1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်ထက်ပို၍ အလေး ထားဂရုစိုက်၊ မပျက်မကွက် အမြဲဆောင်ရွက်ခဲ့သော အခြားနဖိလ်ဆွလာသ်မရှိခဲ့ပါ။

عن عائشةَ أمِّ المؤْمنِين رضي الله عنها قالت:
لَمْ يَكُنِ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ عَلَى شَيْءٍ مِنَ النَّوَافِلِ أَشَدَّ مِنْهُ تَعَاهُدًا عَلَى رَكْعَتَيِ الفَجْرِ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်စွန္နသ် နှစ်ရကအသ်ထက်ပို၍ အလေး ထားဂရုစိုက်၊ မပျက်မကွက် အမြဲဆောင်ရွက်ခဲ့သော အခြားနဖိလ်ဆွလာသ်မရှိခဲ့ပါ။"

صحيح متفق عليه صحيح البخاري - 1169

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဖဂျရ်အရင် စွန္နသ်နှစ်ရကအသ် ထက်ပို၍ အလေးထားဂရုစိုက်၊ မပျက်မကွက် အမြဲအလေးထား ဆောင်ရွက်ခဲ့သည့် နဖိလ်ဆွလာသ်မရှိကြောင်း မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) မှ ဆင့်ပြန်တင်ပြခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နဖိလ်‌ဆွလာသ်ဆိုသည်မှာ ဖရဿ်ွဆွလာသ်များမှလွဲ၍ အပို ဝတ်ပြုရသော ကောင်းမှုကုသိုလ်များဖြစ်သည်။ ဤနေရာတွင် ဆိုလိုသည်မှာ ဖရဿ်ွဆွလာသ်များနှင့်အတူ ဝတ်ပြုရသော စုနန်ရာဝါသိဗ်( ပုံမှန် ဝတ်ပြုရသော စွန္နသ်ဆွလာသ်) များဖြစ်သည်။
  2. စုနန်ရဝါသိဗ်( ပုံမှန်ဝတ်ပြုရသော စွန္နသ်ဆွလာသ်များမှာ )- · ဖဂျရ် ဖရဿ်ွအရင် ၂ ရကအသ် · ဇုဟုရ် ဖရဿ်ွအရင် ၄ ရကအသ် နှင့် ပြီးနောက် ၂ ရကအသ် · မဂ်ရိဗ် ဖရဿ်ွပြီးနောက် ၂ ရကအသ် · အီရှာ ဖရဿ်ွပြီးနောက် ၂ ရကအသ် တို့ဖြစ်သည်။
  3. ဖဂျရ်စွန္နသ်နှစ်ရကအသ်ကို မိမိအရပ်ဒေသ၌ရော ခရီးထွက်နေစဉ်တွင်ပါ ဝတ်ပြုရမည်။ သို့ရာတွင် ဇုဟုရ်၊ မဂ်ရိဗ် နှင့် အီရှာတို့၏ စွန္နသ်ဆွလာသ်များကိုမူ ခရီးထွက်နေစဉ်တွင် မဝတ်ပြုရပါ။
  4. ဖဂျရ်စွန္နသ်နှစ်ရကအသ်သည် စွန္နသ်မုအက္ကဒဟ်( အလွန်အလေးနက်ထားတိုက်တွန်းထားသော စွန္နသ်) ဖြစ်သဖြင့် ယင်းစွန္နသ်နှစ်ရကအသ်ကို လျစ်လျူရှုခြင်း မပြုသင့်ပေ။

ဘာသာပြန်များကို ကြည့်ရှုရန်

37 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية