1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။

عَنْ أَبِي سَعِيدٍ الْخُدْرِيِّ رضي الله عنه عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«إِنَّ الدُّنْيَا حُلْوَةٌ خَضِرَةٌ، وَإِنَّ اللهَ مُسْتَخْلِفُكُمْ فِيهَا، فَيَنْظُرُ كَيْفَ تَعْمَلُونَ، فَاتَّقُوا الدُّنْيَا وَاتَّقُوا النِّسَاءَ، فَإِنَّ أَوَّلَ فِتْنَةِ بَنِي إِسْرَائِيلَ كَانَتْ فِي النِّسَاءِ».

အဗူစအီးဒ် အလ်ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အမှန်တကယ်ပင် ဒွန္နယာ လောကသည် ချိုမြိန်၍ စိမ်းလန်းပေသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့မည်သို့ ပြုမှုဆောင်ရွက်ကြမည်ကို ကြည့်ရှုရန် သင်တို့အား လောက၌ ‘ခလီဖဟ်’ ကိုယ်စားလှယ်များ အဖြစ်ပြုလုပ်‌ပေးတော်မူခဲ့သည်။ ထို့ကြောင့် သင်တို့သည် လောကီနှင့်ပတ် သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမျိုးသမီးများနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ဧကန်အမှန်ပင် ဗနီအစ္စရာအီးလ်တို့၌ ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့် ‘ဖိသ်နဟ်’ ပြဿနာမှာ အမျိုးသမီးများနှင့် ပတ်သက်၍ဖြစ်သည်။

صحيح رواه مسلم صحيح مسلم - 2742

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်။ ဧကန်အမှန်ပင် လောကသည် ရသအားဖြင့် ချိုမြိန်ပြီး အမြင်အားဖြင့် စိမ်းလမ်းစိုပြေသည်။ ထို့ကြောင့် လူသားသည် ထိုအရာများဖြင့်လှည့်စားခံရပြီး ၎င်း၌နစ်မွန်းကာ လောကအား သူ၏အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုအဖြစ် ပြုလုပ်လိုက်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤလောကီသက်တမ်း၌ ကျွန်ုပ်တို့ မည်သို့ကျင့်ကြံအားထုတ်သည် အရှင်မြတ်၏ အမိန့်ကို နာခံသလော၊ ဖီဆန်သလောဆိုသည်ကို ကြည့်ရှုရန်အတွက် ကျွန်ုပ်တို့အနက်မှ အချို့ကို အချို့၏ အုပ်ချုပ်သူ ကိုယ်စားလှယ်အဖြစ် ခန့်အပ်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လောက၏ စည်းစိမ်ချမ်းသာနှင့် အလှအပများက သင်တို့အား လှည့်စားကာ အလ္လာဟ်အရှင်မြတ်က သင်တို့အား အမိန့်ပေးထားသောအရာများကို စွန့်လွှတ်ပြီး၊ အရှင်မြတ် တားမြစ်ထားသောအရာများကို ကျူးလွန်စေခြင်းမျိုး မဖြစ်အောင် သတိထားရှောင်ကြဉ်ရန် မိန့်ကြားတော်မူသည်။ လောက၏ ဖိသ်နဟ် ပြဿနာများအနက်ရှောင်ကြဉ်ရန် အရေးကြီးသည့် အကြီးမားဆုံး ဖိသ်နဟ်မှာ အမျိုးသမီးများ၏ဖိသ်နဟ်ပင် ဖြစ်သည်။ ၎င်းသည် ဗနီအစ္စရာအီးလ်လူမျိုးများ ပထမဦးဆုံးကျ‌ရောက်ခဲ့သည့် ဖိသ်နဟ်လည်းဖြစ်ခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. သက္ကဝါတရားကို စွဲမြဲစွာဆုပ်ကိုင်ထားရန်နှင့် လောကီ၏အသွင်အပြင်များ၊ အလှတရားများ၌ နစ်မွန်းမနေရန် တိုက်တွန်းထားသည်။
  2. အမျိုးသမီးများကို ကြည့်ခြင်း၊ အမျိုးသမီးများနှင့် တစ်စိမ်းအမျိုးသားများရောရောနှောနှောနေခြင်းစသည့် အမျိုးသမီးများနှင့် သက်ဆိုင်သည့် ဖိသ်နဟ် ပြဿနာများမှ ရှောင်ကြဉ်ရန် သတိပေးနှိုးဆော်ထားသည်။
  3. လောကီ၌ အကြီးမား‌ဆုံး ဖိသ်နဟ်ပြဿနာမှာ အမျိုးသမီးများ၏ ဖိသ်နဟ်ပြဿနာဖြစ်သည်။
  4. လွန်လေပြီးသော အွမ္မသ်နောက်လိုက်များမှ သံဝေဂတရားရယူရန်တိုက်တွန်းထားသည်။ ဗနီအစ္စရာအီးလ်တို့တွင် ဖြစ်ပေါ်ခဲ့သည့်အရာသည် အခြားသောသူများတွင်လည်း ဖြစ်နိုင်သည်။
  5. အမျိုးသမီးများ၏ဖိသ်နဟ် ပြဿနာသည် အမျိုးမျိုးရှိတတ်သည်။ အကယ်၍ ဇနီးသည်ဖြစ်ပါက သူမ၏ ဖိသ်နဟ်မှာ ခင်ပွန်းသည် မတတ်နိုင်သည့် အသုံးစရိတ်ကို တောင်းဆိုခြင်းမျိုးဖြစ်သည်။ ထိုကြောင့်သူသည် သာ သနာရေးကိစ္စများတွင် အချိန်မပေးနိုင်တော့ဘဲ လောကီရှာဖွေမှုတွင်သာ နစ် မွန်းသွားသည်။ အကယ်၍ သူစိမ်းအမျိုးသမီးဖြစ်လျှင် သူမ၏ ဖိသ်နဟ် ပြ ဿနာမှာ သူမတို့သည် အိမ်အပြင်သို့ထွက်ပြီး အမျိုသားနှင့်ရောနှောပါက အ မျိုးသားများကို စွဲဆောင်ခြင်းနှင့် ၎င်းတို့ကို အမှန်တရားမှ ယိမ်းယိုင်စေခြင်း စသည်တို့ဖြစ်သည်။ အထူးသဖြင့် သူမတို့သည် ‘ဟိဂျာဗ်’ ခန္ဓာကိုယ် တစ်ခုလုံးအား လုံခြုံစွာ ဖုံးအုပ်ခြင်းမရှိဘဲ မိမိတို့၏ အလှအပကို ဖော်ထုတ်ပြသကာ သွားလာပါက ဖိသ်နဟ်ပို၍ဖြစ်တတ်သည်။ ဤကိစ္စသည် တစ်ခါတစ်ရံ ‘ဇိနာ’၏ အဆင့်အမျိုးမျိုးဆီသို့ ကျရောက်စေသည်။ ထို့ကြောင့် မုအ်မင်န်တစ်ဦးအနေဖြင့် အလ္လာဟ်အရှင်မြတ်၏အမိန့်ကို စွဲမြဲစွာဆုပ်ကိုင်ထားပြီး အမျိုးသမီးများ၏ဖိသ်နဟ် ပြဿနာများမှုမှ လွတ်မြောက်ရန် အရှင်မြတ်ထံ တောင်းခံနေရမည်ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

58 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية