1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. အကီဒဟ် ယုံကြည်ချက်။

ဟဒီးဆ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။

عَنْ عَدِيِّ بْنِ حَاتِمٍ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«مَا مِنْكُمْ مِنْ أَحَدٍ إِلَّا سَيُكَلِّمُهُ اللهُ، لَيْسَ بَيْنَهُ وَبَيْنَهُ تُرْجُمَانٌ، فَيَنْظُرُ أَيْمَنَ مِنْهُ فَلَا يَرَى إِلَّا مَا قَدَّمَ، وَيَنْظُرُ أَشْأَمَ مِنْهُ فَلَا يَرَى إِلَّا مَا قَدَّمَ، وَيَنْظُرُ بَيْنَ يَدَيْهِ فَلَا يَرَى إِلَّا النَّارَ تِلْقَاءَ وَجْهِهِ، فَاتَّقُوا النَّارَ وَلَوْ بِشِقِّ تَمْرَةٍ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဒီဗင်န်ဟာသင်မ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက်မှအယောက်တိုင်းနှင့် စကားပြောတော်မူမည်ဖြစ်ရာ အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်မည့်သူမပါရှိပေ။ သိုဖြစ်ရာ ထိုသူသည် ယာဘက်ကိုကြည့်ရာ သူတင်ကြို၍ပိုခဲ့သော‌(ကောင်းမှုကိုသာ) တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူတင်ကြို၍ပိုခဲ့သော‌(မကောင်းမှုကိုသာ) တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏‌အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ ကိုယ်တော်မြတ်က မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော ကောင်းမှုနှင့်ပင်ဖြစ်ပါစေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ယူကြကုန်။

صحيح متفق عليه صحيح مسلم - 1016

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ မုအ်မင်န်တိုင်းသည် ကိယာမသ်‌နေ့တွင် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌တစ်ယောက်ခြင်း ရပ်ရပေမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အား မည်သည့် ကြားခံမှမပါဘဲ စကားပြောမည်ဖြစ်ရာ အလ္လာဟ်အရှင်မြတ်နှင့် ထိုသူ၏ကြားတွင် ဘာသာပြန်ပေးမည့် ဘာသာပြန်လည်းရှိမည်မဟုတ်။ သိုဖြစ်ရာ ထိုသူသည် အလွန်ပင် ကြောက်ရွံ၍မိမိရှေ့မှောက်တွင်ရှိသော ဂျဟန္နမ်ငရဲမီးမှ လွတ်မြောက်မှုရရှိရန်အတွက် လမ်းစရရန်မျှော်လင့်၍ညာဘက်သိုကြည့်လိုက် ဘယ်ဘက်သိုကြည့်လိုက်လုပ်နေသည်။ ယာဘက်ကိုကြည့်ရာ သူကြိုတင်ပြီးပိုခဲ့သော‌ကောင်းမှုကိုသာ တွေ့မည်။ ဝဲဘက်ကို ကြည့်ရာ သူကြိုပြီးပိုခဲ့သော‌ မကောင်းမှုကိုသာ တွေ့မည်။ အရှေ့ဘက်သိုကြည့်ရာ မိမိ၏‌အရှေ့တည့်တည့်တွင် ငရဲမီးကိုသာတွေ့မည်။ သူသည် ဂျဟန္နမ်ငရဲမီးမှလွှ ဖယ်နိုင်မည် မဟုတ်သောကြောင့် ဆွိရာသ် တံတားပေါ်‌မှ မုချဖြတ်သန်းသွားရမည်။ တဖန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်တော်မူသည်မှာ အသင်တိုသည် စွန်ပလွံသီးတစ်ခြမ်းစာလောက်သာရှိသော အမလ်ကောင်းမှုကိုဖြစ်စေ၊ ဆွဒ်ကဟ် အလှူဒါနကိုဖြစ်‌စေ ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ပေးသောအရာအဖြင့်ပြုလုပ်ကြကုန်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဟဒီးဆ်တော်တွင် ဆွဒ်ကဟ်အလှူဒါနအား နည်းသည်ဖြစ်‌စေ ပြုလုပ်ရန်၊ ကောင်းမွန်သော ကိုယ်ကျင့်တရားများထားရှိရန်၊ နူးညံ့သိမ်မွေ့စွာ ဆက်ဆံရန်၊ နူးညံ့စွာပြောဆိုရန်တိုက်တွန်းထားသည်။
  2. အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် လူသားနှင့်နီးကပ်စွာရှိမည်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်နှင့်လူသား၏ကြားတွင် အကာအကွယ်လည်းရှိမည်မဟုတ်၊ ကြားခံဆက်သွယ်ပေးမည့်သူလည်းမရှိ၊ ဘာသာပြန်လည်းရှိမည်မဟုတ်ပေ။ ထိုကြောင့် မုအ်မင်န်သည် မိမိအရှင်မြတ်၏အမိန့်အား ဖီဆန်ခြင်းမှ ရှောင်ကြဉ်ရမည်။
  3. လူသားသည် မိမိလှူဒါန်းလိုက်သော အလှူဒါနကို နည်းသည်ဖြစ်စေ အထင်မသေးသင့်ပါ။ အကြောင်းမှာ ယင်းအလှူဒါနသည် ဂျဟန္နမ်ငရဲမီးမှ အကာကွယ်ပေးမည့်အရာဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

52 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية