1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ကိယာမတ်နေ့တွင် ဂျဟန္နမ်ငရဲသားများအနက် အပြစ်ဒဏ်အသက်သာဆုံးသူမှာ မီးဖြင့်ပြုလုပ်ထား‌သော ဖိနပ်နှစ်ဖက်နှင့် သဲကြိုးနှစ်ချောင်း (ဝတ်ဆင်ပေးခြင်းခံထားရသူ )ရှိသူဖြစ်ပြီး ထိုမီး၏ပူလောင်မှုကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးပူလောင်သည့်အခါ ပွက်ပွက်ဆူသကဲ့သို့ ပွက်ပွက်ဆူနေ‌ပေမည်။ သူသည် သူ့ထက်ပိုပြီး ပြင်းထန်သောပြစ်ဒဏ်ခံနေရသူ မရှိဟု ထင်နေလိမ့်မည်။ အမှန်စင်စစ် ထိုသူသည် အပြစ်ဒဏ်အသက်သာဆုံးသူပင်ဖြစ်သည်။

عَنِ النُّعْمَانِ بْنِ بَشِيرٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِنَّ أَهْوَنَ أَهْلِ النَّارِ عَذَابًا مَنْ لَهُ نَعْلَانِ وَشِرَاكَانِ مِنْ نَارٍ، يَغْلِي مِنْهُمَا دِمَاغُهُ كَمَا يَغْلِ الْمِرْجَلُ، مَا يَرَى أَنَّ أَحَدًا أَشَدُّ مِنْهُ عَذَابًا، وَإِنَّهُ لَأَهْوَنُهُمْ عَذَابًا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

နုအ်မာန်ဗင်န်ဗရှီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကိယာမတ်နေ့တွင် ဂျဟန္နမ်ငရဲသားများအနက် အပြစ်ဒဏ်အသက်သာဆုံးသူမှာ မီးဖြင့်ပြုလုပ်ထား‌သော ဖိနပ်နှစ်ဖက်နှင့် သဲကြိုးနှစ်ချောင်း (ဝတ်ဆင်ပေးခြင်းခံထားရသူ )ရှိသူဖြစ်ပြီး ထိုမီး၏ပူလောင်မှုကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးပူလောင်သည့်အခါ ပွက်ပွက်ဆူသကဲ့သို့ ပွက်ပွက်ဆူနေ‌ပေမည်။ သူသည် သူ့ထက်ပိုပြီး ပြင်းထန်သောပြစ်ဒဏ်ခံနေရသူ မရှိဟု ထင်နေလိမ့်မည်။ အမှန်စင်စစ် ထိုသူသည် အပြစ်ဒဏ်အသက်သာဆုံးသူပင်ဖြစ်သည်။

صحيح متفق عليه صحيح مسلم - 213

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကိယာမတ်နေ့တွင် ပြစ်ဒဏ်အသက်သာဆုံးဖြစ်သူသည် သူ့ခြေထောက်များတွင် မီးဖိနပ်နှစ်ဖက် တပ်ဆင်ခံရပြီး၊ ထိုဖိနပ်၏ အပူရှိန်ကြောင့် သူ၏ ဦးနှောက်သည် ကြေးအိုးကဲ့သို့ ဆူပွက်နေလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုသူသည် သူ့ထက်ပိုမိုပြင်းထန်သော ပြစ်ဒဏ်ကို မည်သူမျှ မခံစားရဟု ထင်မှတ်နေလိမ့်မည်။ သို့သော် သူသည် အမှန်တွင် အပြစ်ဒဏ်အသက်သာဆုံး ခံစားရသူဖြစ်နေပေမည်။ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်နှစ်မျိုးလုံးကို တစ်ပြိုင်နက်ခံစားရစေရန်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမိန့်ဖီဆန်သူများနှင့် ကာဖိရ်များအား ဂျဟန္နမ်ငရဲ၏ ဤကြောက်မက်ဖွယ်ပြစ်ဒဏ်မှ သတိပေးနှိုးဆော်ထားသည်။ သို့မှသာ ထိုပြစ်ဒဏ်သို့ ဦးတည်စေနိုင်သော အပြစ်များမှ ဝေးဝေးရှောင်ကြဉ်နိုင်မည်ဖြစ်သည်။
  2. မိမိတို့၏ မကောင်းမှုများအလိုက် ဂျဟန္နမ်ငရဲသို့ဝင်ရောက်ကြရသူများ၏ အဆင့်အတန်းမှာ ကွဲပြားခြားနားကြမည်ဖြစ်သည်။
  3. ဂျဟန္နမ်ငရဲမီးပြစ်ဒဏ်၏ ပြင်းထန်မှုကို ဖော်ပြထားသည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ယင်းပြစ်ဒဏ်မှ ကင်းလွတ်စေတော်မူပါစေ။

ဘာသာပြန်များကို ကြည့်ရှုရန်

49 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية