1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ကျမ်းတော်မြတ်ကုရ်အာန်နှင့် ၎င်း၏ ပညာရပ်များ။

ဟဒီးဆ် - အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ပထမတစ်ခုမှာ ဆူရဟ်ဖာသိဟဟ် ဖြစ်၍ ဒုတိယတစ်ခုမှာ ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအပိုဒ်များ ဖြစ်သည်။ ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုပင် အသင်ဖတ်လျှင် ယင်း၏အကျိုးဆုလာဘ်ကို အမှန်ပင် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။

عَنِ ابْنِ عَبَّاسٍ رضي الله عنهما قَالَ:
«بَيْنَمَا جِبْرِيلُ قَاعِدٌ عِنْدَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ سَمِعَ نَقِيضًا مِنْ فَوْقِهِ، فَرَفَعَ رَأْسَهُ، فَقَالَ: هَذَا بَابٌ مِنَ السَّمَاءِ فُتِحَ الْيَوْمَ لَمْ يُفْتَحْ قَطُّ إِلَّا الْيَوْمَ، فَنَزَلَ مِنْهُ مَلَكٌ، فَقَالَ: هَذَا مَلَكٌ نَزَلَ إِلَى الْأَرْضِ لَمْ يَنْزِلْ قَطُّ إِلَّا الْيَوْمَ، فَسَلَّمَ، وَقَالَ: أَبْشِرْ بِنُورَيْنِ أُوتِيتَهُمَا لَمْ يُؤْتَهُمَا نَبِيٌّ قَبْلَكَ: فَاتِحَةُ الْكِتَابِ، وَخَوَاتِيمُ سُورَةِ الْبَقَرَةِ، لَنْ تَقْرَأَ بِحَرْفٍ مِنْهُمَا إِلَّا أُعْطِيتَهُ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အစ်ဗ်နု အဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိမိ၏အထက်မှ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ သူသည် (မိုးကောင်းကင်ဘက်သို့) ခေါင်းကိုမော့ကြည့်လျက် ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါး ဆင်းသက်လာခဲ့ရာ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)က ပြောဆိုခဲ့သည်မှာ - ဤသည် မိုးကောင်းကင်မှ ယနေ့ပင် မြေပထဝီပေါ်သို့ ဆင်းသက်လာသော ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး (ဒီ့အရင်) မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပါ။ ထိုကောင်းကင်တမန်သည် (တမန်တော်မြတ်အား) စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ် သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ပထမတစ်ခုမှာ ဆူရဟ်ဖာသိဟဟ် ဖြစ်၍ ဒုတိယတစ်ခုမှာ ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအပိုဒ်များ ဖြစ်သည်။ ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုပင် အသင်ဖတ်လျှင် ယင်း၏အကျိုးဆုလာဘ်ကို အမှန်ပင် ချီးမြှင့်ခြင်းခံရမည် ဖြစ်သည်။

صحيح رواه مسلم صحيح مسلم - 806

ရှင်းလင်းချက်

ကောင်းကင်တမန်ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ထံတော်ပါးတွင် ထိုင်နေစဉ် မိုးကောင်းကင်မှ တံခါးဖွင့်သံကဲ့သို့ အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအခါ ဂျိဗ်ရီလ် (အလိုင်ဟိစ္စလာမ်) သည် မိုးကောင်းကင်ဘက်သို့ ခေါင်းကိုမော့ကြည့်ခဲ့ပြီး‌နောက် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပြောဆိုခဲ့သည်မှာ- ဤသည် ယနေ့ပင် ဖွင့်လှစ်လိုက်သည့် မိုးကောင်းကင်၏ တံခါးတစ်ခုဖြစ်သည်။ ယခင်က မည်သည့်အခါမျှ ဖွင့်ခဲ့ဖူးခြင်းမရှိပါ။ ထို့နောက် ထိုတံခါးမှ ကောင်းကင်တမန်တစ်ပါးသည် မြေပထဝီပေါ်သို့ ဆင်းသက်လာခဲ့ပြီး ဒီ့အရင် မည်သည့်အခါကမျှ ဆင်းသက်ခဲ့ဖူးခြင်းမရှိပေ။ ထိုကောင်းကင်တမန်သည် တမန်တော်မြတ်အား စလာမ် ဆက်သ၍ ဤသို့ပြောကြားခဲ့သည် - အသင် ဝမ်းမြှောက်ဖွယ်သတင်းကောင်းကို ရယူလော့။ အသင်(တမန်တော်)သည် အလင်းရောင်နှစ်ခုကို ချီးမြှင့်ပေးအပ်ခြင်းခံရပြီဖြစ်သည်။ ထိုအလင်းရောင်နှစ်ခုကို သင့်အလျင်ရှိခဲ့သော မည်သည့် နဗီတမန်တော်တစ်ပါးကမျှ ချီးမြှင့်ပေးအပ်ခံခဲ့ရခြင်း မရှိခဲ့ပေ။ ထိုအလင်းရောင်နှစ်ခုမှာ- ဆူရဟ်ဖာသိဟဟ်နှင့် ဆူရဟ်ဗကရဟ်၏ နောက်ဆုံး အာယသ်တော်နှစ်ပိုဒ် ဖြစ်သည်။ ထို့‌နောက် ကောင်းကင်တမန်က ပြောကြားခဲ့သည်မှာ - မည်သူမဆို ထိုဆူရဟ်နှစ်ခုအနက်မှ အက္ခရာတစ်လုံးကိုမျှပင် ရွတ်ဖတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ယင်းဆူရဟ်နှစ်ခုတွင် ပါဝင်သော ကောင်းခြင်းများ၊ ဒုအာဆုတောင်းခြင်းများနှင့် လိုလားတောင့်တမှုများကို မုချ ချီးမြှင့်ပေးတော်မူမည် ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆူရဟ်ဖာသိဟဟ်နှင့် ဆူရဟ်ဗကရဟ်၏ နောက်ဆုံးအာယသ်တော်နှစ်ပိုဒ်၏ ထူးကဲမွန်မြတ်မှုနှင့် ၎င်းဆူရဟ်နှစ်ပုဒ်ကို ဖတ်ရွတ်၍ ထိုဆူရဟ်နှစ်ပုဒ်တွင် ပါရှိသည့်အတိုင်း လိုက်နာကျင့်သုံးရန် တိုက်တွန်းထားခြင်း။
  2. မိုးကောင်းကင်တွင် တံခါးများရှိပြီး၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များသည် ယင်းတံခါးများမှတစ်ဆင့် ဆင်းသက်လာကြသည်။ ထိုတံခါးများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့်သာ ဖွင့်လှစ်ခြင်း ခံရပေသည်။
  3. အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ယခင်က မည်သည့် နဗီတမန်တော်တစ်ပါးကိုမျှ ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းမရှိသော အထူးချီးမြှင့်မှုဖြင့် ဂုဏ်ပြုတော်မူခဲ့သည်။ သို့ဖြစ်ရာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ဤနူးရ်အလင်းရောင်နှစ်ခု (ဆူရဟ် ဖာသိဟဟ်နှင့် ဆူရဟ် ဗကရဟ်၏ နောက်ဆုံးအာယသ်‌ တော်နှစ်ပိုဒ်) ကို ချီးမြှင့်တော်မူခဲ့၏။
  4. အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ ဒအ်ဝသ်ပေးဖိတ်ခေါ်ခြင်း၏ နည်းလမ်းများအနက်တစ်ခုမှာ ကောင်းခြင်းမင်္ဂလာများဖြင့် သတင်းကောင်းပေးခြင်း ဖြစ်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

37 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ কন্নড়
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية