1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် “မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။

عَنْ أبي سَعيدٍ الخُدريَّ رضي الله عنه قال: قال رسولُ الله صلَّى الله عليه وسلم ِ:
«إزْرَةُ المُسْلمِ إلى نصفِ السَّاق، وَلَا حَرَجَ -أو لا جُنَاحَ- فيما بينَهُ وبينَ الكعبينِ، وما كان أسفلَ منَ الكعبين فهو في النار، مَن جرَّ إزارَهُ بطرًا لم يَنْظُرِ اللهُ إليه».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူစအီးဒ်ခုဒ်ရီ(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
“မွတ်စ်လင်မ်တစ်ဦး၏ ခါးဝတ်ပုဆိုး(အိဇာရ်) သည် ခြေသလုံးတစ်ဝက်အထိ ရှိရမည်။ အကယ်၍ ၎င်းသည် ခြေသလုံးတစ်ဝက်နှင့် ခြေချင်းဝတ်ကြားတွင် ရှိခဲ့လျှင်လည်း ထိုအရာ၌ အပြစ်မရှိပါ။ ခြေချင်းဝတ်အောက်သို့ ကျနေသော အပိုင်းသည် ငရဲမီးထဲ၌ ရှိလိမ့်မည်။ ထို့ပြင် မည်သူမဆို မာန်မာနထောင်လွှားပြီး မိမိ၏ခါးဝတ်ပုဆိုးကို တရွတ်ဆွဲ၍ (လမ်းလျှောက်)ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"

صحيح رواه أبو داود وابن ماجه وأحمد سنن أبي داود - 4093

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) သည် မွတ်စ်လင်မ်အမျိုးသားတစ်ဦးအတွက် ၎င်း၏ ‘အိဇာရ်’ (အောက်ပိုင်းကို ဖုံးအုပ်သော အဝတ်အစား) နှင့် ပတ်သက်၍ အခြေအနေ သုံးမျိုးရှိကြောင်း ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ၁။ မွတ်စ်သဟဗ် (နှစ်သက်ဖွယ်ဖြစ်သည်) - ခြေသလုံးတစ်ဝက်အထိ ဖြစ်သည်။ ၂။ မက္ကရူဟ်မဖြစ်ဘဲ ခွင့်ပြုထားသည် - ၎င်းမှာ ခြေသလုံးတစ်ဝက်အောက်မှ ခြေကျင်းဝတ်အထိ ဖြစ်သည်။ (ခြေကျင်းဝတ်ဆိုသည်မှာ ခြေသလုံးနှင့်ခြေထောက်ဆုံရှိ ပေါ်ထွက်နေသောအရိုး(ခြေမျက်စိ)နှစ်ဖက်ဖြစ်သည်)။ ၃။ ဟရာမ် (တားမြစ်ထားသည်) - ခြေကျင်းဝတ်အောက်သို့ ကျနေခြင်းဖြစ်သည်။ ထိုသို့ဝတ်ဆင်ခြင်းအားဖြင့် ဂျဟန္နမ်ငရဲမီးနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ရသည်။ အကယ်၍ မာန်မာန၊ ဝင့်ကြွားမှု၊ အမိန့်ဖီဆန်ခြင်းအားဖြင့် ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား ကြည့်ရှုတော်မူမည်မဟုတ်ပေ။"

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤပုံစံဝတ်ဆင်ခြင်းနှင့် ပြင်းထန်သောသတိပေးချက်သည် အမျိုးသားများအတွက်သာ သီးသန့်ဖြစ်သည်။ အမျိုးသမီးများမူ ယင်းမှ ကင်းလွတ်ခွင့်ရှိသည်။ အကြောင်းမှာ အမျိုးသမီးများသည် မိမိတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ရန် အမိန့်ပေးထားခြင်းခံရသောကြောင့်ဖြစ်သည်။
  2. အမျိုးသားတို့၏ ခါးအောက်ပိုင်းကို ဖုံးအုပ်ပေးသော အရာတိုင်းကို ‘အိဇာရ်’ ဟုခေါ်သည်။ ဥပမာ — ဘောင်းဘီ၊(ပုဆိုး)၊ အဝတ်ရှည် စသည်တို့ဖြစ်သည်။ ထိုအရာများသည် ဤဟဒီးစ်တော်တွင် ဖော်ပြထားသော ရှရီအသ်စည်းမျဉ်းများအတွင်း ပါဝင်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

44 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
YO Yorùbá ইউরুবা
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية