့်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

57 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية