1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို ကျွန်ုပ်မြင်တွေ့ခဲ့ရဖူးသည်။

عَنِ النُّعْمَانِ بْنِ بَشِيرٍ رَضِيَ اللَّهُ عَنْهُ قَالَ:
أَلَسْتُمْ فِي طَعَامٍ وَشَرَابٍ مَا شِئْتُمْ؟ لَقَدْ رَأَيْتُ نَبِيَّكُمْ صَلَّى اللهُ عَلَيْهِ وَسَلَّمَ وَمَا يَجِدُ مِنَ الدَّقَلِ مَا يَمْلَأُ بِهِ بَطْنَهُ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

နုအ်မားန် ဗင်န် ဗရှီးရ် ( ရဿွိယလ္လာဟုအန်ဟု ) ဆင့်ပြန်ခဲ့သည်။
အသင်တို့သည် အသင်တို့စိတ်ကြိုက် အစားအသောက်များကို ပေါများစွာရရှိနေသည်မဟုတ်လော။ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို ကျွန်ုပ်မြင်တွေ့ခဲ့ရဖူးသည်။

صحيح رواه مسلم صحيح مسلم - 2977

ရှင်းလင်းချက်

နုအ်မာန် ဗင်န် ဘရှီးရ် (ရဿွိယလ္လာဟုအန်ဟု) က လူတို့အား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များနှင့် ၎င်းတို့သည် အလိုရှိသမျှ စိတ်ကြိုက်စားနိုင်သောက်နိုင်သော စားစရာနှင့်သောက်စရာများ ရှိနေကြဆဲဖြစ်သည်ကို သတိပေးပြောကြားခဲ့သည်။ ထို့နောက် ၎င်းက နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီး‌ခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို တင်ပြခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဇုဟ်ဒ် (လောကီအလိုဆန္ဒကို စွန့်လွှတ်သော ဘဝနေထိုင်မှု)၏ အခြေအနေကို ရှင်းလင်းဖော်ပြခြင်း။
  2. လောကီဘဝ၌ ဇုဟ်ဒ် (အလိုဆန္ဒကို စွန့်လွှတ်ခြင်း) ပြုရန်၊ အနည်းငယ်ဖြင့်သာ ကျေနပ်ရောင့်ရဲရန် နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား အတုယူလိုက်နာရန် တိုက်တွန်းထားခြင်း။
  3. လူသားများအား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များကို သတိရစေခြင်းနှင့် ထိုကျေးဇူးတော်များအတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ရန် တိုက်တွန်းထားခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

36 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية