1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။

عن سعد بن عبادة رضي الله عنه أنه قال:
يَا رَسُولَ اللَّهِ، إِنَّ أُمَّ سَعْدٍ مَاتَتْ، فَأَيُّ الصَّدَقَةِ أَفْضَلُ؟، قَالَ: «الْمَاءُ»، قَالَ: فَحَفَرَ بِئْرًا، وَقَالَ: هَذِهِ لِأُمِّ سَعْدٍ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

စအ်ဒ် ဗင်န် အုဗာဒဟ် ( ရဿွိယလ္လာဟုအန်ဟု ) က ဆင့်ပြန်ခဲ့သည်။
"အို- အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ (ကျွန်‌တော်မျိုး၏မိခင်) အွမ်မုစအ်ဒ် ကွယ်လွန်သွားပါပြီ။ မည်သည့် လှူဒါန်းမှုသည် အကောင်းဆုံးဖြစ်ပါသနည်း" ဟု မေးမြန်းရာ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "ရေ (လှူဒါန်းခြင်း)" ဟု ဖြေကြားတော်မူသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီက ပြောပြခဲ့သည်။ ထို့နောက် သူ(စအ်ဒ်)သည် ရေတွင်းတစ်တွင်းတူး၍ "ဤသည် အွမ်မုစအ်ဒ် အတွက် ဖြစ်သည်" ဟု ပြောခဲ့သည်။

حسن بمجموع طرقه رواه أبو داود والنسائي وابن ماجه سنن أبي داود - 1681

ရှင်းလင်းချက်

စအ်ဒ် ဗင်န် အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု)၏ မိခင် ကွယ်လွန်သွားသောအခါ ၎င်းသည် မိမိ၏မိခင်အတွက် လှူဒါန်းရန် အကောင်းဆုံး အလှူအမျိုးအစားအကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ မေးမြန်းခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အကောင်းဆုံးအလှူမှာ ရေ ဖြစ်သည်ဟု အသိပေးမိန့်ကြားတော်မူသဖြင့် သူသည် ရေတွင်းတစ်တွင်းတူး၍ မိခင်အတွက် စွဒကဟ်(ဂျာရိယဟ်)အဖြစ် ပြုလုပ်လှူဒါန်းခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရေသည် အကောင်းဆုံးသော လှူဒါန်းမှုများထဲမှ တစ်ခုဖြစ်ကြောင်း ရှင်းလင်း‌ဖော်ပြထားခြင်း။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က စအ်ဒ်အား ရေလှူဒါန်းရန် အကြံပေးတော်မူခြင်းမှာ ရေသည် သာသနာရေးနှင့် လောကီရေးရာ ကိစ္စရပ်များတွင် အကျိုးကျေးဇူးအများဆုံး၊ အကျယ်ပြန့်ဆုံးဖြစ်ပြီး ပူပြင်းခြောက်သွေ့မှု၊ ရေအခက်အခဲနှင့် ရေရှားပါးမှုတို့ကို ခံစားနေရသောကြောင့် ဖြစ်သည်။
  3. ကွယ်လွန်သူများထံ စွဒကဟ်အလှူဒါနာများ၏ အကျိုးကျေးဇူးများ ရောက်ရှိကြောင်း ညွှန်ပြထားခြင်း။
  4. စအ်ဒ် ဗင်န် အုဗာဒဟ် (ရဿွိယလ္လာဟုအန်ဟု) ၏ မိခင်အပေါ် ကျေးဇူးသိတတ်မှုနှင့် ကောင်းမှုပြုခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

51 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية