1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ကြီးကျယ် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင် နူရ်အလင်းရောင်နှင့်အတိပြီးသော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။

عن عبد الله بن عمرو رضي الله عنهما قال: قال رسول الله صلى الله عليه وسلم:
«إِنَّ الْمُقْسِطِينَ عِنْدَ اللهِ عَلَى مَنَابِرَ مِنْ نُورٍ، عَنْ يَمِينِ الرَّحْمَنِ عَزَّ وَجَلَّ، وَكِلْتَا يَدَيْهِ يَمِينٌ، الَّذِينَ يَعْدِلُونَ فِي حُكْمِهِمْ وَأَهْلِيهِمْ وَمَا وَلُوا».

အဗ်ဒုလ္လာဟ် ဗင်န် အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်မုချ တရားမျှတသူများသည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ကြီးကျယ် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင် နူရ်အလင်းရောင်နှင့်အတိပြီးသော ပလ္လင်များထက်ဝယ်ရှိကြလိမ့်မည်။အလ္လာဟ်အရှင်မြတ်၏ လက်တော်နှစ်ဘက်သည် လက်ယာပင်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အမိန့်ဆုံးဖြတ်ချက်၌လည်းကောင်း၊ မိမိတို့၏ မိသားစုများတွင်လည်းကောင်း၊ မိမိတို့ တာဝန်ယူရသည့် ကိစ္စတို့၌လည်းကောင်း တရားမျှတမှုရှိကြသည်။

صحيح رواه مسلم صحيح مسلم - 1827

ရှင်းလင်းချက်

တမန်‌တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ မိမိတို့၏ လက်အောက်ခံများ၊ အုပ်ချုပ်ခံများ၊ မိသားစုဝင်များကြားတွင် မှန်ကန်၊မျှတစွာ အုပ်ချုပ်သူများသည် ကိယာမသ်နေ့၌ ဂုဏ်ပြုချီးမြှောက်ခြင်းခံရပြီး နူးရ်အလင်းရောင်ဖြင့် ဖန်ဆင်းထား‌သည့် အဆင့်အတန်းမြင့်မား‌လှသောပလ္လင်များပေါ်တွင် ထိုင်လျက်ရှိနေကြလိမ့်မည်။ ထိုပလ္လင်များသည် မြင့်မြတ်တော်မူသော မဟာကရုဏာတော်ရှင်၏ လက်ယာဘက်တွင်ရှိမည်ဖြစ်သည်။ ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်၏ လက်တော်နှစ်ဘက်သည် လက်ယာပင်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တရားမျှတမှု၏ ထွတ်မြတ်မှုကို တင်ပြထားပြီး တရားမျှတမှုရှိရန် တိုက်တွန်းထားသည်။
  2. တရားမျှတမှုသည် လူတို့ကြားစီမံအုပ်ချုပ်မှု၊ ဇနီးများနှင့် သားသမီးများအပါအဝင် အုပ်ထိန်းမှုအားလုံး၌ရှိရန်လိုအပ်သည်။
  3. ကိယာမသ်နေ့တွင် တရားမျှတသူတို့၏ အဆင့်တန်းကို ဖော်ပြထားသည်။
  4. ကိယာမသ်နေ့တွင် အီမာန်ရှင်များသည် မိမိတို့၏ အမလ်ကျင့်ဆောင်မှုအလိုက် အဆင့်အတန်းများ ကွာခြားသွားမည်။
  5. အကျိုးကျေးဇူးများတင်ပြကာ နှစ်သက်လိုလားမှု ဖြစ်လာအောင်ပြုခြင်းသည် ဒအ်ဝဟ် ဖိတ်ခေါ်မှု နည်းစနစ်တစ်ခုဖြစ်ပြီး ဖိတ်ခေါ်ခံရသူအား လက်ခံချင်စိတ်ဖြစ်လာအောင် ပြုလုပ်ပေးသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

68 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
FR Français ပြင်သစ်
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TA தமிழ் တမီးလ်
TH ไทย ထိုင်း
DE Deutsch ဂျာမန်
JA 日本語 ဂျပန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
FF Fulfulde الفولانية
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
BG Български البلغارية
AZ Azərbaycan আজারী
EL Ελληνικά اليونانية
AK Akan الأكانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
LN Lingala اللينجالا
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
BM Bambara البامبارية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
RN Kirundi الكيروندي
YAO Yao الياو
KMR Kurmancî الكرمنجية