1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် “အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း ကြမ်းတမ်းသူလည်း မဟုတ်၊ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အော်ဟစ်ကျယ်လောင်စွာပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ခွင့်လွှတ်တော်မူပြီး သည်းခံတော်မူ၏။

عَن أَبي عَبْدِ اللهِ الْجَدَلِيِّ قَالَ: سَأَلْتُ عَائِشَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها عَنْ خُلُقِ رَسُولِ اللهِ صلى الله عليه وسلم فَقَالَتْ:
لَمْ يَكُنْ فَاحِشًا وَلَا مُتَفَحِّشًا وَلَا صَخَّابًا فِي الْأَسْوَاقِ، وَلَا يَجْزِي بِالسَّيِّئَةِ السَّيِّئَةَ وَلَكِنْ يَعْفُو وَيَصْفَحُ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဘူအဗ်ဒုလ္လာဟ်အလ်ဂျဒလီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်မှာ- “ကျွန်ုပ်သည် မိခင်မွန်ကြီးအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ် ကျင့်တရားနှင့် ပတ်သက်၍ မေး မြန်းခဲ့ပါသည်။ ထိုအခါ သူမက ဖြေကြားခဲ့သည်မှာ -
“အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရုန့်ရင်း ကြမ်းတမ်းသူလည်း မဟုတ်၊ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အော်ဟစ်ကျယ်လောင်စွာပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ခွင့်လွှတ်တော်မူပြီး သည်းခံတော်မူ၏။ "

صحيح رواه الترمذي وأحمد سنن الترمذي - 2016

ရှင်းလင်းချက်

မိခင်မွန်ကြီးအာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကို အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ် ကျင့်တရားနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ သူမက ဤသို့ဖြေကြားတော်မူခဲ့သည်- ကိုယ်တော်၏ စကားနှင့် အပြုအမူတို့တွင် ရုန့်ရင်း ကြမ်းတမ်းခြင်း၊ စက်ဆုပ်ဖွယ်ရာများ မရှိခဲ့ပါ။ ရုန့်ရင်း ကြမ်းတမ်းသည့် အပြုအမူကို တမင်ပြုလုပ်သူလည်း မဟုတ်၊ ဈေးများ၌ အသံကျယ်လောင်စွာအော်ဟစ်ပြောဆိုတတ်သူလည်း မဟုတ်ပါ။ မကောင်းမှုကို မကောင်းမှုဖြင့် မတုန့်ပြန်ဘဲ၊ ကောင်းမှုဖြင့်သာ တုန့်ပြန်တော်မူ၏။ အတွင်းသဘောအားဖြင့် ခွင့်လွှတ်တော်မူပြီး အပြင်ပန်းအားဖြင့်လည်း သည်းခံတော်မူ၍ မျက်ကွယ်ပြုတော်မူ၏။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ၁။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)တွင် ရှိခဲ့သော မြင့်မြတ်သည့်ကိုယ်ကျင့်တရားနှင့် မကောင်းသောအကျင့်စရိုက်ဆိုးများမှ ကင်းဝေးတော်မူကြောင်းကို ရှင်းလင်းတင်ပြထားခြင်း။
  2. ၂။ ကောင်းမြတ်သောကိုယ်ကျင့် တရားများကို ကျင့်ကြံရန်နှင့် မကောင်းသော အကျင့်စရိုက်များမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားခြင်း။
  3. ၃။ ညစ်ညမ်းသော စကား၊ စက်ဆုပ်ဖွယ်အပြောအဆိုတို့ကို ရှုတ်ချထားခြင်း။
  4. ၄။ လူများအပေါ် အသံကျယ်လောင်စွာပြောဆိုခြင်း၊ အော်ဟစ်ခြင်းကို ရှုတ်ချထားခြင်း။
  5. ၅။ မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ရန်၊ ခွင့်လွှတ်ရန်နှင့် သည်းခံရန် တိုက်တွန်းထားခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

42 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية