1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အတ္ထုပ္ပတ္တိနှင့် သမိုင်း။

ဟဒီးဆ် တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။

عَنْ عَائِشَةَ أُمِّ المُؤمنينَ رضي الله عنها قَالَتْ:
كَانَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يُعْجِبُهُ التَّيَمُّنُ، فِي تَنَعُّلِهِ، وَتَرَجُّلِهِ، وَطُهُورِهِ، وَفِي شَأْنِهِ كُلِّهِ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ပြောကြားခဲ့သည်။
တမန်တော်မြတ် (ﷺ)သည် ဖိနပ်စီးရာတွင်လည်းကောင်း၊ ခေါင်းဖြီးရာတွင်လည်းကောင်း၊ ဝုဿွူနှင့် ဂုစ်လ်ပြုရာတွင်လည်းကောင်း၊ အခြားကောင်း မြတ်သော ကိစ္စရပ်တိုင်းတွင် ညာဘက်ဖြင့်အစပြုခြင်းကိုနှစ်သက်တော်မူ၏။

صحيح متفق عليه صحيح البخاري - 168

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဂုဏ်ပေးလေးစားထိုက်သော အရာများတွင် ညာဘက်မှ စတင်ခြင်းကို နှစ်သက်ပြီး၊ ဦးစားပေးတော်မူသည်။ ထိုအရာများအနက်အချို့မှာ - ဖိနပ်စီးရာတွင် ညာခြေဖြင့် စတင်စီးခြင်း။ · ဆံပင်နှင့် မုတ်ဆိတ်မွေးကို ဖြီးခြင်း၊ ဖြောင့်အောင်ပြုခြင်း၊ ဆီလိမ်းခြင်း တို့တွင် ညာဘက်မှ စတင်ခြင်း။ · ဝူဿွူပြုလုပ်ရာတွင် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို ဘယ်ဘက်ထက် ညာဘက်ကို အရင်ဆေးကြောခြင်း တို့ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိမာမ်နဝဝီက ဤသို့ဆိုသည်- ဤသည် ရှရီအသ်တရားတော်တွင် အစဉ်အလာတည်ရှိသော စည်းမျဉ်းဥပ‌ဒေတစ်ရပ်ဖြစ်သည်။ ထိုစည်းမျဉ်းမှာ- အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ် စသည်တို့ကို ဝတ်ဆင်ခြင်း၊ ဗလီသို့ ဝင်ခြင်း၊ မိစ်ဝါက်တံပူစားခြင်း၊ မျက်စိကာဂျယ်ဆိုးခြင်း၊ လက် သည်းခြေ သည်းညှပ်ခြင်း၊ နှုတ်ခမ်းမွှေးညှပ်ခြင်း၊ ဆံပင်ဖြီးခြင်း၊ ချိုင်းမွေးနုတ်ခြင်း၊ ဦးခေါင်းရိတ်ခြင်း၊ ဆွလာသ်ဝတ်ပြုရာတွင် စလာမ်လှည့်ခြင်း၊ ဝူဿွူအစိတ်အပိုင်းများကို ဆေးကြောခြင်း၊ အိမ်သာမှထွက်ခြင်း၊ စားခြင်းသောက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ဟဂျရ်အတ်စ်ဝဒ်ကျောက်နက်တော်ကို ထိခြင်း စသည့် ဂုဏ်‌ပေး လေးစားထိုက်သည့် အမှုကိစ္စများနှင့် ယင်းတို့နှင့်ဆင်တူသော အရာများတွင် ညာဘက်မှ စတင်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ သို့ရာတွင်ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော အိမ်သာဝင်ခြင်း၊ ဗလီမှ ထွက်ခြင်း၊ နှပ်ချေးညစ်ခြင်း၊ အရှက်အင်္ဂါကိုဆေးကြောခြင်း၊ အင်္ကျီ၊ ဘောင်းဘီ၊ ခြေအိတ် စသည်တို့ကို ချွတ်ခြင်းနှင့် ယင်းတို့နှင့်ဆင်တူသော အရာများတွင်မူ ဘယ်ဘက်မှ စတင်ခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။ ဤအရာအားလုံးသည် ညာဘက်၏ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကြောင့် ဖြစ်သည်။
  2. “ညာဘက်မှစတင်ခြင်းကို နှစ်သက်တော်မူသည်” ဟူသော မိန့်ကြားချက်တွင် - လုပ်ရပ်များကို ညာလက်ဖြင့် (သို့) ညာခြေဖြင့် (သို့) ညာဘက်အခြမ်းမှ စတင်ခြင်းနှင့် ညာဘက်ဖြင့် ပြုလုပ်ခြင်းအားလုံး ပါဝင်သည်။
  3. အိမာမ်နဝဝီက မိန့်ဆိုသည် - အသင် သိနားလည်ထားရမည်မည့်အချက်မှာ - ဝူဿွူပြုလုပ်ရာတွင် ညာဘက်မှ စတင်ခြင်း မွတ်စ်သဟဗ် မဖြစ်သော ကိုယ်အင်္ဂါအစိတ်အပိုင်းအချို့ရှိသည်။ ယင်းတို့မှာ နားရွက်နှစ်ဖက်၊ လက်ဝါးနှစ်ဖက်နှင့် ပါးနှစ်ဖက်တို့ဖြစ်ပြီး ယင်းတို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း သန့်ရှင်းမှုပြုရမည်။ (ဆေးကြောရမည်။) သို့ရာတွင်လက်ဖြတ်ထားသူနှင့် ၎င်းကဲ့သို့သောသူများအတွက် တစ်ချိန်တည်း တစ်ပြိုင်တည်း မဆေးကြောနိုင်ပါက ညာဘက်ကို အရင်ဆေးကြောရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

53 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية