1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။

عَنْ عَبْدِ اللَّهِ بْنِ عَمْرٍو رَضِيَ اللَّهُ عَنْهُمَا:
أَنَّ رَجُلًا سَأَلَ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: أَيُّ الإِسْلاَمِ خَيْرٌ؟ قَالَ: «تُطْعِمُ الطَّعَامَ، وَتَقْرَأُ السَّلاَمَ عَلَى مَنْ عَرَفْتَ وَمَنْ لَمْ تَعْرِفْ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။

صحيح متفق عليه صحيح البخاري - 12

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်များက အကောင်းဆုံးဖြစ်ပါသနည်းဟု မေးမြန်းခံရသည်။ ထိုအခါ ကိုယ်တော်က အောက်ပါ အရည်အချင်းနှစ်ရပ်ကို ဖော်ပြတော်မူခဲ့သည်။
ပထမအချက် - ဆင်းရဲသားများကို အစားအစာများများ ကျွေးမွေးခြင်း ဖြစ်သည်။ ယင်းတွင် စွဒ်ကဟ်အလှူဒါနပြုခြင်း၊ လက်ဆောင်ပေးကမ်းခြင်း၊ ဧည့်ဝတ်ပြုခြင်းနှင့် ဝလီမဟ် ဧည့်ခံကျွေးမွေးခြင်းတို့လည်း ပါဝင်သည်။ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးသည့်ကာလနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေချိန်များတွင် အစားအစာကျွေးမွေးခြင်း၏ မွန်မြတ်မှုမှာ ပို၍ ပင် လေးနက်သွားသည်။
ဒုတိယအချက် - မွတ်စ်လင်မ်တိုင်းအား သိသူဖြစ်စေ၊ မသိသူဖြစ်စေ စလာမ်ပေးခြင်း ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွဟာဗဟ်များသည် လောကီနှင့် နောင်တမလွန်ဘဝကို အကျိုးဖြစ်‌စေမည့် လုပ်ရပ်များကို သိရှိရန် အလွန်စိတ်အားထက်သန်ကြသည်။
  2. စလာမ်ပေးခြင်းနှင့် အစားအသောက်ကျွေးမွေးခြင်းတို့သည် အစ္စလာမ်သာသနာ၏ အကောင်းဆုံး လုပ်ရပ်များအနက်မှ ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့တွင် များစွာသော ကောင်းခြင်းများရှိသည့်အပြင် လူအများသည် အချိန်တိုင်းတွင် ယင်းတို့ကို လိုအပ်နေသောကြောင့်ဖြစ်သည်။
  3. ဤအရည်အချင်း နှစ်ရပ်တွင် စကားနှင့် လုပ်ရပ် နှစ်ခုစလုံးဖြင့် ကောင်းကျိူးပြုခြင်း ပါဝင်သည်။ ဤသည်ပင် အကောင်းဆုံးနှင့် အပြည့်စုံဆုံး ကောင်းကျိုးပြုခြင်းပင် ဖြစ်သည်။
  4. ဤအရည်အချင်းများသည် မွတ်စ်လင်မ်အချင်းချင်း ဆက်ဆံရေးနှင့် သက်ဆိုင်သည့် ကိစ္စများဖြစ်သည်။ ထို့ပြင် ကျေးကျွန်အနေဖြင့် သူ၏အရှင်သခင်နှင့် ဆက်ဆံရာတွင် ရှိရမည့် အခြားသော အရည်အချင်းများလည်းရှိသည်။
  5. စလာမ်စတင်ပေးခြင်းသည် မွတ်စ်လင်မ်အချင်းချင်းကြားတွင်သာ ပြုလုပ်အပ်‌သော သီးသန့်သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ကာဖိရ် (မယုံကြည်သူ) တစ်ဦးကို စလာမ်စတင်ပေးခြင်း မပြုရပါ။

ဘာသာပြန်များကို ကြည့်ရှုရန်

58 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية