1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းကိုလည်း ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းသည် သင်တို့မတိုင်မီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်

عَنْ جَابِرِ بْنِ عَبْدِ اللهِ رضي الله عنهما أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«اتَّقُوا الظُّلْمَ، فَإِنَّ الظُّلْمَ ظُلُمَاتٌ يَوْمَ الْقِيَامَةِ، وَاتَّقُوا الشُّحَّ، فَإِنَّ الشُّحَّ أَهْلَكَ مَنْ كَانَ قَبْلَكُمْ، حَمَلَهُمْ عَلَى أَنْ سَفَكُوا دِمَاءَهُمْ وَاسْتَحَلُّوا مَحَارِمَهُمْ».

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဂျာဗိရ် ဗင်န် အဗ်ဒုလ္လာဟ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အသင်တို့သည် မတရားပြုခြင်းမှ ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် မတရားပြုခြင်းသည် ကိယာမသ်နေ့တွင် (မတရားပြုသူအပေါ်၌ )အမှောင်ထုများ ဖြစ်လိမ့်မည်။ ထို့ပြင် အသင်တို့သည် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းကိုလည်း ရှောင်ကြဉ်ကြပါ။ ဧကန်စင်စစ် လောဘကြီးကာ စေးနှဲတွန့်တိုခြင်းသည် သင်တို့မတိုင်မီ ရှိခဲ့ကြသူများအား ပျက်ဆီးစေခဲ့သည်။ ယင်းသည် ၎င်းတို့အချင်းချင်း သွေးချောင်းစီးအောင် သတ်ဖြတ်စေခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်ခဲ့ကြသည်။"

صحيح رواه مسلم صحيح مسلم - 2578

ရှင်းလင်းချက်

တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မတရားမှု ကျူးလွန်ခြင်းမှ သတိပေးတားမြစ်တော်မူခဲ့သည်။ ယင်းတွင် လူသားချင်းချင်း မတရားမှု ကျူးလွန်ခြင်း၊ မိမိကိုယ်မိမိ မတရားမှုပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အခွင့်အရေးနှင့်ပတ်သတ်ပြီး မတရားမှုပြုခြင်းတို့ ပါဝင်သည်။ မတရားကျူးလွန်ခြင်းဆိုသည်မှာ ရပိုင်ခွင့်ရှိသူအား ၎င်း၏အခွင့်အရေးကို မပေးခြင်းပင် ဖြစ်သည်။ မတရားကျူးလွန်ခြင်းသည် ကိယာမသ်နေ့တွင် မတရားကျူးလွန်သူများအပေါ်၌ အမှောင်ထုများ ဖြစ်လိမ့်မည်။ တစ်နည်းအားဖြင့် ယင်းကြောင့် ခက်ခဲသော အခြေအနေများနှင့် ကြောက်မက်ဖွယ်ရာများကို ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်သည်။ ထိုနည်းတူ တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် 'ရွှတ်ဟ်' မှလည်း တားမြစ်တော်မူခဲ့သည်။ 'ရွှတ်ဟ်' ဆိုသည်မှာ လောဘကြီးခြင်းနှင့်အတူ အလွန်အမင်း စေးနှဲတွန့်တိုခြင်းဖြစ်သည်။ ၎င်းတွင် ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များကို ပေးအပ်ရာတွင် လျစ်လျူရှုခြင်းနှင့် လောကီအပေါ် ပြင်းပြသော လောဘထားခြင်းတို့ ပါဝင်သည်။ ဤမတရားမှု အမျိုးအစားသည် ကျွန်ုပ်တို့မတိုင်မီ ရှိခဲ့သော လူမျိုးများကို ဖျက်ဆီးပစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ၎င်းတို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်စေခဲ့ပြီး၊ အလ္လာဟ်အရှင်မြတ် ဟရာမ်အဖြစ်သတ်မှတ်ထားသော အရာများကို ဟလာလ်အဖြစ် ပြုလုပ်သတ်မှတ်‌ စေခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ငွေကြေးသုံးစွဲခြင်းနှင့် ညီနောင်များအား စာနာထောက်ထားခြင်းသည် အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် အဆက်အသွယ်ထားရှိမှုကို ဖြစ်စေသည့်အကြောင်းခံတစ်ရပ် ဖြစ်သည်။
  2. စေးနှဲတွန့်တိုခြင်းနှင့် လောဘကြီးခြင်းသည် အပြစ်အကုသိုလ်များ၊ စက်ဆုပ်ရွံရှာဖွယ် ကိစ္စရပ်များနှင့် မကောင်းမှုဒုစရိုက်များဆီသို့ ပို့ဆောင်သည်။
  3. လွန်လေပြီးသော အွမ္မသ်များ၏ အခြေအနေများမှ သင်ခန်းစာယူရမည်။

ဘာသာပြန်များကို ကြည့်ရှုရန်

57 ဘာသာစကား
EN English အင်္ဂလိပ်
UR اردو အုရ်ဒူ
ES Español စပိန်
ID Indonesia အင်ဒိုနီးရှား
UG ئۇيغۇرچە ဝီဂါ
BN বাংলা ဘင်္ဂလီ
TR Türkçe တူရကီ
RU Русский ရုရှား
BS Bosanski ဘော့စနီးယား
SI සිංහල ဆင်ဟာလီ
HI हिन्दी ဟင်ဒီ
ZH 中文 တရုတ်
FA فارسی ဖါရစီ(ပါရှန်း)
VI Tiếng Việt ဗီယက်နမ်
TL Tagalog တဂ္ဂလော့
KU Kurdî ကာ့ဒ်
HA Hausa ဟောက်ဆာ
PT Português ပေါ်တူဂီ
ML മലയാളം မလေးရာလမ်
TE తెలుగు တေလဂူ
SW Kiswahili ဆွာဟီလီ
TH ไทย ထိုင်း
DE Deutsch ဂျာမန်
PS پښتو ပါရှ်တို
AS অসমীয়া အာသံ
SQ Shqip အယ်လ်ဘေးနီးယန်
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча কিরগিজ
NE नेपाली النيبالية
YO Yorùbá ইউরুবা
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda কিনিয়ারওয়ান্ডা
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy মালাগাসি
IT Italiano အီတလီ
OM Oromoo অরমো
KN ಕನ್ನಡ কন্নড়
WO Wolof الولوف
AZ Azərbaycan আজারী
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية