1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် လူသားတို့သည် ဥစ္စာပစ္စည်းနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းနှစ်ခုကို ပိုင်ဆိုင်ခဲ့လျှင်လည်း တတိယချိုင့်ဝှမ်းတစ်ခုကို ထပ်မံတောင့်တပေလိမ့်မည်

عَنْ أَنَسٍ رَضيَ اللهُ عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«لَوْ كَانَ لِابْنِ آدَمَ وَادِيَانِ مِنْ مَالٍ لَابْتَغَى وَادِيًا ثَالِثًا، وَلَا يَمْلَأُ جَوْفَ ابْنِ آدَمَ إِلَّا التُّرَابُ، وَيَتُوبُ اللهُ عَلَى مَنْ تَابَ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အနတ်စ်ဗင်န်မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
လူသားတို့သည် ဥစ္စာပစ္စည်းနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းနှစ်ခုကို ပိုင်ဆိုင်ခဲ့လျှင်လည်း တတိယချိုင့်ဝှမ်းတစ်ခုကို ထပ်မံတောင့်တပေလိမ့်မည်။ လူသား၏ဝမ်းဗိုက်ကို မြေကြီးမှလွဲ၍ အဘယ်အရာကမျှ မပြည့်စေနိုင်ချေ။ အလ္လာဟ်အရှင်မြတ်သည် သောင်ဗဟ်အမှားဝန်ချတောင်းပန်သူ၏ သောင်ဗဟ်ကို လက်ခံတော်မူ၏။

صحيح متفق عليه صحيح مسلم - 1048

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - လူသားသည် ရွှေနှင့်ပြည့်နှက်နေသော ချိုင့်ဝှမ်းတစ်ခုကို ရရှိခဲ့လျှင်၊ သူသည် လူ့သဘာဝအရ တပ်မက်မှုကြောင့် နောက်ထပ် ချိုင့်ဝှမ်းနှစ်ခုကို လိုချင်ပေလိမ့်မည်။ သူသည် လောကီ၌ရှိသော ဥစ္စာပစ္စည်းများကို စုဆောင်းရန် အမြဲတမ်း လိုလားတောင့်တနေလိမ့်မည်ဖြစ်ပြီး နောက်ဆုံး၌ ကွယ်လွန်သေဆုံးကာ သူ၏ဝမ်းဗိုက်သည် သူ၏ကဗရ်မြေကြီးဖြင့်သာ ဖြည့်တင်းရလိမ့်မည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ လူသားတို့၏ ဥစ္စာပစ္စည်းနှင့် လောကီ၏အကျိုးခံစားမှုများကို စုဆောင်းရန် အလွန်အမင်း တပ်မက်မှု။
  2. ၂။ အိမာမ်နဝဝီက "ဤဟဒီးဆ်တော်တွင် လောကီဥစ္စာပစ္စည်းများကို တပ်မက်ခြင်း၊ များပြားစွာ စုဆောင်းလိုခြင်းနှင့် လောကီအရသာများကို မက်မောခြင်းတို့ကို ရှုတ်ချထားခြင်း ပါရှိသည်" ဟု ဆိုခဲ့သည်။
  3. ၃။ အလ္လာဟ်အရှင်မြတ်သည် ရှုတ်ချဖွယ်ရာ အကျင့်စရိုက်များမှ နောင်တရပြီး အရှင့်ဘက်သို့ ပြန်လှည့်သူတို့၏ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည်။
  4. ၄။ အိမာမ်နဝဝီက ဆက်လက်၍ "ဤဟဒီးဆ်သည် လူသားအများစု၏ လောကီဥစ္စာပစ္စည်းများကို တပ်မက်မှု သဘာဝအပေါ် ထောက်ပြထားပြီး၊ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏ "အလ္လာဟ်အရှင်မြတ်သည် နောင်တရပြီး အရှင့်ဘက်သို့ ပြန်လှည့်သူတို့၏ သောင်ဗဟ်အမှားဝန်ချတောင်းပန်မှုကို လက်ခံတော်မူ၏" ဟူသော မိန့်ကြားချက်သည်လည်း ဤအချက်ကို ထောက်ခံအတည်ပြုထားသည်" ဟု ဖွင့်ဆိုခဲ့သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

36 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية