عَنْ أَبِي هُرَيْرَةَ رَضيَ اللهُ عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَ:
«أَحَبُّ الْبِلَادِ إِلَى اللهِ مَسَاجِدُهَا، وَأَبْغَضُ الْبِلَادِ إِلَى اللهِ أَسْوَاقُهَا».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်၍ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။

صحيح رواه مسلم صحيح مسلم - 671

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အလ္လာဟ်အရှင်မြတ်ထံ အနှစ်သက်ဆုံးနေရာမှာ ဗလီများဖြစ်သည်။ အကြောင်းမှာ ဗလီများသည် ကောင်းမှုကုသိုလ်ပြုရာနေရာ၊ သက္ကဝါတရားပေါ် အခြေခံတည် ဆောက်ထားသောဌာနဖြစ်သောကြောင့်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံ အမုန်းဆုံးနေရာမှာ ဈေးများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဈေးများသည် လိမ်လည်လှည့်ဖြားမှု၊ အတိုးစားသုံးမှု၊ မုသားကျိန်ဆိုမှု၊ ကတိဖျက်မှုနှင့် အလ္လာဟ်အရှင်မြတ်အား သတိရတသမှုမှ ဝေးကွာမှုစသည့်အရာများ ပေါများရာနေရာဖြစ်သောကြောင့်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဗလီဝတ်‌ကျောင်း‌ တော်များ၏ အဆင့်အတန်းနှင့်မြင့်မြတ်မှု။ အဘယ်ကြောင့်ဆိုသော် ထိုနေရာများသည် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို မကြာခဏဖွင့်ဟဖော်ကျူးရာ နေရာများဖြစ်သောကြောင့်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်၏ချစ်ခင်မှုနှင့် ကျေနပ်နှစ်သက်မှုကို ရှာဖွေသည့်အ‌နေဖြင့် ဗလီများနှင့် အဆက်အသွယ်ထားခြင်း၊ မကြာခဏသွားရောက် (၍ဝတ်ပြုကိုးကွယ်)ခြင်းတို့ကို ပြုလုပ်ရန် တိုက်တွန်းထားသည်။ ထို့အပြင် စျေးများသို့ သွားရောက်ခြင်းကို လိုအပ်ချက်မရှိပါက လျှော့ချရန် တိုက်တွန်းထားသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် စက်ဆုပ်ရွံရှာမှုဖြစ်စေသော အကြောင်းရင်းများမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။
  3. အိမာမ်နဝဝီက “ဗလီများသည် ရဟ်မသ်ကရုဏာတော်များ ကျရောက်ရာနေရာဖြစ်၍ ဈေးများမှာမူ ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည်” ဟု မိန့်ဆိုခဲ့သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

37 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية