1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် - "အသင်တို့၏ အိပ်မက်များသည် နောက်ဆုံးခုနစ်ညတွင် တညီတညွတ်တည်း ဖြစ်နေသည်ကို ငါကိုယ်‌တော်တွေ့မြင်ရသည်။ ထို့ကြောင့် မည်သူမဆို ကဒရ်ညမြတ်ကို ရှာဖွေလိုပါက နောက်ဆုံးခုနစ်ညတွင် ရှာဖွေပါ။

عَنِ ابْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا:
أَنَّ رِجَالًا مِنْ أَصْحَابِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ أُرُوا لَيْلَةَ القَدْرِ فِي المَنَامِ فِي السَّبْعِ الأَوَاخِرِ، فَقَالَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «أَرَى رُؤْيَاكُمْ قَدْ تَوَاطَأَتْ فِي السَّبْعِ الأَوَاخِرِ، فَمَنْ كَانَ مُتَحَرِّيهَا فَلْيَتَحَرَّهَا فِي السَّبْعِ الأَوَاخِرِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့‌ဆွဟာဗဟ်သာဝကများသည် အိပ်မက် ၌ ကဒရ်မြတ်သည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညတွင် ရှိသည်ဟု ပြသခြင်းခံရသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - "အသင်တို့၏ အိပ်မက်များသည် နောက်ဆုံးခုနစ်ညတွင် တညီတညွတ်တည်း ဖြစ်နေသည်ကို ငါကိုယ်‌တော်တွေ့မြင်ရသည်။ ထို့ကြောင့် မည်သူမဆို ကဒရ်ညမြတ်ကို ရှာဖွေလိုပါက နောက်ဆုံးခုနစ်ညတွင် ရှာဖွေပါ။"

صحيح متفق عليه صحيح البخاري - 2015

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့ဆွဟာဗဟ်သာဝကများက ကဒရ်ညမြတ်သည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညတွင် ရှိသည် ဟု အိပ်မက်၌ မြင်တွေ့ခဲ့ကြသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် - သင်တို့အားလုံး၏ အိပ်မက်များသည် ရမဿွာန်လ၏ နောက်ဆုံးခုနစ်ညနှင့် ပတ်သက်၍ တညီတညွတ်တည်း ဖြစ်နေသည်ကို ငါကိုယ်တော်တွေ့မြင်ရသည်။ ထို့ကြောင့်မည်သူမဆို ဤညကို ရှာဖွေလိုသောဆန္ဒရှိပါက၊ ထိုသူသည် ကောင်းမှု မမြောက်အများ ပြုလုပ်ခြင်းအားဖြင့် ဤညကို ရှာဖွေရန် ကြိုးစားပါလေ။ အကြောင်းမှာ ကဒရ်ညမြတ်သည် နောက်ဆုံးခုနစ်ညတွင် ဖြစ်နိုင်ခြေ ပိုများသောကြောင့်ဖြစ်သည်။ နောက်ဆုံးခုနစ်ညဆိုသည်မှာ ရမဿွာန်လတွင် ရက်ပေါင်း ၃၀ ရှိပါက ၂၄ ညမှ စတင်ကာ၊ ရက်ပေါင်း ၂၉ ရက် ရှိပါက ၂၃ ညမှ စတင်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ ကဒရ်ညမြတ်၏ ထွတ်မြတ်မှုနှင့် ယင်းညကို ရှာဖွေရန် တိုက်တွန်းထားခြင်း။
  2. ၂။ အလ္လာဟ်အရှင်မြတ်၏ ဉာဏ်တော်နှင့် ကရုဏာတော်အရ ဤညကို ဖုံးကွယ်ထားတော်မူခြင်းမှာ လူသားများသည် ယင်းညကို ရှာဖွေသည့်အနေဖြင့် ဝတ်ပြုကိုးကွယ်မှုတွင် ပြင်းပြစွာ အားထုတ်ကြရန်နှင့် ထိုသို့အားဖြင့် ၎င်းတို့၏ အကျိုးစဝါးဗ်များ ပိုမိုများပြားလာစေရန် ဖြစ်သည်။
  3. ၃။ ကဒရ်ညမြတ်သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ရက်တွင် ရှိပြီး၊ ထိုဆယ်ရက်ထဲမှ နောက်ဆုံး ( ၇ ) ညရက်တွင် ဖြစ်နိုင်ခြေ အရှိဆုံးဖြစ်သည်။
  4. ၄။ ကဒရ်ညမြတ်သည် ရမဿွာန်လ၏ နောက်ဆုံးဆယ်ညထဲမှ တစ်ညဖြစ်သည်။ ထိုည၌ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အပေါ် ကုရ်အာန်ကျမ်းတော်မြတ်ကို ချပေးတော်မူခဲ့သည်။ ထို့ပြင် ယင်းညအား ကျက်သရေမင်္ဂလာရှိခြင်း၊ ကြီးကျယ်မြင့်မြတ်ခြင်းနှင့် ထိုည၌ ပြုလုပ်သော ကောင်းမှုကုသိုလ်၏ သက်ရောက်မှုတို့ကြောင့် လပေါင်း (၁၀၀၀) ထက် ပို၍ သာလွန်မြင့်မြတ်သည့် "ည"အဖြစ် သတ်မှတ်တော်မူခဲ့သည်။
  5. ၅။ ဤညကို 'လိုင်လသုလ်ကဒ်ရ်' ဟု ခေါ်ဆိုခြင်းမှာ ပထမအချက် - ၎င်း၏ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကြောင့် ဖြစ်သည်။ ဥပမာ အာရဗီဘာသာစကားတွင် ( فلان عظيم القدر )ဟု ဆိုကာ "ဤသူသည် ဂုဏ်သိက္ခာကြီးမားသော သူဖြစ်သည်" ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသို့ဖြင့် 'လိုင်းလ်' (ည) ကို ပိုင်ဆိုင်ခြင်းအနေဖြင့် ပေါင်းစပ်ခြင်းသည် ၎င်း၏ ဂုဏ်ရည်တစ်ခုကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဤညသည် ဂုဏ်သိက္ခာနှင့် ရာထူးအဆင့်အတန်း ကြီးမားသော ညဖြစ်သည်။ ဤအချက်ကို ကျမ်းမြတ်ကုရ်အာန်က အောက်ပါအတိုင်း ဖော်ပြထားသည်။ (အဓိပ္ပါယ်) ဧကန်စင်စစ် ငါအရှင်မြတ်သည် ယင်းကျမ်းတော်မြတ်ကုရ်အာန်ကို ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော ည၌ ချပေးတော်မူခဲ့သည်။ (အလ်-ဒုခါန်၊ ၄၄း၃) ဒုတိယအချက် - 'ကဒ်ရ်' ဆိုသည်မှာ သတ်မှတ်စီမံခြင်း (ပြဌာန်းခြင်း) ဟူသော အနက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဤသို့ဖြင့် 'လိုင်းလ်' (ည) ကို 'ကဒ်ရ်' သို့ ပေါင်းစပ်ခြင်းသည် နေရာတစ်ခုအား ၎င်းတွင် ပါဝင်သော အရာများသို့ ပေါင်းစပ်ခြင်း အမျိုးအစား ဖြစ်သည်။ ဆိုလိုသည်မှာ ဤညသည် တစ်နှစ်တာအတွင်း ဖြစ်ပျက်မည့် အရေးကိစ္စအားလုံးကို သတ်မှတ်စီမံဆုံးဖြတ်ပေးသော ညဖြစ်သည်။ ဤအချက်ကို ကျမ်းမြတ်ကုရ်အာန်က အောက်ပါအတိုင်း ဖော်ပြထားသည်။ (အဓိပ္ပါယ်) ထိုညဝယ် ဉာဏ်ပညာနှင့် ပြည့်စုံသော အမိန့်တော်အရေးကိစ္စအပေါင်းတို့ကို ခွဲခြားဖော်ပြထားတော်မူ၏။ (အလ်-ဒုခါန်၊ ၄၄း၄)

ဘာသာပြန်များကို ကြည့်ရှုရန်

46 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية