1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဒအ်ဝဟ်နှင့် ဟိစ်ဗဟ်။

ဟဒီးဆ် “လူတို့အားကြောက်ရွံ့ခြင်းသည် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားကို ပြောဆိုခြင်းမှ မတားမြစ်ပါစေနှင့်။ အကယ်၍ ၎င်းသည် ထိုအမှန်တရားကို တွေ့မြင်ပါက သို့မဟုတ် သိပါက (ပြောဆိုပါ လေ)။”

عَنْ أَبِي سَعِيدٍ الْخُدْرِيِّ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أَنَّهُ قَالَ:
«لَا يَمْنَعَنَّ رَجُلًا مِنْكُمْ مَخَافَةُ النَّاسِ أَنْ يَتَكَلَّمَ بِالْحَقِّ إِذَا رَآهُ أَوْ عَلِمَهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
“လူတို့အားကြောက်ရွံ့ခြင်းသည် သင်တို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားကို ပြောဆိုခြင်းမှ မတားမြစ်ပါစေနှင့်။ အကယ်၍ ၎င်းသည် ထိုအမှန်တရားကို တွေ့မြင်ပါက သို့မဟုတ် သိပါက (ပြောဆိုပါ လေ)။”

صحيح رواه الترمذي وابن ماجه وأحمد مسند أحمد - 11403

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိ၏ နောက်လိုက်တပည့်သားများအား ဟောပြောသည့်အခါ မိန့်ကြားခဲ့သည့် အကြောင်းအရာများအနက်တစ်ခုမှာ မွတ်စ်လင်မ်တစ်ဦးသည် လူတို့၏ကြောက်ရွံ့မှုနှင့် သြဇာလွှမ်းမိုးမှုတို့က ၎င်းအား အမှန်တရားကို ပြောဆိုခြင်း သို့မဟုတ် ၎င်းကို တွေ့မြင်သော် သို့မဟုတ် သိရှိသော် ၎င်းကို ညွှန်ကြားခြင်းမှ ရှောင်ကြဉ်ခြင်း မပြုရန် မိန့်ကြားတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ အမှန်တရားကို ထုတ်ဖော်ပြောဆိုရန်နှင့် လူတို့ကို ကြောက်ရွံ့၍ ၎င်းကို ဖုံးကွယ်ခြင်းမပြုရန် တိုက်တွန်းထားခြင်း။
  2. ၂။ အမှန်တရားကို ပြောဆိုခြင်းဆိုသည်မှာ ၎င်းကို ပြောဆိုရာတွင် ယဉ်ကျေးသိမ်မွေ့စွာ၊ ဉာဏ်အမြှော်အမြင်နှင့် ကောင်းမွန်သောဆုံးမဩဝါဒတို့ဖြင့် ပြောဆိုခြင်းကို ကျင့်သုံးရန်မလိုအပ်ဟု ဆိုလိုခြင်းမဟုတ်ပေ။
  3. ၃။ မကောင်းမှုကို ဆန့်ကျင်ငြင်းပယ်ရန် အရေးကြီးပြီး၊ အလ္လာဟ်အရှင်မြတ်၏ အခွင့်ရေးကို ၎င်းနှင့်ဆန့်ကျင်ဘက် လူတို့၏အကျိုးစီးပွားများထက် ဦးစားပေးခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

35 ဘာသာစကား
EN English အင်္ဂလိပ်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ কন্নড়
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية