1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။

عَنْ أَنَسِ بْنِ مَالِكٍ رَضيَ اللهُ عنه قَالَ:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَدْخُلُ الْخَلَاءَ، فَأَحْمِلُ أَنَا وَغُلَامٌ نَحْوِي إِدَاوَةً مِنْ مَاءٍ وَعَنَزَةً فَيَسْتَنْجِي بِالْمَاءِ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်‌ဗင်န် မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အိမ်သာတက်သည့်အခါတိုင်း ကျွန်တော်နှင့် ကျွန်တော် ၏အရွယ်တူ ကလေးတစ်ဦးသည် ရေအိုးတစ်လုံးနှင့် လှံတိုတစ်ချောင်းကို သယ်ဆောင်လျက် လိုက်ပါကြရသည်။ ထို့နောက် တမန်တော်မြတ်သည် ရေဖြင့် သန့်စင်တော်မူလေသည်။

صحيح متفق عليه صحيح مسلم - 271

ရှင်းလင်းချက်

အနတ်စ် ဗင်န် မာလိက် ( ရဿွိယလ္လာဟုအန်ဟု ) တင်ပြသည်မှာ - တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စဆောင်ရွက်ရန် ထွက်တော်မူသည့်အခါတိုင်း (အိမ်သာတက်သည့်အခါတိုင်း ) သူကော၊ သူနှင့်အရွယ်တူ အခြားလက်‌အောက်ငယ်သားကလေးငယ်တစ်ဦးတို့သည် ကိုယ်တော်၏နောက်သို့ လိုက်သွားလေ့ရှိပြီး ၊ ကိုယ်တော့်အတွက် ၎င်းတို့နှစ်ဦးသည် လှံတံဖျားကဲ့သို့ ချွန်ထက်သော ချွန်းပါရှိသည့် တုတ်တစ်ချောင်း၊ ဤတုတ်ကို မြေတွင်စိုက်၍ ၎င်းပေါ်တွင် အဖုံးအကာ တစ်ခုခုကို ချိတ်ဆွဲရန်အတွက်လည်းကောင်း သို့မဟုတ် တမန်တော်မြတ် ဝတ်ပြုရန်အတွက် ရှေ့မှ အကာအရံအဖြစ်( စွသ်ရဟ်) ပြုလုပ်ပေးရန် ဖြစ်ပါသည်။ ထို့ပြင် သားရေဖြင့်ပြုလုပ်ထားပြီး ရေအပြည့်ဖြည့်ထားသော ရေအိုးကလေးတစ်လုံးကို ယူဆောင်သွားပါသည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏သဘာဝလိုအပ်ချက်ကိစ္စမှ ပြီးဆုံးသွားသောအခါ ၎င်းတို့နှစ်ဦးအနက် တစ်ဦးဦးက ထိုရေအိုးငယ်ကို ကိုယ်တော့်အားပေးပြီး ကိုယ်တော်မြတ်သည် ယင်းရေဖြင့် သန့်စင်တော်မူလေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တစ်ဦးသည်သဘာဝလိုအပ်ချက်ပြုရန် သွားသည့်အခါ သန့်စင်ရေးအတွက် ရေစသည်တို့ကို အဆင်သင့် ယူဆောင်သွားရမည်။ သို့မှသာ ထပြန်ထရန် လိုအပ်ခြင်းမရှိဘဲ၊ ညစ်ပတ်ခြင်းမှ လွတ်ကင်းနိုင်မည်။
  2. သဘာဝလိုအပ်ချက်ကိုပြုလုပ်ချိန်တွင် ( အပေါ့၊အလေး စွန့်ချိန်တွင် ) အရှက်အင်္ဂါအစိတ်အပိုင်းများကို အခြားသူများ မြင်တွေ့ခြင်းမှ ကာကွယ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အရှက်အင်္ဂါအစိတ်အပိုင်းများကို ကြည့်ရှုခြင်းသည် ဟရာမ်ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ထိုလှံတိုကို မြေ‌ကြီးပေါ်တွင်စိုက်၍ ၎င်း၏အပေါ်တွင် အကာအကွယ်လုပ်ပေးမည့် အဝတ်စကို ချိတ်ဆွဲထားခြင်း ဖြစ်သည်။
  3. သားသမီးများအား အစ္စလာမီအာဒါးဗ် ( အစ္စလာမ့်စည်းကမ်းများနှင့် ကျင့်ဝတ်များ )ကို သင်ကြားပြသခြင်းနှင့် ထိုအစ္စလာမ့်ကျင့်ဝတ်များအတိုင်း ပြုစုပျိုးထောင်ခြင်း၊ သို့မှသာ ၎င်းတို့သည် ထိုအမွေအနှစ်ကို ဆက်ခံနိုင်မည်ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

36 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
အမျိုးအစားများ