1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်‌စေ၊ ကလေးဖြစ်‌စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။

عَنِ ابْنِ عُمَرَ رَضِيَ اللَّهُ عَنْهُمَا قَالَ:
فَرَضَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ زَكَاةَ الفِطْرِ صَاعًا مِنْ تَمْرٍ، أَوْ صَاعًا مِنْ شَعِيرٍ، عَلَى العَبْدِ وَالحُرِّ، وَالذَّكَرِ وَالأُنْثَى، وَالصَّغِيرِ وَالكَبِيرِ مِنَ المُسْلِمِينَ، وَأَمَرَ بِهَا أَنْ تُؤَدَّى قَبْلَ خُرُوجِ النَّاسِ إِلَى الصَّلاَةِ.

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နုအုမရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) သည် မွတ်စ်လင်များထဲမှ ကျေးကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်‌စေ၊ ကလေးဖြစ်‌စေ၊ လူကြီးဖြစ်စေ အားလုံးအပေါ် စွန်ပလွံသီးတစ်စွာအ် သို့မဟုတ် မုယောစပါး တစ်စွာအ် ဖိသ်ရဟ်ပေးဆောင်ရန် ဖရဿ်ွအဖြစ်သတ်မှတ်တော်မူခဲ့သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။

صحيح متفق عليه صحيح البخاري - 1503

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ရမဿွာန်လကုန်ဆုံးပြီးနောက်တွင် ဇကာသုလ်ဖိသွိရ်ကို ပေးဆောင်ရန် သတ်မှတ်ပြဌာန်းခဲ့သည်။ ၎င်း၏ ပမာဏမှာ တစ်ဆွာအ် ဖြစ်ပြီး ၎င်း၏ အလေးချိန်မှာ မွဒ်လေးခုနှင့် ညီမျှသည်။ "မွဒ်"ဆိုသည်မှာ သာမန်လူတစ်ဦး၏ လက်နှစ်ဖက်အပြည့် ပမာဏကို ဆိုလိုပြီး၊ စွန်ပလွံသီး သို့မဟုတ် မုယောစပါးဖြင့် (ပေးဆောင်ရန် သတ်မှတ်ထားသည်။) မွတ်စ်လင်မ်တိုင်း၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ (ပေးဆောင်ရန် တာဝန်ရှိသည်)။ ဤတာဝန်သည် မိမိကိုယ်တိုင်နှင့် မိမိထိန်းသိမ်းစောင့်ရှောက်ရသူများအတွက် တစ်နေ့နှင့် တစ်ညတာ ရိက္ခာအပြင် ပိုလျှံမှုရှိသူတိုင်းအတွက် ဖြစ်သည်။ ထို့ပြင် လူတို့ အီးဒ်ဆွလားသ်ဝတ်ပြုရန် မထွက်ခင်အလျင် ၎င်း (ဖိသ်ရဟ်) အားပေးဆောင်ကြရန် အမိန့်ပေးတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လမြတ်ရမဿွာန်၏ ဇကာသုလ်ဖိသ်ရ်သည် လူငယ်၊ လူကြီး၊ လွတ်လပ်သူနှင့် ကျွန် စသည့် မွတ်စ်လင်မ်တိုင်းအတွက်ပေးဆောင်ရန် တာဝန်ရှိသည်။ ပေးဆောင်ရန် တာဝန်မှာ (ကလေးငယ်များ၏) အုပ်ထိန်းသူနှင့် သခင်က (မိမိ၏ ကျွန်များအတွက်) ဆောင်ရွက်ပေးရမည်။ လူတစ်ဦးသည် မိမိကိုယ်တိုင်၊ မိမိ၏ သားသမီးများနှင့် မိမိအပေါ်တွင် စားဝတ်နေရေး ကျွေးမွေးစရိတ်ပေးရန် တာဝန်ရှိသူအားလုံးတို့၏ ကိုယ်စား ဇကာသုလ်ဖိသ်ရ်ကို ပေးဆောင်ရမည်။
  2. မိခင်ဝမ်းတွင်းရှိ သန္ဓေသား (ကလေးငယ်) အတွက် ဇကာသုလ်ဖိသ်ရ် ပေးဆောင်ရန် ဝါဂျစ်ဗ်တာဝန်မဟုတ်ပေ။ သို့ရာတွင် မွတ်စ်သဟဗ် ဖြစ်သည်။
  3. ဇကာသုလ်ဖိသ်ရ်တွင် မည်သည့်အရာကို ပေးဆောင်ရမည်နည်း ဆိုသည့် အချက်ကို ဖော်ပြထားခြင်း။ အမှန်စင်စစ် ဇကာသုလ်ဖိသ်ရ်တွင် လူတို့၏ အဓိက စားသုံးကုန် (ဒေသအလိုက် အဓိက စားနပ်ရိက္ခာ) ကို ပေးဆောင်ရမည် ဖြစ်သည်။
  4. ဇကာသုလ်ဖိသ်ရ်ကို အီးဒ်ဆွလားသ်မဝတ်ပြုမီအရင် ပေးဆောင်ရန် တာဝန်ရှိသည်။ အီးဒ်နေ့ မနက်တွင် ပေးဆောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အီးဒ်မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင်လည်း ပေး‌ဆောင်ခွင့်ရှိသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

47 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
TG тоҷикӣ الطاجيكية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy মালাগাসি
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية