1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် မကောင်း‌ေသာကိုယ်ကျင့်တရားများ၊ လုပ်ရပ်များနှင့် အလိုဆန္ဒများမှ အရှင်မြတ်ထံ ခိုလှုံပါ၏။

عَن قُطْبَةَ بنِ مَالِكٍ رَضيَ اللهُ عنه قَالَ: كَانَ النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ مُنْكَرَاتِ الأَخْلاَقِ وَالأَعْمَالِ وَالأَهْوَاءِ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ကုသ်ဗဟ် ဗင်န် မာလိက် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် (ဤဒုအာကို) အမြဲတစေ ရွတ်ဖတ်တော်မူလေ့ရှိသည်။
အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုးသည် မကောင်း‌ေသာကိုယ်ကျင့်တရားများ၊ လုပ်ရပ်များနှင့် အလိုဆန္ဒများမှ အရှင်မြတ်ထံ ခိုလှုံပါ၏။

صحيح رواه الترمذي سنن الترمذي - 3591

ရှင်းလင်းချက်

တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တောင်းဆိုခဲ့သည့် ဒုအာများထဲမှ တစ်ခုမှာ- (အိုအလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး ခိုလှုံပါ၏) တစ်နည်း ကာကွယ်စောင့်ရှောက်ခြင်းကို တောင်းခံပါ၏၊ (အသင့်ထံတော်၌) အသင့်အပြင် အခြားတစ်စုံတစ်ဦးထံမဟုတ်၊ (မကောင်းသော) တစ်နည်း အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်၏ရစူလ်တမန်တော်က တားမြစ်ထားသော၊ (အကျင့်စာရိတ္တများမှ) ဥပမာ - မုန်းတီးခြင်း၊ မနာလိုဝန်တိုခြင်း၊ မောက်မာခြင်း စသည့်အရာများမှ၊ (ထို့ပြင်) မကောင်းသော (လုပ်ရပ်များ) ဥပမာ - ဆဲရေးတိုင်းထွာခြင်း၊ ကဲ့ရဲ့ ရှုံချခြင်း စသည်မှ၊ (ထို့ပြင်) မကောင်းသော (အလိုဆန္ဒအားလုံမှ) ယင်းအား စိတ်မှလိုလားတောင့်တသော်လည်း ရှရီအသ်တရားတော်နှင့် ဆန့်ကျင်သောအရာများမှ။ (အရှင်မြတ်ထံ ခိုလှုံပါ၏)

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဤဒုအာ၏ အကျိုးကျေးဇူးတော်နှင့် ၎င်းအား ရွတ်ဖတ်ခြင်းသည် မွတ်စ်သဟဗ် ဖြစ်ခြင်း။
  2. မုအ်မင်န်ယုံကြည်သူသည် ယုတ်ညံ့သော အကျင့်စာရိတ္တများနှင့် မကောင်းသော လုပ်ရပ်များမှ ရှောင်ကြဉ်ရန် ကြိုးပမ်းအားထုတ်၏၊ ထို့ပြင် အလိုဆန္ဒများ၏ နောက်ကိုလိုက်ခြင်းနှင့် ရမ္မက်ဆန္ဒများအတွင်း ကျရောက်ခြင်းမှ သတိထားရှောင်ကြဉ်၏။
  3. အကျင့်စာရိတ္တ၊ လုပ်ရပ်နှင့် အလိုဆန္ဒများအား မအ်ရူးဖ် (ကောင်းသောအရာ)နှင့် မွန်ကရ် (မကောင်း သောအရာ) ဟူ၍ ခွဲခြားသတ်မှတ်ထားခြင်း။

ဘာသာပြန်များကို ကြည့်ရှုရန်

36 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية