1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။

عن عائشة أم المؤمنين وعبد الله بن عباس رضي الله عنهما قالا:
لَمَّا نَزَلَ بِرَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ طَفِقَ يَطْرَحُ خَمِيصَةً لَهُ عَلَى وَجْهِهِ، فَإِذَا اغْتَمَّ بِهَا كَشَفَهَا عَنْ وَجْهِهِ، فَقَالَ وَهُوَ كَذَلِكَ: «لَعْنَةُ اللَّهِ عَلَى اليَهُودِ وَالنَّصَارَى، اتَّخَذُوا قُبُورَ أَنْبِيَائِهِمْ مَسَاجِدَ» يُحَذِّرُ مَا صَنَعُوا.

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)နှင့် အဗ်ဒုလ္လာဟ်ဗင်န် အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)တို့က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတွင် ဝဖာသ်ကွယ်လွန်ချိန် ကျရောက်လာသည့်အခါ ကိုယ်တော်သည်မိမိ၏ခြုံစောင်ကို မိမိ၏ မျက်နှာတော်ပေါ် စတင်ဖုံးအုပ်တော်မူလေသည်။ ထို့နောက်ကိုယ်တော်မြတ်သည် ၎င်းခြုံစောင်ကြောင့် မွန်းကျပ်လာသည့်အခါ မိမိ၏ မျက်နှာတော်မှ ၎င်းခြုံစောင်ကို ဖယ်ရှားလိုက်၏။ ထိုအခြေနေမျိုး၌ မိန့်ကြားတော်မူသည်။ ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကရုဏာကင်းဝေးမှု ကျရောက်ပါစေ။ ၎င်းတို့သည် မိမိတို့တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသည်။ ကိုယ်တော်မြတ်သည် မိမိ၏နောက်လိုက်သားတို့အား ၎င်း(ယဟူဒ်၊နဆွာရာ)တို့ လုပ်ကြသကဲ့သို့ မလုပ်ကြစေရန် သတိပေးခြိမ်းခြောက်တော်မူသည်။

صحيح متفق عليه صحيح البخاري - 435

ရှင်းလင်းချက်

အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ)နှင့် အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟု)တို့က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ သေခြင်းတရား ဆိုက်ရောက်လာသည့်အခါ ကိုယ်တော်သည် ခြုံစောင်ကို မိမိ၏ မျက်နှာတော်ပေါ် စတင်ဖုံးအုပ်တော်မူလေသည်။ ထို့နောက်ကိုယ်တော်မြတ်သည် ကွယ်လွန်ခါနီး ဝေဒနာကြောင့် အသက်ရှုရခက်လာသည့်အခါ မိမိ၏ မျက်နှာတော်မှ ၎င်းခြုံစောင်ကို ဖယ်ရှားလိုက်သည်။ ထိုသို့ ပြင်းထန်သည့်အခြေနေမျိုး၌ မိန့်ကြားတော်မူသည်မှာ ယဟူဒီနှင့် နဆွ်ရာနီတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ (လအ်နသ်)ကျရောက်ပါစေ။ အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးပါစေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများပေါ်တွင် ဗလီဝတ်ကျောင်းတော်များ၊ ဝတ်ပြုကိုးကွယ်ရာ အဆောက်အဦးများ ဆောက်လုပ်ခဲ့ကြသည်။ ဤကိစ္စသည် အလွန်ဆိုးရွားသည့် ကိစ္စမဟုတ်လျှင် ကိုယ်တော်သည် ထိုအခြေအနေမျိုး၌ ဤအကြောင်း ပြောဆိုမည်မဟုတ်ပေ။ သို့ဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိမိအွမ္မသ်နောက်လိုက်တို့အား ထိုကဲ့သို့ မပြုလုပ်ကြရန် တားမြစ်တော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဤလုပ်ရပ်သည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လုပ်ရပ်ဖြစ်ပြီး ထိုလုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်နှင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုသို့ ကျရောက်စေသည့် အကြောင်းခံပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နဗီတမန်တော်များ၊ သူတော်စင်များ၏ ကဗရ်များကို စဂ်ျဒဟ်ဦးချရာနေရာအဖြစ် သတ်မှတ်ကာ ဆွလာသ်ဝတ်ပြုခြင်းကို တားမြစ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်သို့ကျရောက်စေသည့် အကြောင်းခံဖြစ်သည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သောင်ဟီးဒ်တရားနှင့်ပတ်သက်၍ အလွန်အလေးအနက်ထား ဂရုစိုက်တော်မူသည်။ ထို့အတူ ကဗရ်များအား ဂုဏ်ပြုခြင်းများ ပြုလုပ်လာကြမည်ကိုလည်း အလွန်စိုးရိမ်တော်မူသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် ရှိရ်က်သို့ ကျရောက်စေသည့်အတွက်ဖြစ်သည်။
  3. ယဟူဒီ၊ နဆ်ွရာနီနှင့် ၎င်းတို့လုပ်ရပ်ကဲ့သို့ ကဗရ်များပေါ်တွင် အဆောက်အဦးဆောက်၍ ဦးချရာနေရာများ အဖြစ်သတ်မှတ်သူတို့အား လအ်နသ်ပို့ခြင်းပိုင်သည်။
  4. ကဗရ်သင်္ချိုင်းများပေါ်တွင် အဆောက်အဦးဆောက်လုပ်ခြင်းသည် ယဟူဒီ၊ နဆ်ွရာနီတို့၏ လမ်းစဉ်များအနက်မှဖြစ်ပြီး ဟဒီးဆ်တော်တွင် ၎င်းတို့နှင့် ဆင်တူအောင်ပြုခြင်းကို တားမြစ်ထားသည်။
  5. ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ထားခြင်း မရှိလျှင်လည်း ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဝတ်ပြုခြင်း၊ ကဗရ်ဘက်သို့လှည့်၍ ဆွလာသ်ဝတ်ပြုခြင်းတို့သည် ကဗရ်သင်္ချိုင်းများကို ဦးချစရာနေရာများအဖြစ် သတ်မှတ်ခြင်း၌ အကျုံးဝင်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

61 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية