1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေး‌တော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။

عَنْ سَهْلِ بْنِ مُعَاذِ بْنِ أَنَسٍ عَنْ أَبِيهِ قَالَ: قَالَ رَسُولُ اللهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«مَنْ أَكَلَ طَعَامًا فَقَالَ: الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ، غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဆဟ်လ် ဗင်န် မုအာဇ် ဗင်န် အနတ်စ် က မိမိ၏ဖခင်ထံမှဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ
အကြင်သူသည် အစားအသောက်စားပြီးနောက် ဤဒုအာကို ရွတ်ဆိုမည်။ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ အဓိပ္ပာယ်။ ။ကျွန်တော်မျိုး၏အစွမ်းအစမပါရှိဘဲ ဤအစားအသောက်အား ကျွန်တော်မျိုးအား ကျွေးမွေး‌တော်မူခဲ့သည့် အလ္လာဟ်အရှင်မြတ်အား ကျွန်တော်မျိုးချီးမွမ်းထောမနာပြုအပ်ပါသည်။ ဤတောင်းဆုကို ရွတ်ဆိုသူသည် ယခင်က ကျူးလွန်ခဲ့သော အကုသိုလ်များအားလုံး ခွင့်လွတ်ခြင်းခံရပေမည်။

حسن رواه أبو داود والترمذي وابن ماجه وأحمد سنن الترمذي - 3458

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အစားအသောက်စားပြီးသောအခါ အရှင်မြတ်အားချီးမွမ်းထောမနာပြုရန် တိုက်တွန်းထားလေရာ ကျွန်တော်မျိုးထံတွင် အစားအသောက်ကို ရှာဖွေရယူနိုင်သည့်စွမ်းအားနှင့် စားသောက်နိုင်သည့်စွမ်းအားမရှိကြောင်းနှင့် အလ္လာဟ်အရှင်မြတ်၏ကူညီစောင်မခြင်းဖြင့်သာ ရရှိနိုင်ကြောင်းကို ပြောဆို၍အရှင်မြတ်အား ချီးမွမ်းရမည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အထက်ပါဒုအာကို ရွတ်ဆိုသူသည် ၎င်းသူယခင်က ကျူးလွန်ခဲ့သော အကုသိုလ်အသေးများကို အလ္လာဟ်အရှင်မြတ်ကခွင့်လွတ်ချမ်းသာပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အစားအသောက်စားပြီးသောအခါ အလ္လာဟ်အရှင်မြတ်အားချီးမွမ်းထောမနာပြုခြင်းသည် မွတ်စ်သဟဗ်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအပေါ်ကြီးမားလှသော ကျေးဇူးတော်များရှိကြောင်းဖော်ပြထားသည်မှာ အရှင်မြတ်သည် ၎င်းတို့အား ရိက္ခာများချီးမြှင့်ခဲ့ပြီး ရိုဇီရိက္ခာများ ရရှိမည့် အကြောင်းတရားများကို လွယ်ကူစေခဲ့သည်။ ထို့ပြင် ယင်းသို့စားသောက်ခြင်း၌အပြစ်အကုသိုလ်များကို ခွင့်လွတ်ချမ်းသာပေးရန်လည်း သတ်မှတ်ပေးထားသည်။ ဤသည်အလွန်ကြီးမားလှသော ကျေးဇူးတော်ပင်ဖြစ်သည်။
  3. လူသားတို့၏အရေးကိစ္စတိုင်းသည် အရှင်မြတ်ထံတော်မှဖြစ်သည်။ လူသား၏စွမ်းအားကြောင့်မဟုတ်ပေ။ လူသားသည် အကြောင်းခံများကိုင်တွယ်ရန် အမိန့်ပေးခြင်းခံထားရသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

53 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية