1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် ဤသည် သွေးကြောမှလာသည့်သွေးသာဖြစ်သည်။ သို့သော် အသင်မ ဓမ္မတာသွေးဆင်းလေ့ရှိသည့် ရက်အ တိုင်းအတာကိုသာ ဆွလာသ်ဆောက်တည်ခြင်းမပြုဘဲ နေရမည်။ ၎င်းနောက် (ထိုရက်များကျော်လွန်သွားပါက) သင်မရေချိုးပြီး ဆွလာသ်ဆောက်တည်ပါ။

عَنْ عَائِشَةَ أُمِّ المؤمنين رضي الله عنها أَنَّ فَاطِمَةَ بِنْتَ أَبِي حُبَيْشٍ سَأَلَتِ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَتْ:
إِنِّي أُسْتَحَاضُ فَلاَ أَطْهُرُ، أَفَأَدَعُ الصَّلاَةَ؟ فَقَالَ: «لَا، إِنَّ ذَلِكِ عِرْقٌ، وَلَكِنْ دَعِي الصَّلاَةَ قَدْرَ الأَيَّامِ الَّتِي كُنْتِ تَحِيضِينَ فِيهَا، ثُمَّ اغْتَسِلِي وَصَلِّي».

မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံမှ ဆင့်ပြန်ချက်လာရှိသည်။ ဖာသွိမဟ် ဗင်န်သိ အဗီဟုဗိုင်းရှ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား မေးလျှောက်ခဲ့သည်။
ကျွန်မသည် (ရောဂါကြောင့်) ရာသီသွေး အဆက်မပြတ်ဆင်းနေပြီး သန့်ပြန် သွားသည်ဟူ၍ မရှိခဲ့ပါ။ ကျွန်မသည် (ထိုရက်များအားလုံးတွင်) ဆွလာသ်မဆောက်တည်ဘဲ နေရမည်လား။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည် မှာ မဆောက်တည်ဘဲနေခွင့်မရှိ ဤသည် သွေးကြောမှလာသည့်သွေးသာဖြစ်သည်။ သို့သော် အသင်မ ဓမ္မတာသွေးဆင်းလေ့ရှိသည့် ရက်အ တိုင်းအတာကိုသာ ဆွလာသ်ဆောက်တည်ခြင်းမပြုဘဲ နေရမည်။ ၎င်းနောက် (ထိုရက်များကျော်လွန်သွားပါက) သင်မရေချိုးပြီး ဆွလာသ်ဆောက်တည်ပါ။

صحيح متفق عليه صحيح البخاري - 325

ရှင်းလင်းချက်

ဖာသွိမဟ် ဗင်န်သိ အဗီဟုဗိုင်းရှ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းသည်မှာ ကျွန်မသည် သွေးဆင်းခြင်း ရပ်တန့်သွားသည်ဟူ၍ မရှိပါ။ ဓမ္မတာ သွေး ဆင်းသည့် ကာလမဟုတ်သော ရက်များတွင်လည်း အဆက်မပြတ်ဆင်းနေပါသည်။ ထို့ကြောင့် ၎င်း၏အမိန့်သည် ဓမ္မတာသွေးအမိန့်တွင် ပါဝင်ပါသလား။ ကျွန်မ ဆွလာသ်မဆောက်တည်ဘဲ နေရမည်လား။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သူမအားမိန့်တော်မူသည်။ အမှန်ပင် ၎င်းသည် သားအိမ်အတွင်း သွေးကြောတစ်ခုမှထွက်လာသော ရောဂါသွေးဖြစ်ပြီး ဓမ္မတာရာသီသွေးမဟုတ်ပါ။ သို့ဖြစ်၍ သင်မ ရောဂါသွေး မဆင်းမီက မိမိအလေ့အထအတိုင်း လစဉ်ဓမ္မတာသွေးဆင်းသည့် အချိန်ကာလရောက်လာပါက ဆွလာသ်နှင့် ဆွိယာမ်ကို စွန့်လွှတ်ပါ။ ထို့ပြင် ဓမ္မတာသွေးဆင်းနေသည့် အမျိုးသမီးအတွက် တားမြစ်ထားသည့်ကိစ္စများကို ရှောင်ကြဥ်ပါ။ ထိုအချိန်ကာလ ကုန်ဆုံးသွားပါက သင်မသည် ဓမ္မတာသွေးမှ သန့်ပြန့်သွားပြီဖြစ်သည်။ သို့ဖြစ်၍ သွေးဆင်းသည့်နေရာအား ဆေးကြောသန့်စင်ပါ။ ထို့နောက် မသန့်ဖြစ်ခြင်း ပပျောက်သွားရန် ခန္ဓာကိုယ်တစ်ခုလုံးအား ရေလောင်းချိုးပါ။ ထို့နောက် ဆွလာသ်ဆောက်တည်ပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမျိုးသမီးတစ်ဦးသည် သူမ၏ ဓမ္မတာရာသီသွေးဆင်းသည့်ကာလ ကုန်ဆုံးသွားပါက ရေချိုးရန်တာဝန်ရှိသည်။
  2. ရောဂါသွေးဆင်းသည့် အမျိုးသမီးသည် ဆွလာသ်ဆောက်တည်ရန် တာဝန်ရှိသည်။
  3. (ဟိုက်ဿ်ွ) ဓမ္မတာသွေးဆိုသည်မှာ- သိထားပြီးဖြစ်သောရက်အချို့တွင် အရွယ်ရောက်ပြီးသူအမျိုးသမီး၏ အင်္ဂါမှတစ်ဆင့် သားအိမ်မှ ထွက်လာသော သဘာဝသွေးဖြစ်သည်။
  4. (အိစ်သိဟာဿွဟ်) ရောဂါသွေးဆိုသည်မှာ - သားအိမ်အတွင်းမှ မဟုတ်ဘဲ သားအိမ်အောက်ပိုင်း တစ်နေရာမှ အချိန်သတ်မှတ်ချက်မရှိဘဲ သွေးဆင်းလာခြင်းဖြစ်သည်။
  5. ဓမ္မတာရာသီသွေးနှင့် အိစ်သိဟာဿွဟ်သွေးကြား ခြားနားချက်မှာ ရာသီသွေးသည် အနက်ရောင်ရှိပြီး ပျစ်ခဲကာ အနံ့အသက်ဆိုးသည်။ အိစ်သိဟာဿွဟ်သွေးသည် အနီရောင်ရှိကာ ကျဲပြီး အနံ့အသက်မရှိပါ။

ဘာသာပြန်များကို ကြည့်ရှုရန်

58 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية