1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။

عن الْأَغَرِّ رضي الله عنه، وَكَانَ مِنْ أَصْحَابِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«يَا أَيُّهَا النَّاسُ تُوبُوا إِلَى اللهِ، فَإِنِّي أَتُوبُ فِي الْيَوْمِ إِلَيْهِ مِائَةَ مَرَّةٍ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဂတ်ရ်(ရဿွိယလ္လာဟုအန်ဟု)ထံမှ ဆင့်ပြန်လာရှိသည်။ သူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဆွဟာဗီတစ်ပါးဖြစ်သည်။ ၎င်းက ပြောပြခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
" အို- လူသားအပေါင်းတို့ အသင်တို အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုကြလေကုန်။ ဧကန်စင်စစ် ငါကိုယ်တော်သည် တစ်ရက်တွင် အကြိမ်တစ်ရာမျှ အရှင်မြတ်ထံ သောင်ဗဟ်ပြုတော် မူ၏။"

صحيح رواه مسلم صحيح مسلم - 2702

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူအပေါင်းတို့အား သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (အလ္လာဟ်အရှင်မြတ်ထံ) ခွင့်လွှတ်မှုတောင်းခံခြင်းကို များမြောင်စွာ ပြုလုပ်ကြရန် အမိန့်ပေးတော်မူသည်။ ထို့ပြင် မိမိကိုယ်တိုင်လည်း တစ်ရက်တွင် အကြိမ်တစ်ရာကျော် အလ္လာဟ်အရှင်မြတ်ထံ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)နှင့် အိစ်သိဂ်ဖားရ် (ခွင့်လွှတ်မှုတောင်းခံခြင်း) ပြုလုပ်ကြောင်း မိန့်ကြားတော်မူသည်။ ကိုယ်တော်သည် ရှေ့ယခင်ပြုခဲ့သော အပြစ်များနှင့် နောင်ကျူးလွန်မည့် အပြစ်များ(ရှိခဲ့လျှင်ကို)ပင် အပြစ်များအားလုံးကို ခွင့်လွှတ်တော်မူခြင်းခံရပြီးဖြစ်ပါလျက် ဤသို့ ပြုလုပ်တော်မူခြင်းမှာ အလ္လာဟ်အရှင်မြတ်အတွက် စိုးမိုးနာခံမှု၏ ပြည့်စုံခြင်းနှင့် မိမိကိုယ်ကို နှိမ့်ချမှုအပြည့်အဝရှိခြင်းကို ဖော်ပြနေပေသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ လူတိုင်းသည် အီမာန်ယုံကြည်မှုတွင် မည်မျှပင် အဆင့်ရှိစေကာမူ၊ အလ္လာဟ်အရှင်မြတ်ထံတော်သို့ ဦးတည်ပြန်လှည့်ခြင်းနှင့် သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) အားဖြင့် မိမိ၏ ယုံကြည်မှုကို ပြည့်စုံစေရန် လိုအပ်သည်။ လူတိုင်းသည် အလ္လာဟ်အရှင်မြတ်၏ ရပိုင်ခွင့်များကို ဖြည့်ဆည်းရာတွင် လစ်ဟင်းမှုရှိကြသည်။ အရှင်မြတ် မိန့်ကြားတော်မူသည်မှာ "အို- အီမာန်ယုံကြည်သူအပေါင်းတို့... သင်တို့အားလုံး အလ္လာဟ်အရှင်မြတ်ထံတော်သို့ (သောင်ဗဟ်) အမှားဝန်ချတောင်းပန်ကြလေကုန်"။
  2. ၂။ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း)၏ အမိန့်သည် အလွန်ကျယ်ပြန့်ပြီး၊ ဟရာမ်တရားမြစ်ထားသောအရာများနှင့် အပြစ်များကို ကျူးလွန်မိခြင်းမှ ဖြစ်စေ၊ ဝါဂျစ်ဗ်(မဖြစ်မနေ)လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရာတွင် လစ်ဟင်းခြင်းမှဖြစ်စေ သောင်ဗဟ် ပြုလုပ်ရသည်။
  3. ၃။ သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) လက်ခံခြင်းခံရရန် အတွက် အစ်ခ်လားစ်ွ (အလ္လာဟ်အရှင်မြတ်အတွက် သီးသန့်ရည်စူးပြုလုပ်ခြင်း) သည် သတ်မှတ်ချက်တစ်ရပ် ဖြစ်သည်။ မည်သူမဆို အပြစ်တစ်ခုကို အလ္လာဟ်အရှင်မြတ်အတွက် မဟုတ်ဘဲ အခြားအကြောင်းတစ်ခုခုကြောင့် စွန့်လွှတ်ခဲ့လျှင် ၎င်းအား သောင်ဗဟ် (အမှားဝန်ချတောင်းပန်ခြင်း) ပြုလုပ်သူဟု မခေါ်ဆိုပေ။
  4. ၄။ အိမာမ်နဝဝီက ဆိုသည်မှာ - သောင်ဗဟ်ပြုလုပ်ခြင်းအတွက် စည်းကမ်းချက် သုံးချက် ရှိသည်။ ၁။ အပြစ်မှ ရှောင်ကျဉ်ခြင်း။ ၂။ အပြစ်ကျူးလွန်မိသည့်အတွက် ရှက်ရွံ့နောင်တရခြင်း။ ၃။ ထိုအပြစ်ကို နောက်တစ်ဖန် ပြန်မကျူးလွန်ရန် ပြတ်သားစွာ ဆုံးဖြတ်ချက်ချခြင်း။ (အထက်ဖော်ပြပါ အချက်သုံးချက်သည် အပြစ်သည် အလ္လာဟ်အရှင်မြတ်၏ ရပိုင်ခွင့်များထဲမှ တစ်ခုခုနှင့် သက်ဆိုင်သည့်အခါမျိုးတွင် ဖြစ်သည်။) အကယ်၍ အပြစ်သည် လူသားများ၏ ရပိုင်ခွင့်များနှင့် သက်ဆိုင်ခဲ့လျှင် သောင်ဗဟ် မှန်ကန်ရန်အတွက် ထိုရပိုင်ခွင့်ကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံရန် သို့မဟုတ် ပိုင်ရှင်ထံမှ (မိမိအား ခွင့်လွှတ်ကြောင်း သို့မဟုတ် အပြစ်မှ ကင်းလွတ်ခွင့်ရကြောင်း) ခွင့်လွှတ်မှု ရယူထားရန် လိုအပ်သည်။
  5. ၅။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ အိစ်သိဂ်ဖာရ်ပြုလုပ်ခြင်း (ခွင့်လွတ်မှုတောင်းခံခြင်း) မှာ ကိုယ်တော်သည် အပြစ်များကျူးလွန်မိခြင်းကြောင့် အိစ်သိဂ်ဖာရ်ပြုလုပ်ခြင်းဖြစ်သည်ဟု မဆိုလိုကြောင်း သတိပြုသင့်သည်။ သို့သော် ကိုယ်တော်မြတ်သည် ကျေးကျွန်ဖြစ်မှု၏ အပြည့်စုံဆုံးအဆင့်သို့ ရောက်ရှိနေခြင်း၊ အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၌ အမြဲနှစ်မြှုပ်နေခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်သော ရပိုင်ခွင့်ကို အမြဲသတိရှိခြင်းနှင့် ကျေးကျွန်တစ်ဦးအနေဖြင့် မည်မျှပင် အရှင်မြတ်၏ နိအ်မသ်ကျေးဇူးတော်များကို ကျေးဇူး တင်စကား ဆိုသည်ဖြစ်စေ ကျေးကျွန်ထံမှ ဖြစ်ပေါ်တတ်သော လစ်ဟင်းမှုကို သိရှိနားလည်ခြင်းတို့ကြောင့် ပြုလုပ်တော်မူခြင်းဖြစ်သည်။ ထို့ပြင် ယင်းသည် မိမိနောက်တွင်လာမည့် အွမ္မသ်နောက်လိုက်သားများအတွက် ရှရီအသ်တရားအဖြစ် ပြဌာန်းသတ်မှတ်ပေးရန်လည်း ဖြစ်သည်။ ဤအပြင် အခြားသော ဉာဏ်အမြော် အမြင်များလည်း ရှိသေးသည်

ဘာသာပြန်များကို ကြည့်ရှုရန်

45 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية